Part 12

1.6K 156 24
                                    

(Zawgyi)

"ဘာရယ် ကုမ္မဏီမှာအလုပ်ဝင်လုပ်မယ် ဟုတ်လား...??"

Yuchun မယုံကြည်နိုင်စွာဖြင့်သူ့ရင်ခွင်ထဲက Jaejoong ကို သေချာငုံ့ကြည့်ကာမေးလိုက်တယ်... Jaejoong ကတော့ အပြစ်ကင်းစင်စွာနဲ့ သူ့ကိုမော့ကြည့်ရင်း ခေါင်းညိတ်ပြနေတယ်... Yuchun စိတ်တွေမောသွားရတယ်... သူအလုပ်လာလုပ်လို့မဖြစ်လောက်ပါဘူး...

"Joongie ပင်ပန်းပါတယ် အိမ်မှာပဲနေပါလား ကိုယ်ကအိမ်ထောင်ဦးစီး ပီပီသသနဲ့ ရှာကျွေးမှာမို့လို့ Joongie ကို အိမ်မှာပဲနားနားနေနေ နေစေချင်တာ"

ထိုအခါ Jaejoong မျက်နှာလေးပြုံးသွားပြီး Yuchun ရဲ့မေးဖျားကိုလှမ်းနမ်းလိုက်တယ်.. ပြီးတော့မှ Yuchun ကိုတွေတွေလေး စိုက်ကြည့်ရင်း...

"ကိုကို့ရဲ့စေတနာကို Joongie နားလည်ပါတယ်.. ဒါပေမယ့် Joongie က ကိုကိုတယောက်တည်း ပင်ပန်းတာကို မကြည့်ရက်ဘူးလေ.. အဲဒါကြောင့်ပါ.. ပြီးတော့ကိုကိုနဲ့လဲအလုပ်အတူတူ လုပ်ချင်လို့ပါ... Joongie အိမ်မှာတယောက်တည်း မနေချင်ဘူး"

Jaejoong ရဲ့ရှည်လျားတဲ့ ရှင်းပြချက်ကြီးအဆုံးမှာ Yuchun ဘာပြန်ပြောရမှန်းမသိတော့... သူပြောတာလဲမှန်နေတာပဲလေ... ပြီးတော့ကုမ္မဏီကအခုထိ သူ့လက်ထဲမှာရှိနေဆဲ... သူအလုပ်လုပ်မယ်ဆို သူ့အဖေရဲ့နေရာမှာ လုပ်ရမှာပဲလေ...

"ကိုကိုမျက်နှာကြီးက ဘယ်လိုဖြစ်နေတာလဲ Joongie နဲ့အတူတူအလုပ်လုပ်ရမှာကို မပျော်ဘူးလား...??"

နှုတ်ခမ်းလေးဆူကာပြောနေတဲ့ Jaejoong ကို Yuchun တချက်ပြုံးကြည့်ရင်း ထိုဆူထော်ထားတဲ့နှုတ်ခမ်းလေးကို ငုံ့နမ်းလိုက်တော့ ချက်ချင်းပင်သူပြုံးသွားတာကို ခံစားလိုက်ရတယ်...

"ပျော်ပါတယ် ကိုယ့်ချစ်သူရဲ့မျက်နှာကိုကြည့်ပြီး အလုပ်လုပ်ရမှာကို မပျော်ပဲရှိပါ့မလား"

Yuchun စကားကြောင့် Jaejoong ကျေနပ်သွားပြီး Yuchun ရင်ခွင်ထဲပိုမိုတိုးဝင်လာတယ်...

"ချစ်လိုက်တာနော် ကိုကိုဆိုတဲ့လူကြီးကို"

"ကိုယ်လဲ Joongie ကို အရမ်းချစ်တယ်"

Yuchun လဲ Jaejoong ရဲ့အဝတ်မဲ့နေတဲ့ ကိုယ်လေးကိုခပ်တင်းတင်းလေး ပြန်ပွေ့ဖက်ထားရင်း အိပ်ပျော်ဖို့ကြိုးစားလိုက်တယ်... Jaejoong နဲ့ အတူတူအမြဲရှိနေတော့မှာ ဖြစ်တဲ့အတွက် Changmin အတွက် အချိန်ပေးနိုင်ပါတော့မလား စိုးရိမ်နေမိသော်လဲ....

REVENGE [Completed]Where stories live. Discover now