~1~
9K 217 5
တဆင့်​ဆင့်​အချိန်​​တွေ​ပြောင်းလဲလာခဲ့ပြီး
မွေးခန်း​ရှေ့ကအသက်​ခပ်​လတ်​လတ်
ယောက်​ကျာ်းတစ်​​ယောက်​ခွဲခန်း​ရှေ့တွင်
ယောက်​ယက်​ခတ်​ ​နေသည်
ထိုနည်းတူ အသက်​ကြီးကြီးအဘွားမှလည်း
လက်​ထဲက ပုတီးတစ်​ကုံးဖြင့်​ပါးစပ်​မှလည်း
အဂုင်္လိမာလသုတ်​ကို အဆက်​မပြတ်​ရွတ်​ဖတ်
နေသည်
"အ​မေ ဇာ​မွေးခန်းထဲဝင်​သွားတာကြာပြီ
ဘာအ​ကြောင်းမှမထူး​သေးဘူး"
"သား စိတ်​ကို​လျော့ထား
သား မိန်းမ ဘာမှမဖြစ်​ပါဘူး
အ​မေလည်း ဘုရားစာ​တွေရွတ်​​ပေး​နေတယ်​​လေ သားရဲ့"
ထိုအချိန်​ခွဲခန်းထဲကသူနာပြုဆရာမ​လေးတစ်
ယောက်​တွက်​လာပြီး
"ဒီမှာရှင့်​ ​ဒေါ်ဇာခြည်​ရဲ့လူနာရှင်​ ဘယ်​သူလဲ"
ထိုအခါ​ စကားဆို​နေ​သောလူနှစ်​​ယောက်​မှ
ယောက်​ကျာ်းဖြစ်​သူမှလျင်​မြန်​စွာထရပ်​ကာ
"ကျွန်​​တော်​ပါ ခင်​ဗျာ
ဘာလို့လဲမသိဘူး"
"ရှင့်​ မိန်းမကအားအရမ်းနည်း​နေပြီ
သူခွဲ​မွေးမှရ​တော့မယ်
အဲ့ဒါလူနာရှင်​လက်​မှတ်​လိုတယ်​"
"ဟုတ်​ကဲ့ပါ ဆရာမ
ကျွန်​​တော့်​မိန်းမကို ​သေချာ​လေး​စောင့်ေ​ရှာက်
ပေးပါဗျာ အကူအညီ​တောင်းပါတယ်​"
"ဟုတ်​ကဲ့ပါရှင်​"
သူနာပြုဆရာမ​လေးလည်း​မွေးခန်းထဲသို့
တစ်​ဖန်​ပြန်​ဝင်​သွား​ချေပြီ
ထို​နောက်​အချိန်​၂နာရီ​လောက်​ကြာ​တော့
သူနာပြုဆရာမ​လေး​နောက်​တစ်​​ခေါက်​ထပ်
တွက်​လာ​လေပြီး
"ဂုဏ်​ယူပါတယ်​ရှင်
ဒေါ်ဇာခြည်​ သား​လေး​မွေးတယ်​ရှင့်
အ​မေလည်းကျန်းမာတယ်
က​လေးက​တော့ ​ပေါင်​သိပ်​မပြည့်​ချင်​ဘူး
ဒါ​ပေမဲ့ စိတ်​​တော့မပူပါနဲ့
က​လေးကကျန်းမာပါတယ်
က​လေးကို​တော့ပိုဂရုစိုက်​​ပေး​ပေါ့ရှင်​"
"ဟုတ်​ကဲ့ပါဗျာ
ကျေးဇူးတင်​ပါတယ်
ကျေးဇူးတင်​ပါတယ်​ဗျာ"
"အ​မေ ဇာက သား​လေး​မွေးတယ်​ အ​မေ
ဝမ်းသာလိုက်​တာ အ​မေရယ်​"
"​အေးပါကွယ်​ အ​မေလည်းဝမ်းသာတာ​ပေါ့
အ​မေရဲ့​မြေးဦး​လေး​လေ ဝမ်းသာတာ​ပေါ့ကွယ်​"
"အမ ဒါဆိုသားတို့​ ဇာနဲ့သား​လေးကိုသွားကြည့်​ရ​အောင်​​နော်​ အ​မေ"
"​အေး သွားရ​အောင်​"
°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•
လူနာ နာမည်​ ​ဒေါ်ဇာခြည်​ လို့​ရေးထားတဲ့
တံခါး​လေးကို ဖြည်းညင်းစွာဖွင့်​ရင်းဝင်​လာခဲ့
သည်
ကုတင်​​ပေါ်မှ ​ဒေါ်ဇာခြည်​ကို ခင်​ပွန်းဖြစ်​သူ
ဦးဟိန်းသူက​နေပြီး ကုတင်​​ဘေးနားသွားကာ
"ဇာ ​နေလို့​ကောင်းရဲ့လား"
"​ကောင်းတယ်​ ကိုဟိန်း
သား​လေ မျက်​နှာကိုကြည့်​ပြီးပြီလား"
"မကြည့်​ရ​သေးဘူး ဇာ"
"သွားကြည့်​လိုက်​ပါအုန်း
ကိုဟိန်း​တောင်းပန်​ပါတယ်​"
"ဘာလို့လဲ ဇာ"
"သား​လေးက ​ပေါင်​လည်းမပြည့်​ဘူး
ပြီး​တော့ .......
အခုလည်းမှန်​​​ပေါင်​​ချောင်​ထဲမှာ​နေရတယ်
သနားစရား​ကောင်​လိုက်​တယ်
ကျွန်​မတို့သား​လေး ဟင့်​"
"မငိုပါနဲ့ ဇာရယ်
သွေးနုသားနဲု့ကို ဘာမှမဖြစ်​ပါဘူး
ကိုတို့ကသား​လေးကိုပိုပြီးဂရုစိုက်​ပြီးချစ်​​ပေး
မယ်​​လေ​နော်​"
မျက်​ရည်​​တွေဝဲပြီး ​ပြော​နေ​သောမိန်းမဖြစ်​သူကို
ကြည့်​ပြီးဦးဟိန်းသူလည်းဝမ်းနည်းမိပါသည်
သား​လေးကိုလည်း သနားမိသည်
"ဒါနဲ့ ကိုသမီးကြီးကိုဘယ်​အိမ်​မှာထားထားလဲ"
"ကို့ အမ​တွေနဲ့ထားခဲ့တယ်
သမီးကို ​ဆေးရုံ ​ခေါ်မလာချင်​လို့
ဒါ​ပေမဲ့ သား​လေးကို​တွေ့ရ​အောင်​ ​ခေါ်လာခဲ့ပါအုန်းမယ်​​လေ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အတ္တ​ရောင်​ခြယ်​Where stories live. Discover now