အပိုင်း-၁

48.6K 2K 161
                                    

ဟန်နိုင်ငံ ဘုရင်မခေတ်မှာ ဟန်နိုင်ငံ၏ ဘုရင်မ ဟန်ယူရှင်းက တူဖြစ်သူ လျန်မင်းသား တစ်ပါး ဖြစ်သော ကောင်းကျင်းဝမ်အား ဓားစာခံ မင်းသားအဖြစ်နဲ့ ဟန်တိုင်းပြည် နန်းတွင်းမှာ နေစေခဲ့သည်။ ပထမအကြိမ် လေးနှစ်သားကတည်းက ဟန်တိုင်းပြည်ကို ခေါ်ဆောင်လာပြီး ဟန်မျိုးနွယ် ခံယူဖို့ကို ဟန်ယူရှင်းက ကြိုးစားခဲ့ပေမယ့် ကန့်ကွက်မှု များကြောင့်.. ကောင်းဆိုတဲ့ မျိုးနွယ်ကိုသာ ကျင်းဝမ်က ခက်ခံခွင့် ရခဲ့သည်။

လျန်နိုင်ငံ ကောင်းမင်းဆက်ဟာ ဟန်ယူရှင်းကြောင့် ပျက်သုဉ်းခဲ့ရသည်။ ကောင်းကျင်းဝမ်၏ဖခင်က ကောင်းမင်းဆက်ရဲ့ စတုထ္တမြောက် ဘုရင် ကောင်းဝမ် ဖြစ်သည်။ ကောင်းဝမ်လက်ထက်မှာ ဟန်ပြည်က လေးယောက်မြောက်မင်းသမီးကို မိဖုရားအဖြစ် တောင်းယူခဲ့သည်။ ထိုတွင်.. လျန်ဘုရင် ကောင်းဝမ်နဲ့ ဟန်မင်းသမီးဟန်လျဲ့တို့မှ ကောင်းကျင်းဝမ်ကို မွေးဖွားခဲ့သည်။ ကောင်းဝမ်က နေမကောင်းတဲ့ ဘုရင် ဖြစ်တာကြောင့် နန်းတက်ပြီး လေးနှစ်အကြာမှာ.. လုပ်ကြံခံရပြီး ညီတော် ဖြစ်သူ ကောင်းရဲ့က ထပ်မံ နန်းတက်ခဲ့သည်။

လျန်နိုင်ငံ ကောင်းရဲ့ဘုရင် လက်ထက်မှာ.. တိုင်းပြည်ဟာ ဆူပူမှု ပိုပြီး ဖြစ်ပွားခဲ့၏။ ကောင်းရဲ့ဘုရင်ဟာ အိမ်ကို မထိန်းနိုင်လို့ အိမ်နီးချင်းကို အပ်ခဲ့တဲ့ ပထမဆုံးသော ဘုရင် ဖြစ်ခဲ့သည်။ လျန်နိုင်ငံ နန်းတွင်းရေးကို မထိန်းချုပ်နိုင်ပဲ စစ်ရေးကိုသာ ဦးစားပေး ခဲ့ပြီးနောက် ဟန်ပြည်မှ ထင်ရှားသော မင်းသမီး ဟန်ယူရှင်းကို ဖိအားပေး တောင်းဆိုခဲ့သည်။

စစ်သူကြီးတစ်ဖြစ်လဲ မင်းသမီး ဟန်ယူရှင်းသည် ထက်မြက် ပြည့်စုံသော စစ်သူကြီး ဖြစ်သည့် အားလျော်စွာ.. မိဖုရားခေါင် အဖြစ်နဲ့ ကောင်းရဲ့နဲ့ အတူ နန်းတက်ခဲ့ပြီးနောက် လျန်နန်းတွင်းရေးကို မွေနှောက်ခဲ့သည်။ ပြီးနောက် အဆုံးမှာ ဟန်ပြည်မှ စစ်တပ်ကို ခေါ်ဆောင်လျက် လျန်ပြည်ကို သိမ်းယူခဲ့၏။ ဟန်ပြည်သို့ အပြန်တွင် တူဖြစ်သူ ကောင်းကျင်းဝမ်အား ခေါ်ဆောင်သွားခဲ့ပြီး.. လျန်နိုင်ငံ ကောင်းမင်းဆက်ဟာ ငါးဆက် မြောက်မှာ ပျက်သုဉ်း သွားခဲ့သည်။ ထို့အတူ ကောင်းကျင်းဝမ်သည်လည်း ဟန်တိုင်းပြည်က နန်းတွင်းမှာ ကြီးပြင်းခဲ့ရသည်။

Oh! My Dear Minister (ချစ်လှစွာသော အမတ်မင်း)Where stories live. Discover now