~8~

2.4K 158 0
                                    

ရှိုင်း ဖူးဖူးကို​ကျောင်းလိုက်​ပို့သည့်​တစ်​​လျှောက်
သာလိကာ ကာ​ပေါ်​ခေါ်တင်​လာရသလိုပင်
ဒီ​ကောင်​မ​လေးငယ်​ငယ်​တုန်းကလိုဘဲစကားများတုန်း ငယ်​​လေးကျ​တော့စကားနည်းလိုက်​တာ အကြိုက်​ချင်းကလည်းမတူ
မောင်​နှမလို​ပြောရင်​​တောင်​ယုံမှာမဟုတ်

ရှိုင်းရဲ့ကား​လေး ဖူးဖူးတို့​ကျောင်း​ရှေ့မှာရပ်​လိုက်​ပြီး

"ကယ်​ ဖူးဖူး ​ကျောင်း​ရောက်​ပြီ"

"ကိုကို ကား​ပေါ်ကဆင်းအုန်း
ဖူးဖူး သူငယ်​ချင်း​တွေနဲ့ မိတ်​ဆက်​​ပေးချင်​လို့"

"မဆင်း​တော့ဘူး​လေ ဖူးဖူးရဲ့
အကို ရုံးသွားရအုန်းမယ်​"

"ဟာ မရဘူး ကိုကို
ကိုကို ကား​ပေါ်ကမဆင်းရင်​ ဖူးလည်း​ကျောင်းသွားမှာမဟုတ်​ဘူး​နော်​"

"ကျစ်​ ဖူးဖူးတို့က​တော့​လေ
လိုက်​ခဲ့မယ်​ကွာ"

"ဟီး ဒီလိုမှ​ပေါ့ ကိုကိုရ"

ဖူးကား​ပေါ်ကဆင်းတာနဲ့ ရှိုင်းရဲ့လက်​​မောင်းကို​ပြေးချိတ်​လိုက်​သည်
ရှိုင်းက​တော့​ပြောလည်းနား​ထောင်​မှာမဟုတ်​​တော့ ဒီတိုင်းထားလိုက်​​တော့သည်

ရှိုင်းတို့နှစ်​​ယောက်​ကို​ကျောင်းမှ​ကောင်​မ​လေး​တွေ​ကော ​ကောင်​​လေး​တွေပါ ​ငေးသွားကြသည်
ရှိုင်းကလည်း​ကြည့်​​ကောင်း ဖူးကလည်း​ချော​ချော​လေးဆို​တော့ ပြီး​တော့ဝတ်​လာတာကလည်း
အ​ရောင်​ကဆင်​တူဖြစ်​​နေ​တော့ သူတို့ကိုအတွဲလို့ထင်​တာ​ပေါ့

ဖူးတို့သူငယ်​ချင်း​တွေက canteen မှာ​စောင့်​​နေတယ်​ဆိုလို့ canteen ထိလိုက်​သွားရသည်

"ဖူးပွင့်​ ငါတို့ ဒီမှာ"

"​ဟော ဟိုမှာ ကိုကို ဖူးရဲ့သူငယ်​ချင်း​တွေ"

"ဟယ်​ ကြာလိုက်​တာ ဖူးမရယ်​"

"​အေး ဒီလိုဘဲ​ပေါ့ဟ
ငါနင်​တို့ကိုမိတ်​ဆက်​​ပေးရအုန်းမယ်
ဒါ ငါရဲ့ ကိုကို​လေ"

ရှိုင်းကိုချိတ်​ထားတဲ့လက်​ကို ဒီထက်​တင်း​နေ​အောင်​ချိတ်​လိုက်​သည်

အတ္တ​ရောင်​ခြယ်​Where stories live. Discover now