Part 8

1.8K 196 32
                                    

(Zawgyi)

Changmin ဖုန်းလေးကိုမမှိတ်မသုန် စိုက်ကြည့်နေရင်း စဉ်းစားနေတယ်... Hyung သူ့ဆီမလာတာ နှစ်ရက်ရှိပြီ... အရင်လို ဖုန်းလဲမဆက်ဘူးလေ... ကိုယ့်ဘက်ကဆက်ဖို့ကျတော့လဲ သူအလုပ်အားမှန်းမအားမှန်းမှ မသိတာကို...

သူအခုနေနေတာ Hyung ရဲ့အရင်ကနေခဲ့တယ်ဆိုတဲ့ အိမ်မှာပါ... လူမနေတာကြာပြီဆိုတဲ့အိမ်ကို သူသေချာရှင်းလင်းထားခဲ့တယ်... Hyung သာတွေ့ရင် သဘောကျမှာအမှန်ပဲလေ... တချိန်မှာ Hyung နဲ့လက်ထပ်ပြီးရင် ဒီအိမ်ကြီးမှာပဲ အတူတူနေရမှာကို... စဉ်းစားရင်းနဲ့တောင် Changmin စိတ်ထဲ ကြည်နူးနေမိတယ်...

"တီ တီ"

ခြံရှေ့ကကားဟွန်းတီးသံကြောင့် Changmin ရင်ထဲထိတ်ခနဲဖြစ်သွားတယ်.. Hyung ပြန်လာတာများလား...?? Arni Hyung သာဆိုရင် ကားကိုဟွန်းတီးနေမှာမဟုတ်ဘူး... သူ့ဘာသာခြံတံခါးကို ဖွင့်ဝင်လာမှာလေ...

Changmin အထိတ်ထိတ်အလန့်လန့်နဲ့ပင် ခြံထဲဆင်းကြည့်တော့ ကားအကောင်းစားတစီးက ခြံရှေ့မှာရပ်ထားတာ တွေ့လိုက်ရတယ်... Changmin ထွက်လာတာမြင်တော့ ကားမှန်ကိုချလိုက်တာကြောင့် ကားမောင်းလာသူမှာ အသက်ခပ်လတ်လတ် လူတယောက်ဖြစ်ကြောင်း သတိထားလိုက်မိပြန်တယ်...

"အိမ်ထဲမခေါ်တော့ဘူးလား Changmin?"

ကိုယ့်နာမည်ကိုသိနေတာဆိုတော့ Changmin အံ့ဩသွားရတယ်... ပြီးတော့မှ အမြန်လေးပဲခြံတံခါးကို ဖွင့်ပေးလိုက်တယ်..သူဌေးတယောက်ကတော့ Changmin လိုလူကို ရန်မပြုလောက်ပါဘူးလေ...

"ဦးလေးက Yuchun ရဲ့မွေးစားအဖေပါ"

ထိုအခါမှ Changmin အံ့ဩသွားသလို သူချက်ချင်းတံခါးမဖွင့်ပေးမိတဲ့အတွက်လဲ အားနာသွားရပြန်တယ်... Hyung ရဲ့ မွေးစားအဖေက စိတ်သဘောထားပြည့်ဝသူ တယောက်ဆိုတာ ကြည့်တာနဲ့သိသာပါတယ်...

"မင်းကချစ်စရာလေးပဲ အဲဒါကြောင့် Yuchun က တမ်းတမ်းစွဲဖြစ်နေတာကိုး"

"Gom...Gomawo"

ဘာလို့မှန်းမသိ Changmin စိတ်ထဲ ကြောက်နေမိတယ်... Hyung ရဲ့မွေးစားအဖေက သဘောကောင်းတဲ့ပုံစံ ဆိုပေမယ့်သူ့စိတ်ထဲ အလိုလိုကြောက်နေမိပြန်တယ်...

REVENGE [Completed]Where stories live. Discover now