~13~

2.2K 144 3
                                    

ငယ်​တို့​အောင်​စာရင်းတွက်​ပြီး​နောက်​ပိုင်းငယ်​ကိုရှိုင်းနဲ့​တွေ့ဖို့အချိန်​နည်းသွားတယ်

ငယ်​ကလည်းသင်​တန်း​တွေတက်​ပြီးအလုပ်​ရှုပ်​​နေပြီးကိုရှိုင်းကလည်းကုမ္ပဏီ မှာအလုပ်​​တွေရှုပ်​​နေတာနဲ့မ​တွေ့ဖြစ်​ကြ​ပေ

ငယ်​၁၀တန်းမှာဂုဏ်​ထူး၃ဘာသာပါလို့ငယ်​အတွက်​hand chain ​လေးဆုချတယ်
ငယ်​ကလည်းကိုရှိုင်း​ပေးသည့်​လက်​​ဆောင်​ကို
အမြဲကိုယ်​နှင့်​မကွာဝတ်​ထားတက်​သည်

ငယ်​နဲ့ကိုရှိုင်းကိစ္စကို​တော့ဘယ်​သူမှမသိ
အာ..... မမ​တော့သိတာ​ပေါ့
ကမ်း​ခြေကကိစ္စ​တွေ​ကော

မမကအခုထိငယ့်​ကိုစကား​ကောင်း​ကောင်း
မ​ပြောဘူး

ပြီး​တော့မမကအကျင့်​​တွေနည်းနည်းပျက်
လာသည်
ကျောင်းလည်းမှန်​မှန်​မတက်
နောက်​ပိုင်းကျ​တော့ အ​ဝေးသင်​ဘဲ
တက်​​တော့မယ်​ဆိုပြီး အ​ဝေးသင်
ပြောင်းသွားတယ်
ညဆိုရင်​လည်း​နောက်​ကျမှပြန်​လာတက်​သည်
အခုလည်းအိမ်​ခွဲ​နေမယ်​ဆိုပြီး​မေ​မေနဲ့​ဖေ​ဖေကိုပူဆာပြန်​သည်

"​မေ​မေ သမီး​ပြောပြီးသား
ဘာမှလည်းလာမ​ပြောနဲ့​တော့
အကုန်​လုံးစီစဉ်​ပြီးသွားပြီ
ပြောင်းရုံဘဲ
အဲ့ဒါ​ကြောင့်​လာမတားနဲ့​တော့"

"မဟုတ်​​ဘူး​လေ သမီးရယ်​ 
မေ​မေ​ပြောတာက သမီးမိန်းက​လေး
တစ်​​ယောက်​တည်း ​နေရင်​အန္တရာယ်​များတယ်
ပြီး​တော့ အဆင်​မ​ပြေလည်း...."

"ဟာ ​မေ​မေရာ ဘာမှမ​ပြောနဲ့​တော့
မသိဘူး ​မေ​မေတို့တားလည်း​ပြောင်းမှာ
အဆင်​မ​ပြေစရာမရှိဘူး
နောက်​ပြီး​သမီးလည်း
အသက်​၂၀ပြည့်​​တော့မယ်
ကိုယ့်​ဘာသာကိုယ်​ထိန်းနိုင်​တယ်​"

"​အေးပါ သမီးအဆင်​​ပြေရင်​ပြီးတာဘဲ
တလတခါ​တော့အိမ်​ပြန်​လာ​ပေါ့ သမီးရယ်​"

"အင်း ​နောက်​ပြီး အလုပ်​​လျှောက်​ထား
တာလည်းရပြီ ဆို​တော့ ​နောက်​နှစ်​ရက်​​နေရင်
ပြောင်း​နေပြီ"

အတ္တ​ရောင်​ခြယ်​Where stories live. Discover now