Part 28

1.4K 137 43
                                    

(Zawgyi)

"သူတို့ဂျပန်ကိုသွားမှာ သေချာလို့လား..??"

ဘေးခုံမှာဝင်ထိုင်ရင်း ခပ်တိုးတိုးလှမ်းမေးတဲ့ Junsu ကို Yunho ခေါင်းညိတ်ပြလိုက်တယ်... ဒါပါနဲ့ဆို သူမေးတာ၃ခါရှိနေပြီ...

"သူတို့ကအရင်တောင် ရောက်နေလောက်ပြီ... ငါကြားထားသလောက်ကတော့ သူတို့စောသွားပြီး ဟိုမှာလည်ပတ်ဦးမယ်တဲ့လေ"

Junsu ထိုအခါမှ ခေါင်းတညိတ်ညိတ်လုပ်ကာ လေယာဉ်ထိုင်ခုံခါးပတ်ကို သေချာပတ်လိုက်တယ်... Yunho လဲ စိတ်ရှည်သွားတဲ့သူ့ကိုယ်သူ အံ့ဩနေမိတယ်... အရင်ကဆို Junsu အဲလိုလာလာမေးရင် အော်ထုတ်မိမယ်ထင်တယ်...

ဟိုတနေ့က သူ Jaejoong ရဲ့ပန်းချီကားတွေကို တွေ့သွားပြီးနောက် Yunho ကိုဖက်ကာ သည်းထန်စွာငိုကြွေးခဲ့တယ်လေ... အဲ့နောက်ပိုင်းကစလို့ Yunho လဲ Junsu အပေါ် သနားသွားပြီး အရင်ကထက် ချိုချိုသာသာဆက်ဆံခဲ့တယ်... တဖက်သတ်အချစ်ဆိုတာ ဘယ်လောက်ဆိုးမှန်း Yunho ကိုယ်တိုင်ခံစားဖူးလို့ Junsu ကိုလဲ ကိုယ်ချင်းစာမိတာကြောင့်ပါ...

"မင်း Appa က ငါတို့လိုက်ရှုပ်တာကိုကြည်ပါ့မလား..??"

ခပ်လှမ်းလှမ်းခုံမှာ သူ့မိတ်ဆွေနဲ့စကားပြောနေတဲ့ Yunho ရဲ့ Appa ကို Junsu မေ့ငေါ့ပြရင်း ခပ်တိုးတိုးပြောတယ်... Yunho ရယ်ချင်မိသွားတယ်... လိုက်ချင်တာလဲသူ့အပြင်မရှိ ကြောက်တတ်တာလဲသူပဲ... ပြောရရင် Appa က သူ့ဘက်ကလူကို ဖြစ်နေတာလေ... ကိုယ့်ကိုတောင်သူနဲ့ အရမ်းကိုသဘောတူနေတာကို...

"မကြည်ရင်မင်းက နေခဲ့မလို့လား..??"

Yunho စလိုက်တော့ နှုတ်ခမ်းဆူကာ မျက်စောင်းထိုးပြတယ်... တဖြည်းဖြည်းနဲ့ ဒီကောင်လေးကို Yunho အသည်းယားလာမိတယ်... တနေ့တခြားလဲ ပိုနီးစပ်လာတယ်လို့ထင်မိတယ်... လေယာဉ်ပေါ်မှာလဲ ငတိလေးက Yunho ပခုံးပေါ်မှီကာ အိပ်ပျော်သွားသေးတယ်... Appa ကတောင် လှည့်ကြည့်ပြီး ပြုံးစိစိဖြစ်သွားသေးတယ်....

"Waa ပျော်စရာကြီး... Yunho ငါတို့အလုပ်အားရင် တရက်လောက်လျှောက်လည်ရအောင်"

လေဆိပ်ထဲမှာကတည်းက မြူးကြွသွက်လက်နေပြီး Yunho လက်မောင်းကိုဆွဲကိုင်ကာ တတွတ်တွတ်ပြောနေတဲ့ Junsu ကို Yunho Appa ကတော့ သဘောကျပြီးရယ်နေတယ်... Yunho လဲ ရှက်နေမိပေမယ့် တဖက်မှာလဲ ပျော်သလိုခံစားနေရတယ်...

REVENGE [Completed]Where stories live. Discover now