Part 18

455 31 0
                                    

မြူနှင်း ရှေ့မှမြင်ကွင်းကို မယုံကြည်နိုင်စွာကြည့်နေသည်။ လုံးဝကိုမထင်ထားခဲ့တာ။ဘယ်လိုလုပ်ပြီး
သူတို့နှစ်ယောက်က ။

"မအံ့သြပါနဲ့ဟ။ ငါကနင်နဲ့မိတ်ဆက်ပေးမလို့ပဲ။
စာမေးပွဲတွင်းကြီးဖြစ်နေလို့"

ဆုမွန်က ဘုန်းဝေလက်ကိုချိတ်ထားရင်း မြူနှင်း ကိုကြည့်ပြီးပြောလိုက်သည်။

"နင်တို့နှစ်ယောက် ဖြစ်နေတာကြာပြီလား"

"မကြာသေးပါဘူး Private study ကျမှ စဖြစ်တာ"
ဘုန်းဝေကဝင်ပြောသည်။ သြော်...
Private study ရက်အတွင်း ဆုမွန် စာသွားလုပ်မယ်ဆိုပြီး ထွက်ထွက်သွားတာ ဘုန်းဝေနဲ့ စာသွားလုပ်နေတာပေါ့။

"ရော့စား ။ ငါ့oppa ကိုလာပို့ခိုင်းလိုက်တာ"

"အင်း ဟုတ်တယ်။ ဒါပေမယ့် အစကတော့ သီချင်းဆိုဖို့လာတာမဟုတ်ဘူး"

ဆုမွန်နှင့်ဘုန်းဝေပြောသည်များကိုမြူနှင်း ပြန်တွေးမိသွားသည်။
ဒါဆို မြူနှင်း သောက်ထားတဲ့နေ့က ဆုမွန်ကို ရေခဲမုန့် လာပို့တာသူပေါ့။

"နင်တို့နှစ်ယောက်လုံး ငါ့ကိုလျိုထားတယ်။
အကျင့်မကောင်းဘူး..ဟွန့်"

ငေးကြည့်နေရုံလေးမြတ်နိုးမိတဲ့ ကြယ်လေးမှာ ပိုင်ရှင်ရှိနေပြီတဲ့လေ။ ကြယ်လေးကြောင့်သာ အချစ်ဟောင်းကိုမေ့နိုင်ခဲ့တာ (မေ့ပြီလို့တော့ထင်တာပဲ)။
ကြယ်လေး ရဲ့ပိုင်ရှင်ကလည်း ကျွန်မ အချစ်ရဆုံးသော အချစ်ဆုံးသူငယ်ချင်းလေး။
ပျော်ရွှင်ပါစေ...ငါ့ရဲ့ကြယ်လေး....

"မြူနှင်း ငါတို့သွားလည်မလို့။ အဆောင်ကို နင်တစ်ယောက်တည်းပြန်လိုက်တော့..ဟီး"

"ငါ့မှာလာစောင့်နေရတာကိုမှ အားမနာ။ အစုတ်ပလုတ်မ ဆုမွန်။ ရပါတယ် သွား..သွား..။ ယူတို့ rs တွေပဲသွားကြ"

"ဟီးဟီး သွားပြီ။ တာ့တာ"
ဆုမွန်က မြူနှင်း ကိုတာ့တာပြလိုက်ပြီး
"ဆာရာငဲ "ဟုပြောသွားသေးသည်။

ဘုန်းဝေက ဆုမွန်လက်ကိုဆုပ်ကိုင်ပြီးထွက်သွားသည်။
လိုက်ဖက်ပါတယ်လေ။ နှစ်ယောက်စလုံးက type တူပြီး ချစ်စရာလေးတွေ။

Girl With Philophobia (completed) Where stories live. Discover now