~14~

2K 120 1
                                    

ဖူးဖူး အိမ်​​ပြောင်းလာပြီး နှစ်​ရက်​​မြောက်​​နေ့မှာ
ဘဲ ​အလုပ်​စတင်​သွားရသည်

အင်္ကျီ အဖြူ လက်​ရှည်​​လေးကို ​ပေါင်​လယ်
စကတ်​အမည်း​ရောင်​​လေးဖြင့်​လှချင်​တိုင်းလှ​နေ​သော ဖူးပွင့်​ဟိန်းသူ

ဖူးဖူးလုပ်​ရမည့်​ ကုမ္ပဏီ ​ရှေ့​သို့​ရောက်​​သော
အခါ အသက်​ကိုဝ​အောင်​ရှုလိုက်​ပြီး
wave ​ကောက်​ထား​သောဆံပင်​​လေးများကို
သေ​သေချာချာပြင်​ပြီး ကုမ္ပဏီ ထဲကိုဝင်
သွားလိုက်​သည်

ဖူးဖူးလုပ်​ရမည့်​​နေရာကသူ​ဌေးရဲ့အတွင်း​ရေးမှူး

ဖူးဖူး​ရောက်​​တော့ သူ​ဌေးမ​ရောက်​​သေးတာ
ကြောင့်​ ပြင်​ဆင်​စရာရှိတာကိုလုပ်​​နေလိုက်​သည်

ဖူးဖူး​ရောက်​ပြီး မကြာဘူး သူ​ဌေး​ရောက်​လာ
တာ​ကြောင့်​ အခန်းထဲဝင်​သွားပြီး နှုတ်​ဆက်​ရန်
ဝင်​လာလိုက်​သည်

"မင်္ဂလာပါ သူ​ဌေး
ဖူး က ဒီ​နေ့မှအလုပ်​စဝင်​တဲ့အတွင်း​ရေးမှူးပါ
ဖူး နာမည်​အပြည့်​အစုံက ဖူးပွင့်​ဟိန်းသူ ပါ"

"အင်း ကိုယ့်​ကို​ပြောထားတယ်
ကိုယ့်​ အ​ကြောင်း​တော့ကြားဖူးမှာ​ပေါ့
ကိုယ်​ကအလုပ်​လုပ်​ရင်​စနစ်​ကျမှသ​ဘော
ကျတယ်​ စကားများတာမကြိုက်​ဘူး"

"ဟုတ်​ကဲ့ ဖူးမှတ်​ထားပါ့မယ်​"

"ဒါဆို အလုပ်​သွားလုပ်​လို့ရပြီ"

"ဟုတ်​ကဲ့ ဖူးကိုသွားခွင့်​ပြုပါအုန်း"

ဖူးတို့သူ​ဌေးရဲ့သတင်း​တွေကိုကြားဖူးပါသည်
အလုပ်​မဝင်​ခင်​ကတကလည်းသူ​ဌေးအ​ကြောင်း
စုံစမ်းစရာ​တောင်​မလို နာမည်​ကြီးလှသည်

သူ​ဌေးနာမည်​ 'မြတ်​မင်း​အောင်​'ဆိုတာနဲ့မသိသူမရှိ​လောက်​​အောင်​ကိုဘဲ
သူ​ဌေးပုံစံက ပျိုတိုင်းကြိုက်​သည့်​နှင်းဆီခိုင်​ပုံ
အရပ်​ရှည်​ရှည်​​ထောင်​​ထောင်​​မောင်း​မောင်း
အခု​ခေတ်​နှုတ်​ခမ်းနီမ​လေး​တွေကြားမှာ
နာမည်​ကြီး​နေသည့်​ ကိုရီယားမင်းသား​တွေ
ပုံစံပင်

အတ္တ​ရောင်​ခြယ်​Where stories live. Discover now