Part 3

2.9K 247 78
                                    

(Zawgyi)

ဒီနေ့ Changmin အိပ်ယာထတာနောက်ကျပေမယ့် အရင်လိုဆူပူမယ့်သူမရှိ... ညက Hyung နဲ့ဖုန်းပြောရင်း ဘယ်လိုဘယ်လိုအိပ်ပျော်သွားတယ်မသိ... Hyung ကိုတောင် အားနာမိတယ်... ဒီနေ့လဲ Hyung လာဦးမယ်ဆိုတော့ Changmin ကိုယ့်ကိုကိုယ် သပ်သပ်ယပ်ယပ်ဖြစ်အောင် အရင်လုပ်လိုက်တယ်...

ခြေထောက်ကမကောင်းတော့ လုပ်ရကိုင်ရတာသိပ်အဆင်မပြေ... ဒါပေမယ့်လဲ အိမ်ကလူတွေငြူစူတာလဲမခံရ သူတို့အလုပ်လဲအရင်လို ဝိုင်းမလုပ်ပေးရတော့ အဆင်ပြေပါတယ်... အ၀တ်အစားလဲပြီး အိမ်ပြင်ထွက်လာတော့ ထူးထူးခြားခြားသူ့အဒေါ်က ဟင်းတွေဘာတွေချက်လို့ပါလား... Changmin တောင် အတော်လေးအံ့ဩသွားတယ်....

"ဒေါ်လေးဒီနေ့အပြင်မသွားဘူးလား..??"

Changmin မဝံ့မရဲလေးနဲ့မေးလိုက်တော့ သူ့အဒေါ်ရဲ့မျက်စောင်းထိုးတာ ခံလိုက်ရတယ်... ဒါပေမယ့်ဒေါသပါတဲ့ မျက်စောင်းတော့မဟုတ်ဘူးဆိုတာ Changmin သိနေတယ်လေ...

"ဒီနေ့အိမ်ကိုဧည့်သည်လာမယ်လေ ငါဧည်ခံရမှာပေါ့ ဒါနဲ့သူဘယ်အချိန်လောက် ရောက်မယ်ပြောလဲ..??"

"ညနေအလုပ်ပြီးချိန်မှလာမှာ ၅နာရီလောက်ဖြစ်ဖို့များတယ် လာခါနီးရင်ဖုန်းကြိုဆက်မယ်တဲ့"

Changmin ရဲ့အဖြေကြောင့် သူ့အဒေါ်က ခေါင်းတဆတ်ဆတ်ညိတ်ကာ ပြုံးနေလေတယ်... သူ့အပြုံးမှာအဓိပ္ပါယ်အများကြီး သက်ရောက်နေသလိုပါပဲ...

"နင်သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံနော် သူကသူဌေးဟဲ့ အဲလိုလူမျိုးကိုလွယ်လွယ်နဲ့ မလွတ်စေနဲ့ ကြားလား...??"

သူ့အဒေါ်ကိုခုလိုပြောင်းလဲစေတာ Hyung ရဲ့ငွေတွေကြောင့်ဆိုတာ Changmin ကောင်းကောင်းသိသွားခဲ့ပြီ... ခုလဲပဲအပေါစားဆန်ဆန်နဲ့ Hyung ကို မြူဆွယ်ဖို့ခိုင်းနေတာလား...??

"နင့်အ၀တ်အစားတွေကလဲမလန်းလိုက်တာ ဒီ့ထက်ကောင်းတာမရှိတော့ဘူးလား"

Cahngmin သူ့အဒေါ်စကားကြောင့် သူ့ဝတ်ထားတာကိုသူ ပြန်ငုံ့ကြည့်လိုက်တယ်... အမှန်ဆို Hyung လာမှာမို့ သူ့မှာရှိတဲ့ထဲကနေ အကောင်းဆုံးကိုရွေးဝတ်ထားတာပါ...

"ကျွန်​​တော့်​မှာရှိတာ ဒါအ​ကောင်းဆုံးပဲ​လေ ​ဒေါ်​လေးရယ်​ "

REVENGE [Completed]Where stories live. Discover now