Part 20

1.4K 154 25
                                    

(Zawgyi)

Yunho အခုထိ Jaejoong မရှိတော့ဘူးဆိုတာကို မယုံကြည်နိုင်သေးပေ..  ခုလောလောဆယ် ဘယ်သတင်းအစီအစဉ်မှာမဆို Kim Group ရဲ့ CEO Kim Jaejoong ကိုယ့်ကိုကိုယ်သတ်သေတယ်ဆိုတဲ့ သတင်းက မပါမဖြစ်ဖြစ်နေပြီလေ...

မီးလောင်ပေါက်ကွဲသွားတဲ့ကားကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ချောက်ထဲကနေအခုထိ ခက်ခက်ခဲခဲနဲ့ ဆွဲထုတ်ဖို့ကြိုးစားနေကြဆဲပင်... ပြင်းထန်တဲ့ ပေါက်ကွဲမှုက အနီးအနားကရွာတွေကိုပါ တုန်လှုပ်ခြောက်ခြားစေလေတယ်... 

ထိုသတင်းတွေ TV မှာပေါ်လာတိုင်း Yunho ဆက်မကြည့်ပဲ ပိတ်ပစ်နေကျပါ.. ခုရက်ပိုင်း Jaejoong မျက်နှာမကောင်းပေမယ့်လဲ သူ့ဘဝသူတော့ အဆုံးစီရင်သွားလိမ့်မယ်လို့ မထင်မိတာအမှန်ပါ... တခုခုဆိုရင် Yunho ကိုတော့ သူတိုင်ပင်နေကျပဲကို...

Yuchun သူ့ကိုမချစ်လို့ပစ်ခွာသွားရင်တောင် သူ့ကိုသိပ်ချစ်တဲ့ကိုယ့်က သူ့ကိုဖေးမစောင့်ရှောက်ပေးမှာပဲကို... အခုတော့ တခါမှမတွေးမိတဲ့ လုပ်ရပ်တခုကို လုပ်ရက်လိုက်လေခြင်း...

တချိန်လုံးလူနဲ့စိတ်မကပ်တဲ့ Yunho တစုံတရာကိုတွေးမိတော့ ခြေပစ်လက်ပစ်ထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်တယ်...

Yuchun... ဟုတ်တယ်...
Jaejoong သေဆုံးမှုက သူနဲ့အများကြီးသက်ဆိုင်မယ်... သူ့ကြောင့်သာ Jaejoong စိတ်ထိခိုက်ကြေကွဲပြီး ဒီလိုလုပ်ရပ်မျိုးကို လုပ်မိတာဖြစ်ရမယ်...

Yunho ချက်ချင်းပင် အဝတ်အစားတောင်မလဲနိုင်ပဲ Yuchun ကိုတွေ့ဖို့ ကုမ္မဏီကို ထွက်လာခဲ့လိုက်တယ်...  သူ Yuchun နဲ့ သေချာပေါက် ပြောမှဖြစ်မယ်... Yuchun အနေနဲ့ Jaejoong ကိစ္စကို သိကိုသိရမယ်လေ..

"အင်း Minnie ကိုယ်အရမ်းပင်ပန်းတယ်.. ဂျာနယ်လစ်တွေကလဲ တယောက်ပြီးတယောက်လာနေလို့ ခဏနေရင် သတင်းစာရှင်းလင်းပွဲ လုပ်ရတော့မှာ"

Yuchun ဆိုဖာပေါ်မှာခပ်လျောလျောမှီထိုင်ကာ လက်တဖက်နဲ့နားထင်ကိုဖိထားရင်း စိတ်ဖိစီးမှုတွေကို ဖြေလျော့နေလိုက်တယ်... Changmin နဲ့ ဖုန်းပြောနေရလို့သာ စိတ်အနည်းငယ် သက်သာသလိုဖြစ်နေတာ...

ဒီရက်ပိုင်း သူဘယ်လိုမှအိပ်လို့မပျော်ခဲ့... ညဘက်တွေမှာလဲ လန့်လန့်နိုးတတ်လို့ Changmin ကတောင် သူ့ကိုစိတ်ပူပြီးမေးတော့တယ်... နောက်ဆုံးတော့ Yuchun လဲ သူလုပ်ခဲ့တာတွေကို Changmin ကို အကုန်ဖွင့်ပြောလိုက်တော့တယ်..

REVENGE [Completed]Where stories live. Discover now