~12~

2.4K 150 10
                                    

ကမ်း​ခြေမှာ​လေတဖြူ ဖြူ နှင့်​ ​ကောင်းကင်​​ပေါ်ကကြယ်​​လေး​တွေမှာ မှိတ်​တုတ်​မှိတ်​တုတ်​ ​နှင့်​ လမင်းကြီးကလည်းထိန်​ထိန်​သာ​နေသည်
ထိုအတူ ငယ်​​လေးမှာလည်း​ခြေဖျားလက်​ဖျား​တွေ​အေးစက်​​နေပြီး ရင်​​တွေလည်းခုန်​​နေသည်
ဘေးနားမှာငယ်​​လေးနဲ့အတူယှဉ်​ပြီး​လမ်း​လျှောက်​​နေတဲ့ကိုရှိုင်းက​တော့ ဘယ်​လို​နေလဲမသိ

ရှိုင်း လမ်း​လျှောက်​​နေရင်း ရုတ်​တရပ်​ ငယ်​​ရှေ့က​နေရပ်​ပြီ

"ငယ်​ ခုဏက ကိစ္စ​လေ
ဟို ..... ငယ်​ကိုနမ်းတဲ့ကိစ္စကိုငယ်​စိတ်​ဆိုးသွားတာလား"

"ကို​လေ ငယ်​ကိုဖွင့်​​ပြောလိုက်​ရင်​အထင်​​သေးသွားရင်​လည်းရပါတယ်​ မုန်းသွားရင်​လည်းရတယ်​ ဒါ​ပေမဲ့ ကို့ရဲ့ခံစားချက်​​တွေကိုဖွင့်​​ပြောလိုက်​ချင်​တယ်​ ကိုယ်​ငယ့်​ကိုချစ်​တယ်​ မဟုတ်​ဘူး
မြတ်​နိုးတယ်​ ငယ့်​ကို ကိုယ်​က​လေးဘဝစစ​တွေ့ခြင်းတဲ့ကမြတ်​နိုးခဲ့တာ ငယ်​ရဲ့ဖြူ စင်​တဲ့မျက်​နှာ
လေး အပူအပင်​မရှိဘဲ ငြိမ်းချမ်း​နေတဲ့မျက်​နှာ​လေး​က​လေ ကိုယ့်​ရဲ့ရင်​ကို​အေးမြ​စေတယ်
ငယ်​ ကိုယ့်​ကိုမချစ်​ရင်​​နေပါ ဒါ​ပေမဲ့ငယ်​ကို ကိုယ်​ချစ်​တာ​တော့သိ​စေချင်​တယ်​"

ရှိုင်း ​ပြောချင်​တာ​ပြောပြီး ငယ်​​ရှေ့က​နေ​ခေါင်းကြီးငုံ့ပြီး တွက်​သွားသည်
ထိုအချိန်​သူရဲ့လက်​ကိုလာဆွဲ​သော လက်​​အေး​အေး​လေးတစ်​ဖက်
ရှိုင်းလည်း​နောက်​လှည့်​ကြည့်​လိုက်​​တော
သူကိုနှုတ်​ခမ်းဆူပြီးစိုက်​ကြည့်​​နေ​သောငယ်

"ကိုရှိုင်းကို ဘယ်​သူကဘာ​ပြောလို့တွက်​သွားတာလဲ သူကိုဘာမှလည်းမ​ပြောရ​သေးဘဲနဲ့တွက်​သွားတယ်​ ချစ်​တယ်​လို့လည်း​ပြောပြီး
အ​ဖြေလည်းမ​တောင်းသွားဘူး"

နှုတ်​ခမ်းကြီးတ​ထော်​​ထော်​နဲ့
ရန်​​တွေ့​နေ​သောငယ်
တစ်​ချက်​​လောက်​ ငယ်​အခု​နောက်​ပိုင်း
အရင်​ကထက်​ချစ်​ဖို့​ကောင်းလာသည်
မဟုတ်​ပါလား
က​လေးဆန်​တဲ့အကျင့်​​လေး​တွေ
အခုလည်းကြည့်​ရန်​​တွေ့​နေတဲ့ပုံကတကယ်​က​လေး​လေးလိုပါဘဲ

အတ္တ​ရောင်​ခြယ်​Where stories live. Discover now