Part 19

434 25 0
                                    

ဆုမွန် ဝရံတာဘက်ထွက်ကာ ထိုင်ချလိုက်သည်။
ထို စာအုပ်ကိုမဖတ်ဖြစ်ခဲ့ရင်ကောင်းသား။
ဘုန်းဝေနှင့် ဂိမ်းဆော့နေချိန်တွေဆို မြူနှင်း ပျော်နေခဲ့တာတွေ။ ဘယ်အချိန်ကတည်းက စကြိုက်နေတာပါလိမ့်။ မြူနှင်း ဘယ်လောက်ရင်နာခဲ့မလဲ။
ကိုယ်သဘောကျနေတဲ့သူကို ကိုယ့်အချစ်ဆုံး သူငယ်ချင်း နဲ့ တွဲတွေ့နေရတာ။ နင့်အချစ်တွေကို ငါမသိအောင်ဖုံးထားနိုင်သားပဲ။ အားနာလိုက်တာ၊
ပြီးတော့ သနားလိုက်တာ ။ နင်ကြိုက်နေမှန်းသာသိရင် ငါသူနဲ့မတွဲပါဘူး။
ဘုန်းဝေကရော...။ သူ့ရင်ထဲမှာ မြူနှင်းရှိနေခဲ့တာလား။ မြူနှင်း နှင့် ဂိမ်းအတူဆော့ချိန်ဆို ထူးထူးခြားခြား မျက်ဝန်းတွေကပါ ပြုံးနေတတ်တာတွေ။
ညဘက် မြူနှင်း နှင့် ဂိမ်းဆော့နေချိန်တွေဆို
ဆုမွန်ဖုန်းခေါ်လျှင်မကိုင်။

ဘုန်းဝေက ခန့်မှန်းရခက်သည့်လူမျိုး။ သူ့ခံစားချက်အစစ်အမှန်ကို မဖော်ပြတတ်။သူများ သနားတာလည်းမခံချင်သောလူမျိုး ဖြစ်သည်။ ဒါပေမယ့် သူလိုအပ်နေတာ တစ်ခုရှိသည်။ မေတ္တာ.. .
သူထုတ်မပြောပေမယ့် ဆုမွန်သိနေသည်။
မေတ္တာမရခဲ့ဘဲ အထီးကျန်နေသည့်လူတစ်ယောက်၊ ဒါပေမယ့် သူ့ကိုယ်သူ လိမ်နေသည်။
ပျော်ချင်ဟန်ဆောင်နေသည်။

မြူနှင်းလည်းအတူတူပင်။ ဒါပေမယ့် ဘုန်းဝေလောက်တော့ ဟန်ဆောင်မကောင်း၊ မြူနှင်း က သူ့ခံစားချက်တွေကို အမြဲဖွင့်ပြတတ်သည်။
မြူနှင်း လည်း အထီးကျန်နေသော လူတစ်ယောက်ပင်ဖြစ်သည်။

ဆုမွန် သက်ပြင်းချလိုက်ပြီး ဘုန်းဝေဆီဖုန်းခေါ်လိုက်သည်။

"ကိုကို"

"အင်း ဘေဘီ"

"ကိုကို့ ကိုသတိရလို့"

"ကိုကိုလည်း သတိရနေတာ၊ဟင်.. ဘေဘီ ဘာလို့ငိုနေတာလဲ "

"ဒီတိုင်းပဲ စိတ်မကောင်းစရာတစ်ခုရှိလို့"

"မငိုနဲ့တော့ ကိုကို့ဘေဘီလေး"

သူဆုမွန်ကိုချစ်တာပါ။ ဟုတ်ပါတယ် ။ ဆုမွန် ခံစားချက်တွေ မှားနိုင်စရာမရှိဘူး။ မြူနှင်းကရော...
သနားစရာ သူငယ်ချင်းလေး မြူနှင်း ။
ငါလမ်းခွဲလိုက်ရမလား။

••••••••••••••••••••••••••••••••••••••••••••

အောင်စာရင်းစာရွက်ကိုကြည့်ပြီး မြူနှင်း နှင့် ဆုမွန် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်လိုက်မိသည်။ "Re-exam ပြန်လည်ဖြေဆိုရမည့်သူများ "ဟူသော ခေါင်းစဉ်အောက်တွင် ပြုံးပြုံးကြီးရပ်နေသော နာမည်များ။ ဘုန်းဝေယျာညိမ်း နာမည်လည်းပါသည်။ သုံးယောက်လုံး Mechanics Re ထိကျသည်။

"ငါကျမယ်လို့ထင်သားပဲ သိလား ဆုမွန်"
မြူနှင်း က ရယ်ပြီးပြောလိုက်သည်။

"ကျသင့်ပါတယ်လေ။ တပတ်လောက်အလိုမှ စာစလုပ်ပြီး လင်ပူမိနေတာဆိုတော့"

"မသာမ ငါ့ကိုပြောရက်လိုက်တာ။ နင်ကျတော့ရော ရည်းစားရပြီး သာယာနေတာနဲ့ ကျပြီမလား"

"သူမရတိုင်း။ ဒါနဲ့ နင့်ကောင်ရောကျတယ်မလား"

နင့်ကောင် ဆိုသည်မှာ ဟိန်းမြတ်ကိုဆိုလိုမှန်း မြူနှင်း သိလိုက်သည်။

"ကျတယ်။ Maths ထိတာ"

"ဘာသာစုံကျသင့်တာ၊ ဘဝမှာ ကိုယ့်ကိုဘာမှမလုပ်ဘဲ သောက်မြင်ကတ်တာ အဲ့ကောင်တစ်ကောင်ပဲရှိတယ်။ First year တုန်းကလည်း semester နှစ်ခုလုံး Re ထိတယ်မလား။
ရုပ်ကဖြင့် ခွေးကျွေးလို့မစားတဲ့ရုပ်နဲ့။ ရုပ်ကလေးများချောရင် ဘယ်လိုနေမလဲမသိဘူး"

ဆုမွန်တို့များ ဟိန်းမြတ်ကိုဘယ်ဘဝကတည်းက မုန်းနေမှန်းမသိ။ ဟိန်းမြတ်ကိုပြောတာများရစရာတောင်မရှိ။

"ဟဲ့..နင်ကလည်း ၊ ဟိန်းမြတ် ကိုဆို ပြောဖို့ပဲ။
ဆယ်တန်းတုန်းက All D ပါနော်"

မြူနှင်း တို့များနော်။ စိတ်ထဲမရှိတော့ဘူးဆိုပြီး
ကာကွယ်နေလိုက်တာ။ ဒါမှမဟုတ် သူ ဘုန်းဝေကို ကြိုက်နေတာမသိအောင် ဟိန်းမြတ်ကို ကာဗာပြန်ယူနေတာများလား။

"ဆယ်တန်းတုန်းက All D လည်း အခုခွေးဖြစ်တာပဲမလား။ ငါလည်း 5D ပါနော် မြန်မာစာကို ၂မှတ်နဲ့ပြုတ်တာ"

"အဲ့ဒါတော့ အဲ့ဒါပေါ့ "

"လာ...Reထိတဲ့အထိမ်းအမှတ်နဲ့ ပုသိမ်ကြီးထဲ မုန့်သွားစားမယ်"

"အေး သွားရအောင် "

Girl With Philophobia (completed) Where stories live. Discover now