Part 21

1.4K 147 26
                                    

(Zawgyi)

ဖိုင်တွေကိုသေချာစစ်ဆေးပြီး လက်မှတ်ထိုးနေတဲ့ CEO Park Yuchun ကို အတွင်းရေးမှူးဖြစ်သူက ငေးကြည့်နေမိတယ်...

ချစ်သူသေဆုံးသွားပြီးကတည်းက အလုပ်မှာပဲစိတ်နှစ်ကာ လွမ်းဆွေးမှုတွေကိုဖြေဖျောက်နေခဲ့တာ... နောက်ထပ်ချစ်သူလဲ မထားတော့ဘူးလေ... တော်သေးတာက သူ့ညီဝမ်းကွဲလေးက သူနဲ့အတူတူလာနေပေးပြီး ဂရုစိုက်ပေးနေလို့သာ... နို့မို့ဆိုရင် ဘယ်လောက်တောင်မှ အထီးကျန်လိုက်လေမလဲ...

"ပြီးသွားပြီလား..?? တခြားစစ်စရာရှိသေးလား..??"

Yuchun လှမ်းမေးတော့မှ အတွင်းရေးမှူးသတိဝင်သွားခဲ့တယ်... အရည်အချင်းပြည့်ဝပြီး အရမ်းတော်တဲ့ CEO တယောက်အနေနဲ့ ချစ်သူရည်းစားမရှိတာကို ကြားထဲကနေ နှမျောနေမိတာ...

"မရှိတော့ပါဘူး... CEO ရဲ့ညီက နေ့လည်စာစားဖို့ စောင့်နေတယ်"

"Aww အင်း.. သူ့ကိုဒီကိုလွှတ်လိုက်ပါ"

"Nae...!!!"

အတွင်းရေးမှူးလဲ Yuchun ကို နှုတ်ဆက်ပြီး ရုံးခန်းထဲကနေထွက်လာလိုက်တယ်... အပြင်ဘက် မျက်နှာချင်းဆိုင်ရုံးခန်းမှာတော့ Yuchun ရဲ့ညီလေး Changmin ရှိနေတယ်...

Changmin သည်လဲ အတော်လေးကို ချောမောလွန်းပြီး စိတ်သဘောထားလဲ နူးညံ့လှတယ်... အစ်ကိုဖြစ်သူကိုတအားခင်တွယ်ကာ အမြဲတမ်းဘေးမှာ တဖဝါးမခွာ ဂရုစိုက်ပေးတတ်တာကြောင့် သူတို့ညီအစ်ကိုကို လူတိုင်းကအားကျရလေတယ်...

"Mr. Shim... CEO က ထမင်းစားဖို့လာခဲ့ပါတဲ့"

အတွင်းရေးမှူးလှမ်းသတိပေးလိုက်တော့ Changmin လဲ လုပ်လက်စအလုပ်တွေကို ရပ်လိုက်တော့တယ်... ပညာရေးတပိုင်းတစပေမယ့် သင်လွယ်တတ်လွယ်တဲ့ Changmin က မန်နေဂျာရာထူးကို ရထားသူတယောက်ပါ...

အလုပ်လဲကြိုးစားတာကြောင့် ဘယ်ဝန်ထမ်းကမှ Changmin ကိုဆို အထင်မသေးရဲပါ... သူ့အစ်ကိုဖြစ်တဲ့ CEO ကြီးကြောင့်လဲ ပါတာပေါ့လေ...

ထမင်းဘူးလေးကိုကိုင်ကာ CEO ရုံးခန်းထဲဝင်သွားတဲ့ Changmin ကိုကြည့်ပြီး အတွင်းရေးမှူးလဲ ပြုံးလိုက်မိတယ်... အလုပ်တဖက်နဲ့တောင်မှ ညီအစ်ကို၂ယောက် အတူတူစားဖို့ နေ့လည်စာကို Changmin တယောက် နေ့တိုင်းချက်ပြီးယူလာတာပဲ...

REVENGE [Completed]Where stories live. Discover now