Part 5

2.1K 211 11
                                    

(Zawgyi)

ချိန်းထားတဲ့နေရာကို Changmin ရောက်လာတော့ သူ့ရဲ့ချစ်သူ Hyung က ရောက်နှင့်နေလေပြီ... အမြဲတမ်းအပြုံးချိုချိုလေးတွေနဲ့ Yuchun Hyung ကို Changmin တနေ့တခြားကို ပိုပိုချစ်လာရတာပါ... Hyung ရဲ့ကားထဲကို ဝင်ထိုင်လိုက်တာနဲ့ မွှေးပျံ့တဲ့ကားရေမွှေးနံ့ကြောင့် Changmin စိတ်ထဲလန်းဆန်းသွားရတယ်...

"ကဲ ကိုယ်တို့ဘယ်သွားကြမလဲ...?? Minnie စိတ်ထဲသွားချင်နေတဲ့နေရာရှိလား"

"Hyung သွားပါ Minnie က Hyung နဲ့ဆို ဘယ်နေရာဖြစ်ဖြစ်လိုက်တယ်"

ရိုးသားဖြူစင်စွာပြောနေတဲ့ Changmin ကို Yuchun ချစ်မြတ်နိုးစွာကြည့်ရင်း ပါးလေးတဖက်ကို ခပ်ဖွဖွပွတ်လိုက်တယ်... ငယ်ငယ်တည်းကအနေအထိုင် ဆင်းရဲခဲ့တယ်ဆိုပေမယ့် Changmin ရဲ့ အသားအရည်တွေက ကလေးတယောက်လို နုဖတ်လှပလွန်းနေတာ Yuchun သတိထားမိတယ်... Yuchun မချင့်မရဲနဲ့ပင် Changmin မျက်နှာပေါ်ကလက်ကို ဖယ်လိုက်ပြီး ကားမောင်းထွက်ဖို့ပြင်လိုက်တယ်...

Changmin ကလဲ သူ့ရဲ့ချစ်သူ Yuchun ရဲ့ စောင့်ထိန်းလွန်းတဲ့အကျင့်စရိုက်ကြောင့် ပိုလေးစားလာရပြန်တယ်... သူတို့ချစ်သူဖြစ်တာ နှစ်လကျော်ပြီဆိုပေမယ့် Yuchun က သူ့ကိုတခါတရံနမ်းတာကလွဲပြီး ဘာအခွင့်အရေးမှမယူခဲ့ဘူးလေ... ကားမောင်းနေတဲ့ Yuchun ကို တိတ်ဆိတ်စွာငေးရင်း အနာဂတ်ခရီးကို အတူတူလျှောက်လှမ်းဖို့ စိတ်ကူးယဉ်နေမိသေးတယ်...

ဒီတခါ Yuchun သူ့ကိုခေါ်လာတာကလဲ ဈေးကြီးတဲ့စားသောက်ဆိုင်တဆိုင်ကိုပါ... Changmin လဲ Yuchun နဲ့တွဲပြီးမှ အစားအသောက်ကောင်းတွေချည်း အမြဲစားနေရတော့တာပဲ...

"Hyung ကြောင့် Minnie ကြာရင် အကျင့်ပျက်တော့မယ်ထင်တယ် အစားအသောက်ကောင်းမှ စားတတ်တော့တာလေ"

Changmin စကားကြောင့် Yuchun သဘောကျစွာနဲ့ တဟားဟားရယ်နေလေတယ်...

"ဘာဖြစ်လဲ ကိုယ်ရှိနေတာပဲကို Minnie ကြိုက်တဲ့အချိန်သာ ပူဆာလိုက်"

ပြောမယ့်သာပြောတာ Changmin က ဘယ်တော့မှမပူဆာတတ်ဘူးလေ... Yuchun နဲ့တွဲနေတဲ့တလျှောက် Yuchun ဘက်ကသာ အလိုက်တသိနဲ့ ဖြည့်စည်းပေးခဲ့တာပဲရှိတာ... Changmin ကတော့ အထူးတလည်ပူဆာမနေတတ်...

REVENGE [Completed]Waar verhalen tot leven komen. Ontdek het nu