Part 26

1.5K 158 25
                                    

(Zawgyi)

Yunho သူ့လက်ထဲက CV form ကိုတလှည့် သူ့ရှေ့မှာထိုင်နေတဲ့ Junsu ကိုတလှည့် ကြည့်နေမိတယ်... ချစ်စရာကလေးမျက်နှာလေးနဲ့ Junsu က သူနဲ့တကျောင်းတည်းဆိုတာ သိခဲ့ပေမယ့် အတန်းကြီးတဲ့သူမှန်း မသိခဲ့ပါ...

"မင်းကငါ့ထက် ၃နှစ်တောင်ကြီးတယ်...??"

Junsu က ခေါင်းကိုဆတ်ကာဆတ်ကာ ညိတ်ပြလေတယ်... Yunho ထင်တာက အတန်းငယ်ထဲကမဟုတ်တောင် ရွယ်တူဖြစ်လိမ့်မယ်လို့လေ.... အခုတော့ ကိုယ့်ထက်၃နှစ်တောင်ကြီးတာ ဘယ်လိုမှယုံနိုင်စရာမရှိ...

တဖက်က Jaejoong မှာလဲ Yunho နဲ့ရွယ်တူဖြစ်ပေမယ့် ယခုလက်ရှိမှာတော့ Junsu နေရာမှာ နေနေရတာကြောင့် ယုတ္တိရှိအောင် Junsu ရဲ့ ဘွဲ့လက်မှတ်တွေကို ယူလာရတာကြောင့် Yunho ထက် အသက်ကြီးသွားတာကြောင့် စိတ်ထဲရယ်ချင်နေမိတယ်...

"ငါ... ငါမင်းကို Hyung လို့မခေါ်နိုင်ဘူးနော်"

Yunho မကျေမနပ်နဲ့ပြောလိုက်တယ်... အမြဲလိုလို ပေါက်စကောင် အသေးကောင်လို့ စိတ်ထဲမှာသုံးနှုန်းနေမိတဲ့ ဒီကောင်လေးကို အကြီးတယောက်လို ဆက်ဆံရမှာ စိတ်ထဲတမျိုးဖြစ်နေတယ်လေ...

"မင်းကိုရော ဘယ်သူကခေါ်ခိုင်းလို့လဲ...?? ငါအသက်မကြီးချင်ပါဘူး အဟီး..."

ဖြစ်သင့်ပါတယ်လေ... ကိုယ်ကလဲအကြီးလို မဆက်ဆံချင်တာနဲ့ သူကလဲအကြီး မဖြစ်ချင်တာနဲ့ဆိုတော့ ကွက်တိပါပဲ... Yunho လဲ သက်ပြင်းချလိုက်ပြီး Junsu ရဲ့ CV form လေးကို သေချာပြန်ပိတ်လိုက်တယ်...

"ငါမနက်ဖြန် Appa ဆီ ပို့လိုက်မယ်... Appa က သေချာပေါက် မင်းကိုအလုပ်ခန့်မှာပါ.."

Yunho သေချာပေါက်ပြောနိုင်တဲ့ အကြောင်းရင်းက Appa နဲ့ Junsu က ဆေးရုံမှာကတည်းက ရင်းနှီးနေတာကြောင့်ရော Junsu ရဲ့ဘွဲ့လက်မှတ်မှာပါတဲ့ ရမှတ်တွေက မြင့်နေတာကြောင့်ရော ဖြစ်လေတယ်....

"မင်းလဲငါနဲ့အတူတူ အလုပ်လုပ်မှာမလားဟင်..??"

Yunho ခေါင်းညိတ်ပြလိုက်တယ်... ဟိုတနေ့ကတည်းက သူနဲ့ကိုယ်သဘောတူညီမှု ယူထားပြီးပြီလေ... Junsu ဘာလို့ Park Yuchun ကို မုန်းနေလဲဆိုတာ မသိပေမယ့်လဲ ကိုယ်လဲမုန်းနေတာခြင်း အတူတူပေမို့ ပူးပေါင်းဖို့သဘောတူလိုက်ရတာ...

REVENGE [Completed]Where stories live. Discover now