အပိုင်း (၁၀)

7.5K 865 24
                                    

"အမေ… အဲ့ဒီမို့ရန်ကို ပထုတ်ဖို့ လုပ်ပါဦး…"

"ဟုတ်တယ် အမေ…. မနေ့က သမီးတို့ကို ယွမ်ကိုကိုရှေ့မှာ အရှက်ကွဲအောင် လုပ်သွားတယ်…."

"ဒီမိန်းမ သေကို မသေနိုင်ဘူး…."

"နင်တို့ ငါ့ရှေ့က ခဏငြိမ်ငြိမ်နေကြပါဦး…. ငါ ခေါင်းနောက်လာပြီ…"

ရှေ့က သမီးနှစ်ယောက်ကို ငေါက်လိုက်ပြီး သခင်မကြီးဝမ် အသက်ကို ပြင်းပြင်း ရှူလိုက်သည်။ ဟွားဟူတောင်ကြားထဲထိ ကျသွားတာတောင် မသေသည့် ထိုမိန်းကလေးကို အတော်ကြီး အံ့သြသွားသည်။ မို့ရန်ကပဲ အသက်ပြင်းလွန်းတာလား၊ ကံတရားက သေခွင့်မပေးသေးတာလား မပြောတတ်။ ယွမ်မို့ရန် အိမ်ပြန်ရောက်လာသည်ဟု သတင်းကြားပြီးကတည်းက သခင်မကြီးဝမ် နှလုံးငြိမ်ဖို့ ပန်းပေါင်းစုံရှူဆေးကို အဆက်မပြတ်သွားစေရန် နှာခေါင်းနှင့် တေ့ထားရသည်မှာ ယနေ့ထိပင်။

မို့ရန်ကို လုပ်ကြံတာ သခင်ကြီးယွမ် သိသွားလို့ကတော့ ဒီသားအမိ ၃ဦး ပြေးပေါက် မှားရော့မည်။ ကံကောင်းစွာပင် ပြန်ရောက်နေသည့် မို့ရန်က ဘာကိုမှ မမှတ်မိတော့ကြောင်း သိရသည့်အခါ အသက်ရှူချောင်သွားသည်။ သို့သော် အတိတ်ကို ပြန်အမှတ်ရသွားလျှင်ဖြင့်….

"အမေ တစ်ခုခုကြံပါဦး…."

"နေဦး… ငါ သခင်ကြီးယွမ်ကို မို့ရန်ကို အိမ်ထောင်ချပေးဖို့ ပြောထားတယ်…"

"ဘယ်သူနဲ့လဲ…"

"အမတ်စုန့်ရဲ့သား…"

ဝမ်စူးစူ နဲ့ ဝမ်လုလု (ဒုတိယနှင့် တတိယ မမလေး) မျက်နှာတွင် တိမ်မည်းများ ဖုံးအုပ်သွားသည်။ သူမတို့နှစ်ယောက်လုံး အမတ်စုန့်၏သား စုန့်ချင်းလျိုကို သဘောကျနေသည်မို့ ထိုသတင်းသည် သူမတို့အဖို့ အမင်္ဂလာပင်။

"အမေ… သူ့ကို ဘာလို့ အမတ်စုန့်ရဲ့ သားနဲ့ စီစဉ်ပေးရတာလဲ…."

"တခြားတစ်ယောက်နဲ့ ပြောင်းလို့ မရဘူးလား…."

"နင်တို့နှစ်ယောက် စုန့်ချင်းလျိုကို ဘာလို့ ကြိုက်နေကြတာလဲ… ငါ နင်တို့ထဲက တစ်ယောက်ကို ကွမ်းချီနဲ့ နေရာချပေးဖို့ လုပ်ထားတယ်… တော်ကြတော့…."

ကွမ်းချီနှင့် လက်ထပ်ရမည်ဆိုသဖြင့် နှစ်ယောက်လုံး တိတ်ကျသွားသည်။ စုန့်ချင်းလျိုကိုတော့ သူမတို့ စိတ်ဝင်စားယုံသာ။ ကွမ်းချီကို ကြိတ်ခိုက်နေကြသောကြောင့် ကိုယ့်အတွေးနှင့်ကိုယ် ကွမ်းချီကို မည်ကဲ့သို့ ဆွဲဆောင်ရမည့် နည်းလမ်းများကို အပြေးအလွှားစဉ်းစားကြတော့သည်။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now