Part 10

2K 184 24
                                    

(Zawgyi)

Yuchun အိမ်ထဲဝင်လာတော့ ထုံးစံအတိုင်း လူတဦးတယောက်မှမရှိသလို မှောင်မဲတိတ်ဆိတ်နေပြန်တယ်... Mr.Kim ဆုံးပါးသွားပြီးကတည်းက Jaejoong တယောက် လူနဲ့စိတ်မကပ်သလိုဖြစ်နေပြီး အမြဲတမ်းတမှိုင်တတွေတွေ ဖြစ်နေတယ်...

Yuchun လဲ တအိမ်လုံးမှာရှိတဲ့မီးတွေကို လိုက်ဖွင့်ရင်း Jaejoong ကို လိုက်ရှာနေမိတယ်... မှောင်မဲနေတဲ့ သူ့အခန်းထဲကအိပ်ယာပေါ်မှာ မှောက်ခုံလေးအိပ်ပျော်နေတဲ့ Jaejoong ကို တွေ့မှပဲစိတ်အေးသွားရတယ်... သူစိုးရိမ်တာက အိမ်မှာလဲဘယ်သူမှမရှိတော့ စိတ်လိုက်မာန်ပါနဲ့ သူတခုခုလုပ်ပစ်မှာကိုပါ...

အခန်းမီးတွေထိန်လင်းသွားတော့မှ Jaejoong အိပ်ပျော်နေရာမှ နိုးသွားလေတယ်... အိပ်ချင်မူးတူးမျက်ဝန်းတွေကို အတင်းကြိုးစားဖွင့်ရင်း Yuchun ကို လှမ်းကြည့်တယ်...

"ကိုကိုပြန်လာပြီလားဟင်...??"

"အင်း...ခုပဲရောက်တာ နေ့လည်စာရောစားရဲ့လား Joongie...??"

Yuchun လဲ Jaejoong ရဲ့ ဘေးမှာဝင်ထိုင်ပြီး မေးလိုက်တော့ Jaejoong လူးလဲထကာ Yuchun ရင်ခွင်ထဲတိုးဝင်လာတယ်... သိသိသာသာပိန်သွားတဲ့ Jaejoong ရဲ့ ကိုယ်လေးကိုအသာပွေ့ဖက်ရင်း Yuchun စိတ်ထဲ တစုံတယောက်ကို သတိရသွားပြန်တယ်...

Minnie...သူရောဘယ်လိုနေမလဲ...?? သံယောဇဉ်ပြတ်လက်စမို့ ဖုန်းတောင်မဆက်ဖြစ်ပေမယ့် Aboji စီစဉ်လက်စ Minnie ကို နိုင်ငံခြားလွှတ်မယ်ဆိုတာကို Yuchun မသိချင်ယောင်ဆောင်ကာ ဆက်မလုပ်ဖြစ်... Jaejoong ကလဲ သူ့အပူနဲ့သူမို့ ဘာမှလဲမမေး၍သာ တော်တော့တယ်...

သို့သော် Minnie အတွက်တော့ Yuchun ဘဏ်ထဲမှာလစဉ်သုံးစွဲဖို့ပိုက်ဆံတွေ ထည့်ပေးထားသေးတယ်... Minnie က သိပ်အသုံးအစွဲမရှိတော့ အများကြီးကိုပိုနေတော့တာပဲ...

"ကိုကို Joongie ကို ရေချိုးပေးပါလား"

ရင်ခွင်ထဲကအသံသေးသေးလေးကြောင့် Yuchun အတွေးတွေကို ပြန်စုစည်းလိုက်တယ်... မျက်လုံးဝိုင်းလေးနဲ့ Yuchun ကို မော့ကြည့်နေတဲ့ Jaejoong ပုံစံလေးက အသည်းယားစရာ ချစ်စရာကောင်းလွန်းသော်လဲ Yuchun ရဲ့ နှလုံးသားကိုမလှုပ်ရှားစေနိုင်ပါ...

REVENGE [Completed]Where stories live. Discover now