~2~

4.1K 180 0
                                    

ဆေးရုံ ဝန်းထဲကို ဦးဟိန်းသူတစ်​​ယောက်
က​လေး​မ​လေးတစ်​​ယောက်​ကိုလက်​တွဲပြီး
ဝင်​လာသည်

လူနာခန်းလည်း​ရောက်​​တော့ က​လေးမ​လေးမှာ
ဦးဟိန်းသူလက်​ကိုဖြုတ်​ချပြီး ကုတင်​​ပေါ်မှာရှိ​သော ​ဒေါ်ဇာခြည်​ ထံကို ​ဂုတ်​​ကျော်​​ကျော်​ရှည်
သောဆံပင်​​လေးများလွင့်​​အောင်​​ပြေးသွားပြီး
နှုတ်​ခမ်းမှလည်း

"​မေ​မေ​ရေ"

ဒေါ်ဇာခြည်​မှာ သမီးဖြစ်​သူကို​လေသံတိုးတိုးဖြင့်

"သမီး​ရေ တိုးတိုး​ပြော
မောင်​​လေး အိပ်​​နေတယ်​​လေ သမီး"

"ဟင့်​ ​မေ​မေ ကလည်း
သမီးက​မေ​မေကိုလွမ်းလို့လိုက်​လာတာကို"

နှုတ်​ခမ်းကြီး​ထော်​ပြီး​ပြော​နေ​သောသမီးကြီး၏
အသက်​မှာသုံးနှစ်​ခွဲဖြစ်​​သော်​လည်း
စကားတက်​လှသည်
အသား​လေးမှာဖြူ​ ​ဖွေးပြီးချစ်​စရာ​ကောင်းလှ၏

"ကယ်​ လာပါအုန်း​မေ​မေဆီ"

ကုတင်​​ပေါ်မှလက်​နှစ်​ဖက်​ဆန့်​​ပေးထား​သော
ဒေါ်​ဇာခြည်​ရင်​ခွင်​ထဲကိုအ​ပြေးသွားလိုက်​သည်

အခန်းထဲဝင်​လာ​သော ဦးဟိန်းသူမှာ
သားအမိနှစ်​​ယောက်​ကိုပြုံးကြည့်​ရင်း
ကုတင်​​ဘေးနားက က​လေးပုခက်​ထဲက
သား​လေးကိုကြည့်​လိုက်​သည်

မှန်ေ​ပါင်း​ချောင်​ထဲမှထုတ်​ထားတာမကြာ​သေး​သောမိမိတို့၏သား​လေးမှာ ပုခတ်​ထဲတွင်
အပူအပင်​ကင်းစွာအိပ်​​မောကျ​နေသည်

သား​လေးရဲ့အသားအ​ရေးကပန်း​ရောင်​​လေး
သန်း​နေုပြီးလက်​တစ်​ဖက်​မှာလက်​သီးစုပ်​​လေး
ပုံစံဖြစ်​ပြီးပါစပ်​ထဲကိုထည့်​ကာငုံထားသည်
ချစ်​ဖို့​ကောင်း​သောမိမိတို့ရဲ့သား​လေး
သား​လေးမျက်​နှာကိုကြည့်​လိုက်​ရင်​ကြည့်​တဲ့သူ၏ရင်​ကို​အေးချမ်း​စေသည်
ဒါဟာ သား​လေးရဲ့ထူးခြားချက်​​လေးဖြစ်​သည်
နောက်​ထူးခြားသည့်​အချက်​က တခြားက​လေး
တွေလိုနို့ဆာရင်​ ​အော်​မငို​နေ
သူ၏လက်​က​လေးနှစ်​ဖက်​ကိုလိမ်ဖယ်​​ပွတ်​သတ်​​နေတက်​သည်

ကုတင်​​ပေါ်ကသမီးဖြစ်​သူကိုလှမ်း​ခေါ်လိုက်​သည်
သမီးကလည်းမိမိတို့၏သား
သူမ၏​မောင်​​လေးကိုချစ်​မှာ​သေချာပါသည်

"သမီးလာပါအုန်း
သမီးရဲ့​မောင်​​လေးကိုလာကြည့်​ပါအုန်း"

"မကြည့်​ချင်​ပါဘူး ​ဖေ​ဖေရာ
သမီးက​မေ​မေကို​တွေ့ချင်​လို့လိုက်​လာတာ
သူကို​တွေ့ချင်​လို့မဟုတ်​ဘူး"

ကုတင်​​ပေါ်ဆူပုတ်​ပုတ်​နှင့်​လှမ်း​ပြော​သော
ကြောင့်​​ ​ဦးဟိန်းသူမျက်​နှာ ပျက်​သွားသည်​ကို
ဒေါ်ဇာခြည်​မြင်​လိုက်​ရသည်
ထို​ကြောင့်​ သူမကဘဲသမီးဖြစ်​သူကို​ချော့​မော့
ပြောကာကုတင်​​ပေါ်မှဆင်းခိုင်းလိုက်​သည်

ကုတင်​​ပေါ်မှ​ခြေ​ထောက်​ကို​ဆောင့်​ပြီး
ဆင်းလာ​သော​မြေးကို ​ဒေါ်​ငွေကြည်
(ဦးဟိန်းသူ၏အ​မေ )မှာ​ချွေးမှအတွက်
ထမင်းချိုင့်​လာပို့ရင်းမြင်​လိုက်​​သော​ကြောင့်
ခေါင်းကိုသာခါပြီးလုပ်​လက်​စအလုပ်​ကိုဆက်
လုပ်​လိုက်​သည်

ခြေ​ဆောင့်​ပြီးဆင်းလာ​သောက​လေးမှ​လေး
သည်​ပုခက်​ထဲမှအိပ်​​မောကျ​နေ​သော
က​လေး​လေးကိုကြည့်​ပြီးနှာ​​​ခေါင်း​လေးရှုတ်​ကာ​ပြောလိုက်​သည့်​စကား​ကြောင့်​အခန်းထဲ
တွင်​ရှိ​နေ​သောလူကြီးများ မျက်​နှာပျက်​သွား
သည်​ကို ထိုက​လေးမ​လေးမသိ​လေ​ရော....

ထိုက​လေးမ​လေးက​တော့

"​မေ​မေ​ကော ​ဖေ​ဖေ​ကော ဘွားဘွား​ကော
အားလုံးအားလုံး သူကိုသမီးထက်​ဘယ်​သူမှပိုမချစ်​ရဘူး​နော်​"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အတ္တ​ရောင်​ခြယ်​Where stories live. Discover now