Part 11

1.7K 161 25
                                    

(Zawgyi)

"ဒီဒဏ်ရာတွေက ဘယ်လိုဖြစ်ရတာလဲ...?? မင်းကိုဘယ်သူအနိုင်ကျင့်တာလဲ...??"

Yuchun မချိတင်ကဲနဲ့ သူ့ရှေ့မှာငိုနေတဲ့ Changmin ကို မေးနေမိတယ်... Changmin ရဲ့တောင်းဆိုမှုကြောင့် လာတွေ့တော့မှ Changmin ရဲ့မျက်နှာနဲ့ ကိုယ်ပေါ်ကဒဏ်ရာတွေကို တွေ့သွားပြီး အတော်လေးစိုးရိမ်သွားရတယ်....

"ဒေါ်လေးပေါ့.. Minnie က သူ့အိမ်ကနေ ထွက်လာတော့ သူ့ကိုရှာကျွေးမယ့်သူ မရှိတော့ဘူးလေ အဲဒါကြောင့်...."

"မင်းကဘာလို့သူ့ဆီပြန်သွားရတာလဲ...?? ဒီမှာပဲအေးဆေးနေပါလား"

Yuchun ဂရုဏာဒေါသနဲ့ Changmin ကို ပခုံးနှစ်ဖက်ကနေ ကိုင်ဆောင့်ပစ်ချင်စိတ် ပေါက်လာတယ်... ဒါပေမယ်တဖက်မှာလဲ များပြားလှတဲ့ဒဏ်ရာတွေကြောင့် သူနာသွားမလားဆိုပြီး မထိရက်မကိုင်ရက်ပြန်....

"Minnie က ရူးနေလို့ သူ့ဆီပြန်သွားရမှာလား...?? လမ်းမှာတွေ့တာကို သူတို့က Minnie ကို လူရှင်းတဲ့နေရာခေါ်သွားပြီးမှ ဝိုင်းရိုက်ကြတာ.. Minnie ရဲ့ပိုက်ဆံတွေလဲ ယူသွားကြတယ်"

"လာ ထ ဆေးခန်းသွားကြမယ်"

Yuchun က Changmin လက်ကိုဆွဲကာ မတ်တပ်ထရပ်စေပေမယ့် Changmin က ပြန်ရုန်းလိုက်တယ်...

"မသွားချင်ဘူး ခုတောင်သူတို့ဒီအိမ်ကို ခြေရာခံမိမှာစိုးလို့ မနည်းကွေ့ပတ်ပြန်လာရတာ... သူတို့ထပ်တွေ့သွားမှာကြောက်တယ်"

Yuchun လဲ ဟူးခနဲသက်ပြင်းချလိုက်ရင်း စာကြည့်ခန်းထဲက ဆေးသေတ္တာကိုသာ သွားယူလိုက်တယ်... ခုထိရှိုက်ငိုနေဆဲ Changmin ကို တိတ်တဆိတ်ငေးရင်း သူ့စိတ်တွေလေးလံနေခဲ့ပြန်တယ်... သူဒီကလေးကို ပစ်ထားတာအတော်ကြာပြီ... ကိုယ့်တယောက်တည်းကို သူအားကိုးနေရမှန်း သိရဲ့သားနဲ့....

ဒါပေမယ့်အခုသူ့မှာ Jaejoong ရှိနေပြီလေ... သူ့ကိုယုံကြည်လွန်းတဲ့ Jaejoong ကို သစ္စာဖောက်လို့ဘယ်ဖြစ်မလဲ... နှစ်ယောက်သားက လက်ထပ်ဖို့ထိလဲ ရည်ရွယ်ပြီးသားကို...

"Minnie ဒီနားလာခဲ့ Hyung ဆေးထည့်ပေးမယ်"

Yuchun တမင်သပ်သပ် ကိုယ့်ကိုကိုယ် Hyung လို့သုံးနှုန်းလိုက်တယ်... ဒါကပိုပြီးရိုးသားသွားစေတယ်မလား... Changmin ကလဲ သူ့စကားနားထောင်ကာ အနားမှာလာထိုင်လေတယ်...

REVENGE [Completed]Where stories live. Discover now