Part 32

1.7K 171 60
                                    

(Zawgyi)

"မင်းသူ့ကိုယုံကြည်ရလို့လား..?? သွားတွေ့လို့မဖြစ်ဘူးနော်"

Yunho စိတ်ပူစွာနဲ့ သတိပေးနေပေမယ့် Jaejoong ကတော့ နှုတ်ဆိတ်ကာစဉ်းစားနေလေတယ်... သူမသေတာကိုသိရင် Yuchun အရမ်းကို တုန်လှုပ်ခြောက်ခြားနေမယ်ဆိုတာ Jaejoong ခန့်မှန်းမိတယ်... အခုတွေ့ဖို့ချိန်းတာက အန္တရာယ်ပေးဖို့ထက် ကျေအေးဖို့တောင်းဆိုတာရော ဖြစ်နိုင်မလား...

အချိန်နဲ့နေရာကိုတောင် ကိုယ့်စိတ်ကြိုက်ရွေးခိုင်းတဲ့အတွက် သူ့ဆီမှာကြိုတင်အကွက်ချစီစဉ်ဖို့ အချိန်မရှိလောက်တော့ပေ... ပြီးတော့ Yunho ကလဲ ဒီတိုင်းနေမှာမဟုတ်တဲ့အတွက် Yuchun မှာ Jaejoong ကို ဒုက္ခရောက်အောင်ထပ်လုပ်ဖို့ အခြေအနေမရှိ...

"ငါသွားတွေ့လိုက်မယ်... သူငါ့ကိုဘာမှမလုပ်နိုင်လောက်ပါဘူး.... မင်းလဲပါနေတာပဲဟာ"

Jaejoong ဘကက် စိတ်အားထက်သန်နေတာကြောင့် Yunho လဲ ဆက်တားမနေတော့.... ကိုယ်တိုင်ကလဲ Jaejoong နဲ့အတူတူ လိုက်ပါသွားမယ်ဆိုတော့ တခုခုဖြစ်ရင်တောင် ကာကွယ်ပေးလို့ရတာပေါ့..

"Park Yuchun သူ့ကိုယ်ပေါ်မှာ ဗုံးတွေတပ်ထားပြီး အတူတူအသေခံဖို့တော့ မကြံစည်လောက်ပါဘူးနော်"

"Hahaha တွေးလဲတွေးတတ်တယ် Yun ရယ်"

ကြံကြံဖန်ဖန်စိတ်ပူနေတဲ့ချစ်သူကို Jaejoong သဘောကျစွာ ရယ်မောလိုက်ရင်း Yunho ရဲ့ပါးတဖက်ကိုတောင် လှမ်းနမ်းလိုက်သေးတယ်... Yunho ကတော့ စိုးရိမ်စိတ်မကုန်သေးတာကြောင့် မျက်နှာက သုန်မှုန်နေလေတယ်...

"ဟန်မြစ်ဆိပ်ကမ်းနားမှာချိန်းလိုက်မယ်.. ဗုံးပေါက်တော့လဲ ရေထဲခုန်ချကြတာပေါ့.. ဟုတ်ပြီလား.."

Jaejoong ကသာ ရွှတ်နောက်နောက်ပြောနေတာ Yunho ကတော့ အခုထက်ထိ Yuchun ကို အယုံအကြည်မရှိသေးပေ... အပြစ်လုပ်ပြီးတဲ့သူတယောက်က နောက်ထပ်တခုကိုလဲ ထပ်ကျူးလွန်ဖို့ ဝန်မလေးလောက်ဘူးလေ... ကိုယ့်ဘက်ကနေ သတိထားတာက အကောင်းဆုံးဖြစ်မှာပါ...

အမှန်တကယ်တော့ Jaejoong လဲ ထိတ်လန့်မိပါတယ်... Yunho စိတ်ပူနေမှာစိုးလို့သာ ခပ်ပေါ့ပေါ့ပုံစံနဲ့ နေနေတာပါ... တဖက်ကတွေးတော့လဲ Yunho ဘေးမှာပါမယ်ဆို ကြောက်ဖို့တော့သိပ်မလိုတော့ဘူးလေ... Yuchun ကိုယ့်ကို ဒုက္ခပေးဖူးတာသိနေတော့ သတိလဲထားနေမှာပါ...

REVENGE [Completed]Where stories live. Discover now