~3~

3.2K 173 1
                                    

ခြံဝန်းထဲတွင်​ ဆယ်​နှစ်​အရွယ်​​ကောင်​​လေး
တစ်​​ယောက်​ဒါန်း​ပေါ်မှာထိုင်​ပြီးကာတွန်း
စာအုပ်​​လေး​လေးကိုစိတ်​ဝင်​တစားထိုင်​ဖတ်
နေရင်းကြားလိုက်​ရသည့်​အသံ​ကြောင့်
ခန္ဓာကိုယ်​​သေး​သေး​လေးတုန်းသွားသည်

"​ဇေယျ ဟိန်းသူ"

"ဗျာ မမ"

ဖူးပွင့်​ဟိန်းသူ တစ်​​ယောက်​ဝတ်​လာတဲ့
စကတ်​​လေးကိုတမမနဲ့ဒါန်းနားကိုဆူပုတ်​ပြီး
ရောက်​လာကာ

"​ဇေယျ ငါနင်​ကိုခိုင်းစရာရှိလို့"

"ဟုတ်​ကဲ့ မမ"

"ငါကို အိမ်​စာ​တွေ​ရေး​ပေးအုန်း"

"ဗျာ ငယ်​​ရေး​ပေးပြီးပြီ​လေ မမ"

"ဟာ ငါသိတာ​ပေါ့
အခုဟာ ကတရုတ်​သင်​တန်းက​ပေးလိုက်​တဲ့စာ​ရေး​ပေးရမှာ"

"ဟာ ဒါဆို ငယ်​လည်းအိမ်​စာ​ရေးရအုန်းမှာ
မမဟာကို​ရေး​ပေးလို့ ပြီးပါ့မလားမသိဘူး"

"​ကျွတ်​ ​ဇေယျ ငါခိုင်းရင်​နင်​ဘယ်​တုန်းက
ငြင်းလို့ရလို့လဲ
ငါဟာ အရင်​​ရေးပြီးမှနင်​ဟာကို​ရေး​ပေါ့ဟာ
တုံးလိုက်​တာ ပြီး​အောင်​​ရေးထား​နော်
ငါသွားပြီ"

ပုခုံးကိုခပ်​ပြင်းပြင်းပုတ်​ပြီးခြံပြင်​ကို​ပြေးတွက်​သွား​သောအမဖြစ်​သူကိုကြည့်​ပြီး ​ဇေယျ
လက်​​လေးနှစ်​ဖက်​ကိုလိမ်​ဖယ်​ပြီးနှုတ်​ခပ်​မ
လည်းပွစိပွစိဖြင့်

"ဟင့်​ ငါလည်းအိမ်​စာရှိပါတယ်​ဆို​နေမှ
သူဟာလည်းပြီး​အောင်​​ရေး​ပေးရမယ်
ငါဟာလည်းပြီး​အောင်​​ရေးရမယ်
မနက်​ဖြန်​ပြရမဲ့ဟာကို ဟင့်​"

ဇေယျ လည်းအခန်းထဲတွင်​သူ့အမအိမ်​စာ​ကော
မိမိရဲ့အိမ်​စာများလက်​ပြုတ်​မတွက်​ဘဲ​ရေး​နေရသည်

မိခင်​ဖြစ်​သူ ​ဒေါ်ဇာခြည်​ မုန့်​ဗန်းကိုကိုင်​ကာ
အခန်းထဲကိုဝင်​လာပြီး သူ့၏သားငယ်​​လေးကိုကြည့်​လိုက်​​တော့ ​ခေါင်းကြီးငုံကာစာ​ရေး​နေသည်​ကို​တွေ့လိုက်​​သော​ကြောင့်

"သားငယ်​ ဘာလို့​နေတာလဲ"

"ဗျာ ​အော်​​မေ​မေ အိမ်​စာ​တွေ​ရေး​နေတာ​​လေ"

"သမီးကြီး သားကိုအိမ်​စာ​တွေ​ရေးခိုင်းပြန်
ပြီလား"

"ဟာ မဟုတ်​ပါဘူး ​မေ​မေရဲ့
ငယ်​ အိမ်​စာ​တွေပါ"

ဒေါ်ဇာခြည်​ သက်​ပြင်းအခါခါချပြီး မိမိ၏
သားငယ်​ဖြစ်​သူအ​ကြောင်း​တွေးမိသည်
ငယ်​ငယ်​​လေးတည်းက အမဖြစ်​သူခိုင်းသမျှ
မငြိုငြင်​ဘဲလုပ်​​ပေးသည်​ ​မွေးပြီး​​ဆေးရုံကဆင်း
တော့လည်း မိမိ၏နို့ရည်​​ကောင်း​ကောင်း
မ​သောက်​ရ အကြီးမကဘဲမိမိ၏နားကပ်​ခါ
က​လေးနို့စာလျှင်​မ​သောက်​ခိုင်း
မိမိမှက​လေးကိုနို့တိုက်​လျှင်​လည်း​ဘေးနားကအမြဲ​နှောက်​ယှက်​သည်​သမီးကြီးကိုဘယ်​သူမှထိန်းလို့မရ ယခုမူသားငယ်​မှာတခြားရွယ်​တူ
က​လေးများနှင့်​မတူဘဲညက်​​နေသည်
အရုပ်​ဆိုလျှင်​လည်းသားငယ်​အတွက်​ဝယ်​​ပေး
ရင်​သမီးကြီးအတွက်ပါဝယ်​​ပေးရသည်
ဒါ​ပေမဲ့သမီးကြီးအတွက်​အရုပ်​ဝယ်​​ပေးလို့
သားငယ်​အတွက်​ဝယ်​လာလျှင်​ထိုအရုပ်​ကို
ဖျက်​စီးပစ်​သည်​ သမီးကြီး​ပြော​နေကျစကားက
'သူ့ထက်​ဘယ်​သူကိုမှပိုမချစ်​ရဘူး´
ထိုစကားကသမီးကြီးအမြဲ​ပြော​နေကြစကားပင်
ယခုသားငယ်​ကအခန်းခွဲအိပ်​​နေပြီ
သမီးကြီးကမူမိမိတို့လင်​မယားကြားမှာအိပ်​ဆဲ
ဒေါ်ဇာခြည်​အ​တွေးပင်​လယ်​ထဲ​မြော​နေပြီး
လွတ်​​မြောက်​ချိန်​မှာသားငယ်​​လေးအိမ်​စာစာအုပ်​​တွေသိမ်း​နေပြီ

"သား မုန့်​စားအုန်း​နော်​"

"ဟုတ်​ ​မေကြီး
ပြီးရင်​စားမယ်​"

"ဒါဆို ​မေ​မေ​အောက်​မှာရှိမယ်
ပြောစရာရှိရင်​ ​အောက်​ဆင်းလာ​နော်​"

"ဟုတ်​ကဲ့ ​မေ​မေ"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အတ္တ​ရောင်​ခြယ်​Where stories live. Discover now