အပိုင်း (၁၅)

7K 825 34
                                    






"ငါတို့ ဘယ်သွားရမှာလဲ…. အားရှီ…"


မြို့ပြင်ဘက်က သူမနဲ့ သိပ်မရင်းနှီး။ မြို့တံခါး နှစ်ပေါက် ရှိသည့်အနက် ပြေးလာသည့် နေရာက သူမ တစ်ခါမှ မလေ့လာရသေးသည့်ဘက် ဖြစ်သည်မို့ နယ်ခံဖြစ်သည့် အားရှီကိုသာ လမ်းပြခိုင်းရတော့မည်။


"မမလေး… ဒီကနေဆက်သွားရင် အမဲလိုက်တောဘက်ပဲ ရှိတာ…"


"မတတ်နိုင်ဘူး… ငါတို့ သွားကြတာပေါ့…"


အားရှီလက်ကိုဆွဲပြီး အခြားလူများ မရိပ်မိခင် တောအုပ်ဘက်သို့ ဝင်ခဲ့လိုက်သည်။ တောအုပ်ထဲ ရောက်သည်နှင့် မြူတို့အလွန်အမင်း ကျဆင်းနေသည်မို့ ပတ်ဝန်းကျင်ကို သိပ်မမြင်ရချေ။ တစ်ယောက်လက်ကို တစ်ယောက် မလွတ်သွားစေရန် မြဲမြဲဆွဲပြီး စမ်းတဝါးဝါးဖြင့် ရှေ့ဆက်တိုးသွားရသည်။ နာရီဝက်ခန့် လမ်းလျှောက်မိသောအခါ မြူတို့ကျဲပါးသွားပြီး သစ်ရွက်ကြွေတို့ အပြည့်ဖုံးလွှမ်းထားသည့် ကွင်းပြင်တစ်ခုသို့ ရောက်သွားသည်။ ထိုနေရာကို သူမ သိပ်မသင်္ကာ။ ရှေ့ရောက်နေသည့် အားရှီကို ဆက်မသွားရန်အတွက် ပြောရမည်။


"အားရှီ… မသွား…."


"မမလေး…"


ဝုန်း….

"အားရှီ…."


သူမစကားပင် မဆုံးလိုက်သေး။ အားရှီ မြေကျွင်းနက်ထဲ ကျသွားသည်မို့ လှမ်းဆွဲလိုက်ပေမယ့် အရှိန်နှင့် ကျသွားသဖြင့် သူမလည်း အားရှီ၏ ကိုယ်အလေးချိန်ကို မခံနိုင်ဘဲ မြေကျွင်းထဲ ပြုတ်ကျသွားသည်။ အောက်မှာ ကတုတ်တွေစိုက်ထားရင် ငါတို့တော့ သေပြီ…!


ကံကောင်းစွာပင် ကတုတ်များ မစိုက်ထားသော်ငြား အမြင့်မှ ပြုတ်ကျလာသည်မို့ မြေကြီးနှင့် နှစ်ဦးသား မိတ်ဆက်သွားသည်။ သူမဘေးနားတွင် အဖြူရောင် ရောင်ပြန်တစ်ခု လက်သွားသည်ကို တွေ့လိုက်ပြီးနောက်ဆုံး ဘာဆို ဘာမှမသိတော့။

မျက်နှာကို နေရောင်စူးစူးလာထိသဖြင့် သူမ မျက်လုံးကို အားယူပြီး ဖွင့်ကြည့်လိုက်သည်။ ကောင်းကင်ပြာပြာကို လှမ်းမြင်ရပြီး အလင်းတို့ ရုတ်တရက် ဝင်လာသဖြင့် မျက်လုံးက မခံနိုင်။ အမြန် မျက်လုံးမှိတ်လိုက်ပြီး ဖြေးဖြေးချင်း ပြန်ဖွင့်သည်။ အမြင်အာရုံကောင်းကောင်း ပြန်ရလာချိန်တွင် အားရှီက သူမဘေးတွင် ငုတ်တုတ်။

ကြင်ယာတော် "မို့ရန်"Where stories live. Discover now