Part 33 (Final)

3.8K 262 80
                                    

(Zawgyi)

အပြင်ကနေ အဆက်မပြတ် ဘဲလ်တီးသံကြောင့် Yuchun အိပ်ပျော်နေရာမှ လန့်နိုးသွားရတယ်... အချိန်ကိုကြည့်လိုက်တော့ ညနေတောင်စောင်းလုနေပြီ... ကြည့်ရတာ Changmin က သူ့ကိုအိပ်ဆေးတွေ တိုက်ထားတယ်ထင်တယ်...

အတန်ငယ်မူးနောက်နောက်ဖြစ်နေတဲ့ခေါင်းကို ကြည်လိုကြည်ငြား အသာခါယမ်းလိုက်ရင်း Yuchun အိပ်ယာပေါ်ကနေ ထလိုက်တယ်... အိပ်ယာဘေးကဖုန်းကိုကြည့်လိုက်တော့ power off နေလေပြီ... အပြင်ကလဲခုထက်ထိ အဆက်မပြတ်ဘဲလ်တီးနေဆဲ... Changmin တယောက်လဲ ဘယ်ရောက်သွားလဲမသိ... ဈေးတွေဘာတွေများ သွားဝယ်နေလေသလား...

"Park Yuchun အခုတံခါးဖွင့်ပေးပါ"

အပြင်ဘက်ကလူကို သေချာသဲကွဲစွာမြင်ရတော့မှ Yunho ဆိုတာသိလိုက်ရတယ်... Yuchun အတန်ငယ်တော့ အံ့ဩသွားတယ်... ဘာလို့လဲဆိုတော့ Yunho ပုံစံက အတန်ငယ်အလျင်လိုနေသလို ဖြစ်နေတယ်လေ..

"ဘာဖြစ်လို့လဲ Yunho...?"

"Jae ဘယ်မှာလဲ.. ခင်ဗျားတို့သူ့ကိုတခုခုလုပ်လိုက်တယ်မလား... အခုချက်ချင်း ထုတ်ပေးပါ"

Yuchun ရုတ်တရတ်မို့နားမလည်... ခြံတံခါးကိုလဲဖွင့်ပေးလိုက်တာကြောင့် Yunho က ပြေးဝင်လာပြီး Yuchun ရဲ့အင်္ကျီစကို လာဆုပ်ကိုင်ရင်း ဒေါသတကြီးနဲ့ ပြောနေတယ်...

"ငါနဲ့ဘာဆိုင်လို့လဲ... အခုသူကဘာဖြစ်တာလဲ.. ငါတောင်ခုမှအိပ်ယာက နိုးလာတာကို"

Yuchun ကိုက်ခဲနေတဲ့ခေါင်းကို  လက်နဲ့အသာဖိရင်းပြောတော့ Yunho သူ့အင်္ကျီကို ဆုပ်ကိုင်ထားရာကနေ လွှတ်ပေးလိုက်တယ်... Yuchun ပုံစံကလဲ တကယ်ပဲခုမှနိုးလာတဲ့ပုံစံ ဖြစ်နေတာကိုး... ဒါဆို Jae က ဘယ်မှာလဲ...?? CCTV မှာကြည့်မိတော့ နောက်ဆုံးတွေ့တာက ကားပါကင်မှာ.. ဒါပေမယ့် သူ့ကားက နေရာမပျက်ရှိနေပြီး လူကပျောက်သွားတာ...

"ခင်ဗျားတကယ်မသိဘူးလား...?? Jae ကို ခင်ဗျားပြန်ပေးဆွဲထားတာ မဟုတ်ဘူးလား...??"

"ငါကသူ့ကိုဘာလို့ပြန်ပေးဆွဲမှာလဲ... ငါတို့ဘာသာ အေးဆေးနေနေတာပါကွာ... မင်းတို့တရားဥပဒေအရ တရားရုံးမှာဖြေရှင်းမယ့်နေ့ကိုပဲ စောင့်နေကြတာ"

REVENGE [Completed]Where stories live. Discover now