ဖူးဖူး ဒီနေ့ အလုပ်ပိတ်ရက်မို့ အိမ်မှာ လိုအပ်တဲ့
ဟာလေးတွေသွားဝယ်ရန် shopping center
သွားဖို့ပြင်ဆင်လိုက်သည်
အိမ်မှာအန်တီရောက်ကတည်းက အန်တီက
အချက်အပြုတ်တာဝန်ယူထားတာမို့
စားရေးသောက်ရေး အတွက်တော့စိတ်မပူရပေမှန်တင်ခုံရှေ့တွင်အလှပြင်ပြီး ဗီရို ထဲမှ
ဂါဝန်မိုးပြာရောင်လေးကိုထုပ်ပြီးဝတ်လိုက်သည်ဆံပင်လေးများကိုတစ်ဝက်ခွဲစီးကာ
စလင်းဘတ်အိတ် မိုးပြာရောင်လေးကို
ဆွဲယူကာ အခန်းထဲမှတွက်လာခဲ့သည်"Morning သမီး"
'Morning အန်တီ"
"ဘယ်သွားမို့တုန်း သမီး
ဒီနေအရမ်းလှပနေတာ""ဘာရယ်မဟုတ်ပါဘူး အန်တီ
shopping တွက်ရင်းဝယ်စရာရှိတာ
ဝယ်ရအောင်""အေး အေး သမီးအန်တီမနက်စာပြင်ထားတယ်
စားလိုက်အုန်း""မစားတော့ဘူး အန်တီ
ဖူး အပြင်မှာဘဲစားလိုက်တော့မယ်"ဖူးလည်း တံခါးနားမှာချထားတဲ့ ဒေါက်ဖိနပ်
အပြာရောင်လေးကိုကောက်စွတ်ကာ
အန်တီကိုနှုတ်ဆက်ပြီးတွက်လာလိုက်သည်ဖူးအောက်ရောက်တော့
ကားဌားဖို့ပြင်တုန်းဖုန်းဝင်လာသည်"ဟယ်လို သမီး ဖူးဖူး"
ကျစ် မပြောချင်တဲ့သူတွေ
"ဟုတ်ကဲ့ ပြော အမေ"
ဖူးနှုတ်ဖျားကသာ အမေ လို့ခေါ်နေရပေမဲ့
စိတ်ထဲမှာ ခေါ်ချင်တဲ့စိတ်တစ်စက်မရှိ"သမီး အိမ်မလာတာကြာပြီ
လာခဲ့ပါအုန်း"ဟင်း အပေါ်ယံတွေ ကောင်းပြနေတယ်
အတွင်းစိတ်ကပုတ်နေတဲ့သူတွေကများ"အင်း ဖူး မအားသေးလို့"
အားလည်းလာမှာမဟုတ်ဘူး
"သမီး စားရသောက်ရအဆင်ပြေလား
အမေ အခြောက်အခြမ်း လေးတွေလာပို့ရမလား""ရတယ် လာမပို့နဲ့
ဖူးစားဖြစ်မှာမဟုတ်ဘူး""အော် အေး အေး သမီး
သမီး ဖေကြီးနဲ့ပြောလိုက်ပါအုန်း""ကျစ်..... မပြောတော့ဘူး
ဖူးအလုပ်တွေရှုပ်နေတယ် ဒါဘဲ"သူတို့နဲ့အချိန်ကုန် လေကုန်ခံပြီး
စကားမပြောနိင်ဘူး မကောင်းတဲ့မိသားစု