~10~

2.3K 149 10
                                    

ငယ်​​လေးတို့ ၁ဝ တန်း စာ​မေးပွဲကြီး​ဖြေပြီး
နောက်​တပတ်​ ​ချောင်းသာကို အပန်း​ဖြေခရီးတွက်​ကြသည်
ခရီး​တွက်​ဖြစ်​ရသည့်​အ​ကြောင်းအရင်းက
ရှိုင်း​ကြောင့်
အိမ်​ကိုလာပြီး ငယ်​​လေးတို့စာ​မေးပွဲပီးရင်​ အပန်​​ဖြေလို့ရ​အောင်​ ငယ်​တို့မိဘ​တွေဆီလာပြီး
ခရီးတွက်​ဖို့ခွင့်​လာ​တောင်းကာ ငယ်​​လေးကိုရှိုင်းနှင့်​အတူလိုက်​ရန်​လာ​ခေါ်ခြင်း​ကြောင့်​ပင်

ရှိုင်းတို့ ဒီ​နေ့ ​ချောင်းသာသွားမှာမို့ ငယ်​​လေးတို့ကို​ခေါ်ရန်​အိမ်​သို့ ရှိုင်းရဲ့ BMWကား​လေး​မောင်းနှင်းကာ

ငယ်​လည်းဒီ​နေ့ ခရီးသွားမှာမို့အိမ်​​အောက်​မှာအထုပ်​များနှင့်​​ ကိုရှိုင်းကို​စောင့်​​နေကာ
ငယ်​ရဲ့မျက်​နှာချင်းဆိုင်​မှာ​တော့ ငယ့်​အမ ဖူးဖူး
အင်္ကျီလက်​ပြတ်​​လေးကိုခါးရှည်​​ဘောင်းဘီတို​လေးဖြင့်​ ဝတ်​ဆင်​ထား​သော သူမရဲ့​ပေါင်းတံလှလှ​လေး​ပေါ်​​နေပြီးနေကာမျက်​မှန်​ ကိုဆံပင်​​ပေါ်လှန်​တင်​ပြီး ​ခြေချိတ်​ထိုင်​ကာ ဖုန်းကြည့်​​နေ​သော မမသည်လည်း ​​ငယ်​​လေးတို့နှင့်​လိုက်​ရန်​ အထုပ်​အပိုးများအသင့်​နှင့်​ ရှိုင်းကိုထိုင်​​စောင့်​​နေခြင်းပင်

"တီ တီ တီ"

အော်ေ​တွးရင်းတန်းလန်းနဲ့ ကားဟွန်းတီသံကြားတယ်​ ကိုရှိုင်းလာပြီနဲ့ထင်​တယ်
ငယ်​​လေး လည်း ကား​ပေါ်မှဆင်းလာသည့်​ ကိုရှိုင်းကိုကြည့်​လိုက်​ရာ

အို ဟာဝိုင်​ရီ အင်္ကျီကို​ဘောင်းဘီတိုနဲ့တွဲဝတ်​ပြီး
နေကာမျက်​မှန်​ကို အင်္ကျီမှာချိတ်​ထားကာ
ဆံပင်​​တွေကို ဂျယ်​ အကူအညီနဲ့သပ်​တင်​ထား​သော ကိုရှိုင်းက ဒီ​နေ့ အလွန်​တရာမှကြည့်​လို့​ကောင်း​နေသည်

"ငယ်​​လေးတို့ အဆင်​သင့်​ဖြစ်​ပြီလား"

"ဖြစ်​ပြီ ကိုရှိုင်း"

"ဖူးဖူး​ကော အဆင့်​သင့်​ဖြစ်​ပြီမလား
အဆင်​သင့်​ဖြစ်​ရင်​သွားရ​အောင်​"

"ဟုတ်​ကဲ့ ကိုကို"

"​ပေး ငယ်​ ကိုယ်​ကို အထုပ်​​တွေ"

"ရတယ်​..."

"ကိုကို ဖူးဖူးရဲ့ အထုပ်​​တွေကူသယ်​​ပေး​လေ
ဇေယျ ရဲ့အထုပ်​ကနည်းနည်း​လေး
သူပါသာသူ ​တောင်​သယ်​နိုင်​တယ်
ဟုတ်​တယ်​မလား ​ဇေယျ"

"ဟုတ်​တယ်​ ကိုရှိုင်း ငယ်​သယ်​နိုင်​တယ်
မမကိုဘဲဝိုင်းသယ်​​ပေးလိုက်​​ပါ​နော်​"

"ဒါ​ပေမဲ့ .....
ရတယ်​ဆိုရင်​လည်း ​ပေးဖူးဖူး ကိုယ်​ကိုအထုပ်​​တွေ"

ရှိုင်းလည်းအထုပ်​​တွေသယ်​ပြီး ကား​ဆီအရင်​သွားနှင့်​လိုက်​သည်

"ဟဲ့ ​ဇေယျ နင်​ ကြည့်​ကြပ်​ပြီး​နေ​နော်
ကိုကိုနား သိပ်​မကပ်​နဲ့
ဘယ်​လိုမှန်းမသိဘူး မိန်းမလိုလို ​ယောကျာ်းလိုလိုနဲ့ ​ပျော့တိ​ပျော့ဖက်​နဲ့ ကြည့်​လိုကိုမရဘူး
#^'*\€|±/&"

တွက်​သွားနှင့်​ပြီဖြစ်​​သော အမကိုကြည့်​ရင်း ကိုယ့်​ကိုယ်​ကို လည်းပြန်​ကြည့်​မိသည်
ငယ်​ငယ်​​လေးတည့်​က နှလုံး​ရောဂါ အခံရှိတာမို့
ခြူချာလွန်​သည်​ သူ့မှာ အမြဲဖြူ​ဖျော့​နေပြီး
အသက်​အရွယ်​နှင့်​မှ မလိုက်​ ညက်​လွန်းသည့်​ကိုယ့်​ကိုယ်​ကိုအားမလိုအားမရဖြစ်​ရသည်

တစ်​ဦးတည်း​သော အရင်းနှီးဆုံးသူငယ်​ချင်းဖြစ်​သည့်​​ကျော်​စွာ​ပြောရှာပါသည်

မင်းကကြည့်​ကြည့်​​လေ မိန်​က​လေးနဲ့တူ​လေဘဲတဲ့

တွေး​နေတာ​တွေရပ်​ပြီး အထုပ်​​တွေဆွဲကာ
ကိုရှိုင်းဆီကိုသာ​ပြေးသွားလိုက်​သည်

ကား​ပေါ်အထုပ်​​တွေတင်​ပြီး​တော့ကား​ပေါ်တက်​​တော့​မောင်းသူ​နေရာမှာကိုရှိုင်းကဝင်​ထားပြီး

"ငယ်​ ကိုယ်​နဲ့အတူအ​ရှေ့မှာလာထိုင်​​လေ"

ထိုစဉ်​ မမ၏မျက်​​စောင်းကငယ်​ဆီပြန့်​လွှင့်​လာသည်

"ရတယ်​ ကိုရှိုင်း ငယ်​​နောက်​မှာဘဲထိုင်​​တော့မယ်​ မမကသွားထိုင်​လိုက်​ပါလား"

"ဟုတ်​တယ်​ ကိုကို ​ဇေယျကကားမူး​တော့ အ​နောက်​ဘက်​မှာ​ချောင်​​ချောင်​ချီချီ ထိုင်​လို့ရတယ်​​လေကိုကိုရဲ့ အဲ့​တော့ ဖူး အ​ရှေ့မှာလာထိုင်​မယ်​​နော်​"

ပြောလည်း​ပြောပြီး ဖူးဖူးကား​ခေါင်း​ခန့်​​ရှေ့ကိုဝင်​ထိုင်​လိုက်​သည်
ငယ်​​လေး ကား​နောက်​ခန်းမှာဝင်​ထိုင်​ပြီး နားကြပ်​​လေးတပ်​ကာ ပြတင်း​ပေါက်​​လေးကိုမှီပြီး လိုက်​ခဲ့လိုက်​သည်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အတ္တ​ရောင်​ခြယ်​Where stories live. Discover now