~18~

1.9K 106 3
                                    

ဇွဲ ဒီနေ့ အိမ်ကမမ ခိုင်းထားတဲ့အလုပ်လုပ်ပေး
ရမှာမလို့ သင်တန်းမသွားဘဲ မမခိုင်းသည့်
နေရာသို့သွားရန်ပြင်ဆင်နေရသည်

"ဇွဲလေး မမဒီမှာ ပစ္စည်းတွေထားခဲ့ပြီနော်
ဦးလေးကိုလည်းပြောပေးပါအုန်း
ကျန်းမာရေးဂရုစိုက်ပါလို့
အိမ်ကလူကြီးတွေမအားလို့ လို့ပါပြောပေးနော်"

"ဟုတ်ကဲ့ဗျ ဦးလေးကိုမမပြောတဲ့ဟာတွေ
အကုန်ပြန်ပြောပေးမယ် အိမ်ကလူကြီးတွေ
မအားတာတော့မဟုတ်ပါဘူးဗျ
ကျွန်တော်ရှိတာဘဲလေ"

"အေးပါ လူကြီးပေါက်စလေးရယ်"

"ဟင့် ဒါဆို ကျွန်တော်သွားပြီ"

နှာခေါင်းလေးရှုံ့ပြကာတွက်သွားသော
ဇွဲလေးကိုကြည့်ပြီးသဇင်မှာ အချစ်တိုးရသည်

မိသားစုထဲမှာ အငယ်ဆုံးလေးဖြစ်သည့်
အပြင် ချွဲကလည်းချွဲတက်သေး
တစ်ခါတစ်လေကျရင်ကတ်ကတ်လန်အောင်
လည်းရန်ပြန်တွေ့တက်သေးသည်
အခုလည်းကြည့် အသက်ကဖြင့်၁၆ ပြည့်တာ
မနေ့တနေ့ကမှ အဲ့ဒါသူကိုယ်သူလူကြီးတဲ့

ဇွဲလည်း ဦးလေးအတွက်ထည့်ပေးလိုက်သော
ဆန်ပြုတ်ချိုင့်လေးကိုပိုက်ပြီး ဓာတ်လှေကား
နံပါတ်ကလေးများကိုမော့ကြည့်နေသည်

ထိုနောက်ဇွဲဘေးနားကိုလူကြီးတစ်ယောက်လာ
ရပ်တာမို့ စပ်စုသည့်အနေဖြင့်လည့်ကြည့်မိ
သည်

ဟင် လူကြီး လူကြီးကဒီကိုဘာလာလုပ်တာလဲ

ထိုအချိန်ဓာတ်လှေကားလေးကအချိန်မှီပွင့်လာ
ပြီး လူကြီးကတော့အရင်ဝင်သွားသည်
ဇွဲလည်း ကုပ်ကုပ်ကလေးဝင်သွားပြီး
ဓာတ်လှေကား ၁၀ နှိပ်ရန်လက်အလှမ်း
ထိုနံပါတ်ပေါ်သို့နောက်ထပ်လက်တစ်ဖက်ကျ
ရောက်လာသည်

ထိုအခါမှလူကြီးကဇွဲမှန်းသိပုံသည်

"ဟာ ချာတိတ်"

"မတွေ့ရတာကြာပြီနော် လူကြီး"

"အင်းနော် ချာတိတ်ကဒီကိုဘာလာလုပ်တာလဲ"

ဇွဲလည်းရင်ခွင်ထဲမှာပိုက်ထားသည့်ဆန်ပြုတ်ချိုင့်
လေးကိုမြှောက်ပြကာ

"ဒီမှာလေ ဦးလေးအတွက်လာပို့တာ
လူကြီးကကော"

"ကိုယ်က ဒီမှာကိစ္စလေးရှိလို့"

အတ္တ​ရောင်​ခြယ်​Where stories live. Discover now