ချောင်းသာရောက်တော့ ကိုရှိုင်းရဲ့ကျောင်းနေဘက်သူငယ်ချင်းတွေနဲ့တွေကြတော့ပိုပျော်ဖို့ကောင်းသည်
စားလိုက်ဆော့လိုက်အိပ်လိုက်နှင့်ပင် ပြန်ကြရတော့မည်
မနက်ဖြန်ပြန်ကြမည်ဖြစ်သဖြင့် ဒီနေ့ညကြရင်
Party လုပ်မည်ပြောသောကြောင့် သောင်ပြင်တွင်ကိုယ်စီကိုယ်စီ အလုပ်ရှုပ်နေကြသည်
အခုတော့ ကိုရှိုင်းအသားကင်နေသည့်ဘေးနားတွင် ငယ်လေးကတော့ကူရှုပ်ပေးနေသည်"ငယ် ဒီနားမှာမနေနဲ့လေ
ညှောင်နံ့တွေနဲ့ မွှန်နေတာလေ""ဘာမှမဖြစ်ဘူး ကိုရှိုင်း
လုပ်စရာလည်းမရှိဘူးလေ
ဘာလည်း ကိုရှိုင်းကမနေစေချင်လို့လား"ငယ်လုပ်နေသည့်ပုံစံမှာ အသည်းယားစရာကာင်းနေသည်
အင်္ကျီမှာလည်း ကလေးကလူကြီးအင်္ကျီယူဝတ်ထားသလို လေတိုက်တာကြောင့်ပွယောင်းနေသည့်ဆံပင်လေးတွေ မကျေမနပ်နဲ့ပြောနေသောနှုတ်ခမ်းလေးကလည်းဆူနေသည်အို ငယ်ဘယ်တုန်းကဒီလိုကလေးဆန်တဲ့အကျင့်လေးတွေရှိသွားတာလဲ
ချစ်စရာကောင်းလိုက်တာ
စာသင်ခဲ့သည့်တလျောက် ဒီလိုပုံစံကိုတခါမှမတွေ့ဘူး"မဟုတ်ပါဘူးကွာ ငယ်ညှောင်ပြီး နေမကောင်းဖြစ်မှာဆိုလို့ပါ"
"ဟီး ဟီး ရတယ် ဘာမှမဖြစ်ဘူး ကိုရှိုင်း"
သွားလေးဖြဲပီးတော့ကိုပြောနေတာ ဖျစ်ညစ်ချင်စရာလေးကွာ
ည၇နာရီလောက်ကျတော့ စားသောက်ကျရင်း
ကိုရှိုင်းရဲ့သူငယ်ချင်းအဖွဲ့ထဲက အမတစ်ယောက်ကနေပြီး"ဟေ့ ငါတို့လည်းပြန်ရတော့မှာ
အမှတ်တရလည်းဖြစ်အောင် ငါတို့မီးပုံပွဲလေးလုပ်ပြီး game ကစားရအောင်""အေး ကောင်းတယ်
ဟုတ်တယ် မိုက်တယ်"သူငယ်ချင်းတွေထဲမှလည်းသဘောတူသည့်အသံတွေ တွက်လာတာကြောင့်
မီးမွှေးဖို့ပစ္စည်းတွေရှာပြီး မီးပုံလုပ်ကြသည်
ပြီးတော့ မီးပုံကြီးကိုဝိုင်းပြီးထိုင်လိုက်ကြသည်
စုစုပေါင်း ၁၅ယောက်လောက်ရှိတာမို့ မီးပုံဝိုင်းလေးမှာမကြီးလွန်းမသေးလွန်းလေးဖြစ်နေသည်