~16~

2K 108 15
                                    

အရာရာအားလုံးက​တော့ပုံမှန်​လည်​ပတ်​ခဲ့သည်
အားလုံးကလည်း အဆင်​​ပြေ​ပြေနဲ့
ပျော်​​ပျော်​ရွှင်​ရွှင်​ဖြတ်​သန်းလာခဲ့ကြသည်

ဖူးက​တော့ကိုမြတ်​ဆီမှာအလုပ်​ဝင်​တာ
၆လ​လောက်​ရှိပြီ
တစ်​ရုံးလုံးနဲ့လည်းခင်​​နေပြီ
ကိုမြတ်​ကလည်း သ​ဘော​ကောင်းသည်
အလုပ်​လုပ်​ရာတွင်​လည်းတိကျ ပြတ်​သားသည်

အခု​တော့ သူ​ဌေးအခန်းထဲမှာ ဧည့်​သည်​​ရောက်
နေတာ​ကြောင့်​ ​ကော်​ဖီချ​ပေးရန်​ အခန်းအတွင်း
ကိုဝင်​လာခဲ့လိုက်​သည်

ဖူး ဧည့်​သည်​ကိုကြည့်​လိုက်​​တော့ သူ​ဌေးနှင့်
မတင်းမယိမ်း လူငယ်​တစ်​ဦး
သို့​ပေမဲ့ ကိုယ့်​အလုပ်​က​ကော်​ဖီခွက်​ချ​ပေးရန်
သာမို့ စပ်​စပ်​စုစုလုပ်​မ​နေဘဲ သာတွက်​လာခဲ့
သည်

"ကိုမြတ်​ အဲ့ဒါဘယ်​သူလဲ"

"အဲ့ဒါ ငါ့အတွင်း​ရေးမှူး
မင်း ရှုပ်​ရှုပ်​ရှက်​ရှက်​လုပ်​မ​နေနဲ့​နော်
နိုင်​ငံခြားကအကျင့်​​တွေ​ဖျောက်​ခဲ့
ငါ့ မျက်​နှာပျက်​ရင်​​တော့
မင်း ကိုနိုင်​ငံခြားပြန်​ပို့ဖို့ စီစဉ်​လိုက်​မှာ"

"ဟ ကိုမြတ်​ကလည်း စိတ်​ကြီးဘဲ
စိတ်​​လျော့ပါဗျ ​အေး​ဆေး​ပေါ့"

မြတ်​မင်းရဲ့ အ​ဖေမတူအ​မေကွဲ​ညီ စည်​သူနိုင်
မြတ်​မင်းဆယ်​နှစ်​အရွယ်​မှာ ​မေ​မေက​ရောဂါ
တစ်​ခုနှင့်​လူ့​လောက က​နေတွက်​သွားသည်
မြတ်​မင်း​ဖေ​ဖေက ​မေ​မေဆုံးပြီး နှစ်​နှစ်​​လောက်
နေ​တော့ ​နောက်​အိမ်​​ထောင်​ထပ်​ပြုလိုက်​သည်
ဖေ​ဖေရဲ့ အချစ်​ဦး ဆိုသူနှင့်
ထိုအချစ်​ဦးနှင့်​အတူ မြတ်​မင်းထက်​ သုံးနှစ်
ငယ်​တဲ့ ညီတစ်​​ယောက်​ပါ ပါလာသည်
မေ​မေ​လေးနှင့်​​ပေါင်းရတာအဆင်​​ပြေ
သ​လောက်​ညီဆိုသူနှင့်​ကလုံးဝအဆင်​မ​ပြေ
မြတ်​မင်းကအဖြူ ဆို စည်​သူကအမည်း
မြတ်​မင်းကတည်​ငြိမ်​သ​လောက်
စည်​သူက​တော့ ရည်းစားရှုပ်​သည်
ဒါ​ကြောင့်​လည်းပညာ​တော်​သင်
နိုင်​ငံခြားပို့ထားတာဆယ်​နှစ်​​ကျော်​ပြီ
ဟို​ရောက်​​တော့လည်းအကျင့်​က​ပျောက်​မသွား ပိုလို့​တောင်​ဆိုးလား​သေး
အခုလည်း မြန်​မာနိုင်​ငံပြန်​လာပြီး
ဘာလာရှုပ်​အုန်းမလဲမသိဘူး

အတ္တ​ရောင်​ခြယ်​Where stories live. Discover now