Part 35

470 30 0
                                    

အဲ့ဒါကြောင့် ကျွန်မပြောခဲ့တာ၊ အချစ်ကိုမယုံဘူးလို့။ အခုဆို ကျွန်မနဲ့ဘုန်းဝေ စကားမပြောဖြစ်တော့ဘူး။ လမ်းမှာတွေ့ရင်တောင် မသိချင်ယောင်ဆောင်သွားကြတယ်။ ဒါက အချစ်တစ်ခုရဲ့ နိဂုံးပဲလေ။ ချစ်ကြမယ် ၊ လမ်းခွဲကြမယ်၊ မုန်းကြမယ် ၊
ပြီးရင် ဘယ်တုန်းကမှ မပတ်သက်ခဲ့သလို တစ်ယောက်နဲ့တစ်ယောက် လျစ်လျူရှုကြမယ်။
အဲ့ဒါကြောင့် မချစ်ချင်ခဲ့တာ။

သူနဲ့အတူစာကြည့်ဖူးခဲ့တဲ့နေရာတွေရောက်ရင်၊
သူနဲ့အတူကြည့်ဖူးတဲ့ ရုပ်ရှင်ရုံတွေရောက်ရင်၊
လျှောက်လည်ဖူးတဲ့နေရာတွေရောက်ရင်၊
အနည်းနဲ့အများတော့ နာကျင်ရတာပါပဲ။
သူရောဘယ်လိုနေမယ်မသိ၊ သူကတော့ဘာမှခံစားရမှာမဟုတ်ပါဘူးလေ၊ ချစ်ခဲ့တာမှမဟုတ်တာ။

ပြတင်းပေါက် အပြင်ဘက်ကိုငေးနေတဲ့ မြူနှင်း ကိုကြည့်လိုက်ရင်း ကျွန်တော်သူမကို ဆုံးရှူံး လိုက်ရပြီဆိုတာ ပိုသေချာလာခဲ့တယ်။ သူ့ရင်ထဲက ကျွန်တော့နေရာမှာ အခြားတစ်ယောက်က နေရာယူသွားပြီပဲ။ သူက စာသင်ချိန်မှာ ပျင်းနေရင် ဖတ်စာအုပ်တွေမှာ နာမည်အတိုကောက်တွေထိုင်ရေးလေ့ရှိတယ်။ First year နဲ့ Second year ဖတ်စာအုပ် တွေမှာ HMT ဆိုတဲ့ ကျွန်တော့နာမည်အတိုကောက်စာလုံးလေးတွေက နေရာယူခဲ့ပေမယ့်
အခု Third year ဖတ်စာအုပ် တွေမှာ သူရေးနေတာ ကျွန်တော့နာမည်မဟုတ်တော့မှာတော့ သေချာသည်။

လူတွေက ရှိနေတုန်းမှာတန်ဖိုးမထားတတ်ကြဘူး။
ကျွန်တော်လည်း သူ့ကိုတန်ဖိုးမထားမိခဲ့တဲ့အတွက် အခု ခံစားနေရတာတွေက ထိုက်တန်ပါတယ်။
Welcome မှာ သူ့အတွက် ရည်ရွယ်ပြီး သီချင်းဆိုပြတာတောင် ဘုန်းဝေလက်ကိုဆွဲပြီးထွက်သွားခဲ့သူ။ အဲ့ကတည်းက သူရွေးချယ်ပြီး ဖြစ်လောက်တယ်။သူတခါပြောဖူးတယ်။ တဖက်လူရဲ့ မေတ္တာကစစ်လွန်းရင် မေတ္တာစူးတတ်တယ်တဲ့။
ကျွန်တော် အခု သူပြောတဲ့အတိုင်း မေတ္တာစူးနေတာ။

"On your wedding day"ထဲမှာ မင်းသားပြောတဲ့စကားတစ်ခွန်းက
"အချစ်ဆိုတာ အချိန်ကိုက်မှုပဲ။ ကျွန်တော် သူမကိုဘယ်လောက်ထိချစ်တယ်ဆိုတာထက် ကျွန်တော်နဲ့သူမ ဘယ်အချိန်မှာတွေ့ကြသလဲ ဆိုတာကပိုအရေးကြီးတယ်" တဲ့။

Girl With Philophobia (completed) Where stories live. Discover now