(Zawgyi)
"တကယ်ပါ ကျွန်တော်ငွေအရေးတကြီးလိုနေလို့ပါ"
Yuchun တခါမှသူတပါးဆီကနေ ပိုက်ဆံမချေးဖူးပါပဲနဲ့ အခုမှမျက်နှာအောက်ကျကာ ချေးနေရတဲ့အဖြစ်... မဟုတ်ရင်က Kim Jaejoong ဆိုတဲ့ဟာလေးက သူ့ကိုထောင်ထဲပို့တော့မယ်လေ...
"သူဌေး Park ကလဲ လာနောက်နေပြန်ပြီ.. Mr. Kim တယောက်လုံး ဘေးမှာရှိနေတာကိုပဲ... ငွေရေးကြေးရေးကိစ္စ ဘာပူစရာလိုလို့လဲ...??"
လူတိုင်းကသူ့ကိုစွတ်အထင်ကြီးနေကြပြန်ပြီ... အခုထက်ထိ သူနဲ့ Jaejoong က တရားဝင်ပြတ်စဲထားတာ မဟုတ်လေတော့ ဘယ်သူကမှ သူတို့၂ယောက်ကြားက ပြဿနာကို မသိကြပေ...
"အာာ ကျွန်တော်က Jaejoong နဲ့ ငွေရေးကြေးရေး မပတ်သတ်ချင်လို့ပါ.. အဲဒါကြောင့်"
ပိုက်ဆံချေးရတာ မျက်နှာတွေလဲပူလှပြီ... ဘာလို့များဒီလောက်တောင် ခက်ခဲနေပါလိမ့်... Kim Group ရဲ့အရှိန်အဝါက အတော်လေးကြီးနေပါလား...
"ခင်ဗျားတို့ကြားကကိစ္စ သိပြီးပါပြီ... သူဌေး Park က ကုမ္မဏီငွေတွေကို ယူသုံးထားမိလို့ မျက်နှာပူနေတာမလား... ဒီလောက်က ဘာမှမဖြစ်ပါဘူး... Mr. Kim နဲ့က မကြာခင်လက်ထပ်မှာပဲ.. သူပိုင်တာက ကိုယ်ပိုင်တာအတူတူပဲပေါ့"
Yuchun အံ့အားသင့်သွားရတယ်... ဒါ Jaejoong ရဲ့စနက်ပဲဖြစ်ရမယ်... တခြားလူတွေကို ဘာတွေများလိုက်ပြောထားတာလဲ...?? အတွင်းရေးကိစ္စတွေ အကုန်လုံးပဲလား..??
"ပြီးတော့ သူဌေး Park အနေနဲ့ ဘယ်သူ့ဆီကမှ ပိုက်ဆံချေးလို့ရမှာမဟုတ်ဘူး... ဘာလို့လဲဆိုတော့ Mr. Kim က သူနဲ့ပတ်သတ်တဲ့ လူတိုင်းကိုပြောပြီးလောက်ပြီ... ပိုက်ဆံမချေးပေးဖို့ကိစ္စ"
Yuchun လုံးဝငိုင်ကျသွားလေသည်...
Jaejoong က အကွက်စေ့လွန်းလှတယ်...
သူ့ရှေ့ကနေအကုန်ပိတ်ပင်ထားတာ ဘယ်လိုမှလှူပ်မရတော့ဘူးပဲ... ငွေကြေးရဲ့အင်အားက ကြောက်စရာကောင်းလွန်းပါဘိ..."အခုလိုပြောပြပေးတာ ကျေးဇူးတင်ပါတယ်ဗျာ"
"မလိုပါဘူးဗျာ.. ၂ယောက်သား စိတ်ကောက်နေတာဆိုလဲ အမြန်ပြန်ပြေလည်လိုက်ပါ... Mr. Kim လို ရုပ်လဲချောပြီး ချမ်းသာတဲ့လူတယောက်ကို လက်လွှတ်မခံပါနဲ့လား.."
![](https://img.wattpad.com/cover/102851089-288-k653273.jpg)
आप पढ़ रहे हैं
REVENGE [Completed]
फैनफिक्शनLove is Dangerous bcoz u have to choose Someone u know is going to be Good to u and Treat u with Respect. If u choose the Wrong Person then it will Break ur Heart. (ZAWGYI + UNICODE)