Part 24

1.3K 93 4
                                    

"မင်း မြူနှင်း​ဝေ ကိုပြန်​လိုက်​မလို့လား"

"အင်း ၊ ဒါ​ပေမယ့်​ သူ့ဘက်​က ငါ့ကိုအရမ်းကို ခါးခါးသီးသီးဖြစ်​​နေတာကွာ၊ ငါသွား add တာလည်း လက်​မခံဘူး"

"သူမင်းကို​သေ​အောင်​ချစ်​တာဆို ၊ အဆင်​​ပြေသွားမှာပါ "

"ငါမှားတာပါကွာ၊ အဲ့တုန်းက သူ့အချစ်​​တွေကို တန်​ဖိုးမထားမိဘူး။ အခုချိန်​လည်း ငါသူ့ကိုချစ်​လားဆိုတာမ​သေချာဘူး ။ ငါသူ့ကိုပြန်​လိုချင်​တာပဲသိတယ်​"

ကန်​တင်းတွင်​ ထမင်းစား​နေရင်း ဟိုဘက်​ဝိုင်းမှ စကားသံများကို အတိုင်းသားကြား​နေရသည်​။
ယောက်ျား​လေးချင်းမို့ ဘုန်း​ဝေသိသည်​။
သူ မြူနှင်း​ဝေကို မချစ်​၊ မြူနှင်း​ဝေ သူ့ကိုချစ်​တာကိုပဲချစ်​တာဖြစ်​သည်​။ အခုလည်း ထို​ကောင်​မ​လေးကို ကစားချင်​​နေတာပဲ ဖြစ်​ရမည်​။ ဟိုနွားမ​လေးကလည်း ဒီအ​ကောင်​ကိုပြတ်​နိုင်​တာမဟုတ်​၊ စိတ်​ထဲရှိ​နေ​သေးသည်​။

"ဟိန်းမြတ်​သူရာ ၊ first year ကတည်းက ငါမင်းကိုမ​ပြောခဲ့ဘူးလား၊ ​ကောင်​မ​လေးက မင်းကို အ​သေ​ကြွေ​နေတာလို့၊ မိန်းက​လေး ဘက်​က အဲ့​လောက်​ဖြစ်​​နေတာကို မင်းအားနာ လို့ငါ​တို့မ​ပြောခဲ့ဘူးလား ။ မင်းတို့စပြတ်​တုန်းကကွာ သူ့ခဗျာ ငါ့ကိုလာ​ပြော​သေးတယ်​။ မင်းအဆင်​​ပြေ​နေလား မူး​နေလား မူးရင်​ထိန်း​ပေးဖို့ စုံလို့ပဲကွာ။ မင်း အိမ့်​မြတ်​ နဲ့ဖြစ်​သွားမှ သူလာမ​ပြော​တော့တာ"

ဘုန်း​ဝေက မ​ကျေမနပ်​ဖြင့်​ "နွားမ​လေး "ဟု ​ရေရွတ်​လိုက်​သည်​။ ထို​ကောင်​မ​လေးကို အဲ့​လောက်​ အစွဲအလမ်းမကြီး​စေချင်​။

"သူငါ့ဆီပြန်​လာပါ့မလားကွာ"

"စိတ်​မပူနဲ့ ပြန်​လာမှာ၊ မင်းနဲ့ပြတ်​ကတည်းက သူအခုထိ ရည်းစားမထား​သေးဘူးမလား။ မင်းကို​စောင့်​​နေတာ​နေမှာ။ အချစ်​ဦးကို​မြေးဦးရတဲ့အထိမ​မေ့ဘူး ဆိုတဲ့စကားရှိတယ်​မလား။ မင်းကိုမ​မေ့နိုင်​​သေးဘူးဆိုတာ လုံးဝ​သေချာတယ်​။ မင်းကို ဆယ်​တန်းကတည်းက ကြိုက်​တာဆို"

Girl With Philophobia (completed) Where stories live. Discover now