~4~

2.9K 169 1
                                    

ဒေါက်​ ​ဒေါက်​ ​ဒေါက်

"ငယ်​​လေး ​အောက်​ဆင်းခဲ့ပါအုန်း
သားရဲ့​မေ​မေ​ခေါ်ခိုင်းလိုက်​တယ်​"

ငယ်​​လေး တံခါးလာ​ခေါက်​မှအိပ်​ရာ​ပေါ်မှ​ခေါင်း​လေး​ထောင်​ကာနားစွင့်​လိုက်​သည်

အိမ်​တွင်​အလုပ်​လုပ်​​နေ​သောအ​ဒေါ်ပြုံး​အောက်​ဆင်းသွားမှ​ရေချိုးခန်းထဲအမြန်​သွားကာမျက်​နှာ
သစ်​သွားတိုက်​လိုက်​သည်
ပုံမှန်​ဆိုရင်​​စော​စောနိုး​နေကြဖြစ်​​သော်​လည်းည
တုန်းကစာဖတ်​​နေရင်း​နောက်​ကျမှအိပ်​ရာဝင်​တာ​ကြောင့်​လာနိုးမှနိုး​တော့သည်
ညဝတ်​အင်္ကျီ​တောင်​မလဲနိုင်​ဘဲ​အောက်​ထပ်​ကိုသာမြန်​မြန်​​ပြေးဆင်းလာလိုက်​၏

"သားဖြည်းဖြည်းဆင်းလာ
ချော်​လဲမယ်​"

မေ​မေရဲ့သတိ​ပေးသံ​ကြောင့်​ကိုယ်​ရှိန်​သတ်​ပြီး​မေ​မေ​ဘေးနားခပ်​သုတ်​သုတ်​ဝင်​ထားလိုက်​သည်

"ငယ်​​လေး ဒါသားတို့​မောင်​နှမကိုစာသင်​​ပေးဖို့​မေ​မေဆရာ​ခေါ်ထားတယ်​"

မေ​မေ​ပြောမှသတိထားမိတယ်
သူနဲ့ မျက်​နှာချင်းဆိုင်​မှာထိုင်​​နေတဲ့အကိုကြီး
တစ်​​ယောက်

"သား ဒါက ကိုကြီး ရှိုင်း​ဝေယံထွန်း
ဒီနှစ်​မှဆယ်​တန်း​အောင်​ကို​လေးဘာသာဂုဏ်​ထူးနဲ့​အောင်​ထားတာသား"

"သား ​ဝေယံ ဒါကအန်​တီရဲ့သားငယ်​​လေး
ဇေယျာဟိန်းသူ သမီးကြီးက​တော့သူငယ်​ချင်းအိမ်​သွား​နေတယ်​ကွယ်​ သားစာလာသင်​ရင်​အန်​တီမိတ်​ဆက်​​ပေးမယ်​ နာမည်​​တော့မှတ်​ထားလိုက်​အုံး
သမီးကြီးနာမည်​ကဖူးပွင့်​ဟိန်းသူ"

မေ​မေရဲ့မိတ်​ဆက်​​ပေးမှုအပြီးမှာငယ်​​လေးမျက်​နှာချင်းဆိုင်​မှအကိုကပြုံးပြီး​တော့

"​တွေ့ရတာဝမ်းသာပါတယ်​​နော်​ ညီ"

" ဟုတ်​ကဲ့ အကို
ငယ်​​လေးလည်း​တွေ့ရတာဝမ်းသာပါတယ်​"

"အန်​တီ ဒါဆိုကျွန်​​တော်​ပြန်​​တော့မယ်
နောက်​​နေ့မှလာခဲ့မယ်​​နော်​"

အတ္တ​ရောင်​ခြယ်​Where stories live. Discover now