အပိုင်း (၇)

8K 883 15
                                    


ယွမ်သခင်လေးက အားရှီကို သမားတော်သွားပင့်ခိုင်းလိုက်သည်။ သိပ်မကြာခင်မှာပင် သမားတော်က ရောက်လာပြီး သူမ၏ ဒဏ်ရာများကို စစ်ဆေးပေးသည်။

"သခင်မလေး အသက် မသေသွားတာ အတော်ကံကောင်းတာပဲ…. ဒီဒဏ်ရာတွေက သေနိုင်လောက်တဲ့အထိ ဖြစ်သွားနိုင်တယ်…"

သူမ၏ ခြေထောက်များကို ပတ်တီးစည်းပေးနေရင်းကနေ သမားတော်က ပြောလေသည်။

"အခုတော့ လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့ဦး… ကောင်းကောင်းအနားယူပါ… ခြေထောက်ကို အားပြုလမ်းလျှောက်တာတွေ မလုပ်ပါနဲ့… ခဏလောက်တော့ သည်းခံရမယ်…."

မို့ရန် စိတ်ပျက်သွားသည့် မျက်လုံးများဖြင့် သမားတော်ဆိုသူကို ကြည့်လိုက်သည်။

"ဦးလေး… ဒါက ဟန်ကျင်းမြို့ အစစ်ပဲလား…."

သမားတော်က သူမအမေးကြောင့် ပတ်တီးစည်းပေးနေသည့် လက်တို့ ခဏတုံ့သွားသည်။

"သခင်မလေး… အခုရောက်နေတာက ဟန်ကျင်းမြို့ပါ… သခင်မလေး အားအင်ပြည့်ဖို့ အနားယူလိုက်ပါဦး… သောက်ဖို့ ဆေးတွေ ပေးခဲ့ပါတယ်… တစ်နေ့နှစ်ခွက် မပျက်မကွက် သောက်ဖို့ လိုပါတယ်…"

ထို့နောက် သမားတော်က အားရှီကို ဆေးထုပ်များပေးပြီး ဆေးကြိုနည်းကို သေချာရှင်းပြပေးနေသည်။ သူမကတော့ သမားပြောသွားသည့် စကားတို့ကို နားထဲ ဝင်တစ်ချက်၊ မဝင်တစ်ချက်ဖြစ်ကာ…

"ကျနော်သွားပါတော့မယ်…. ယွမ်သခင်လေး… သခင်လေးဆီကို လာလည်ပါဦးမယ်…"

"ဖူသမားတော်… ရောက်လာပြီဆိုမှတော့ လက်ဖက်ရည်လေး သောက်သွားပါဦး…"

ကွမ်းချီက ပါးနပ်စွာပင် ဆေးဆရာကို လက်ဖက်ရည်သောက်ရန်အတွက် ဧည့်ခန်းသို့ ခေါ်သွားသည်။ ဧည့်ခန်းတို့ရောက်သည်နှင့် အစေခံလာပေးသွားသည့် နှင်းတောင်လက်ဖက်ရည်ကို တစ်ငုံမျှ ယူသောက်လိုက်ပြီး

"ဖူသမားတော်… ကျနော့်ညီမလေး အခြေအနေက စိုးရိမ်ရတာလား…."

"ယွမ်သခင်လေး… သခင်မလေးရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကတော့ ပျောက်သည်အထိ အာမခံ ကုပေးနိုင်ပါတယ်… ဒါပေမယ့်…"

တုံ့ဆိုင်းသွားသည့် သမားတော်ကို ကြည့်ခြင်းအားဖြင့် ညီမလေး၏ အခြေအနေသည် သိပ်ကောင်းမည်မဟုတ်ဟု ကွမ်းချီ အတပ်သိလိုက်သည်။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now