ဖူးဖူး ညနေအလုပ်ကပြန်လာ ထမင်းစားပြု ပြီး
TV ရှေ့မှာအာလူးကြော်တစ်ဗူးဖြင့် ကိုရီးယား
ကားကို စိတ်ဝင်တစားကြည့်နေသည်အိမ်နောက်ဖေးကနေပြီး အသီးခွဲကာတွက်လာ
တဲ့ အန်တီကတော့ခွဲလာတဲ့ပန်းသီးပန်ကန်ကို
စာပွဲပေါ်တင်ပြီးဖူးဖူးဘေးနားကိုဝင်ထိုင်လိုက်
သည်"သမီး မောင်ရှိုင်းဝေယံထွန်း ကိစ္စကို
ဘယ်လိုလုပ်မှာလဲ...??""အင်းပါ အန်တီရဲ့...သမီး စီစဉ်ထားပြီးသားပါ
နောက်အပတ်ကျရင် သမီးတို့ ကုမ္ပဏီ နှစ်ပတ်
လည် ညစာစားပွဲရှိတယ်...အဲ့မှာ သမီးရဲ့ကိုကို
လည်းဖိတ်ထားတယ်လို့ပြောတယ်...အန်တီက
သာသမီးအတွက်..အဲ့ပွဲမှာဝတ်ဖို့ဝတ်စုံစီစဉ်ပေး
ထားနော်...သမီးအဲ့ပွဲမှာလှလှလေးဖြစ်နေဖို့လို
တယ်...အန်တီကကူညီပေးနော်""အေးပါ...အေးပါ သမီးအတွက်အကုန်စီစဉ်
ပေးမယ်နော်...""Yey.....ဒါမှ...တို့အန်တီကွ"
"အေးပါ... ဒါနဲ့ သူရဲ့ကောင်လေးကိုကော
ဘယ်လိုလုပ်မှာလဲ...သူကလည်းရှိသေးတယ်"ဖူးဖူး စားနေတဲ့ အာလူးကြော်ဗူးကို ပစ်ချ ပြီး
ကြည့်လက်စ Tv ကိုပိတ်ပစ်လိုက်သည်.....
သူ့အကြောင်းပြောရင် စားနေတဲ့ဟာတောင်
ဆက်မစားချင်ဘူး...အကုသိုလ်များလွန်းလို့..."သူကိုလည်း သမီးစဉ်းစားထားတာရှိပါတယ်
သူ့အတွက်လည်းမပူနဲ့...""အင်းပါ..အင်းပါ..သမီးသာ..သမီးရေးတဲ့
ဇာတ်ကိုနိုင်အောင်ကနော်"~~~~~
"ဟဲလို ကိုကြီး
အိမ်ပြန်ရောက်ပြီလား""ရောက်ပြီ ဇွဲလေးရဲ့
ကို အခုဘဲပြန်ရောက်တာ""ဟင် ဟုတ်လား
ဒါဆို ကိုကြီး မနားရသေးဘူးပေါ့
အဲ့ဒါဆိုရင်တော့ ဇွဲ
ဖုန်းချလိုက်တော့မယ်
ကိုကြီး အဆင်ပြေမှပြန်ဆက်မယ်""အိုခေ ဇွဲလေး
ကို ရေချိုးလိုက်အုန်းမယ်
ပြီးရင်ပြန်ဆက်မယ်နော် ဇွဲလေး"ကိုကြီးနဲ့ဖုန်းချလိုက်ပြီး ဇွဲ အိပ်ရာပေါ်တွင်
ခေါင်းအုန်းကြီးကိုဖက်ရင်း ဟိုဘက်လှိမ့်လိုက်
ဒီဘက်လှိမ့်လိုက်ဖြင့် မျက်နှာကြီးကလည်း
ပြုံးဖီးနေတာဘဲ