Part 4 (U)

675 46 1
                                    

လက်မှနာကျင်မှုနှင့်အတူ နှလုံးသားတနေရာမှနာကျင်မှုများသည် မျက်ရည်များအဖြစ်ကျဆင်းလာသည်။ ဟိန်းမြတ် လိုက်လာလိမ့်မည်ဟုထင်ထားခဲ့သည်။ သို့သော် ရောက်လာသူက အခြားတစ်ယောက်။ မနေ့ကကောင်လေး...
သူကျွန်မနာမည်ကိုခေါ်လိုက်သည်။
သူကျွန်မနာမည်ကို သိတယ်လား။

"နင် ရရဲ့လား။ ဆေးခန်းသွားမလား။"

"ရပါတယ် ဘာမှမဖြစ်ဘူး"

ဘာမှမဖြစ်ဘူးဟုသာပြောနေသော်လည်း လူကခပ်ယဲ့ယဲ့။ မနေ့က မိုးမိထားသောအရှိန်နှင့်ဖျားနေဟန်တူသည်။သူနဲ့ အဲ့လောက်ကြီးရင်းနှီးတာလဲမဟုတ်၊ အခန်းထဲ ပြန်ဝင်တာပဲကောင်းပါတယ် ။
တော်ကြာ ၃ပွင့်ဆိုင်တွေ ၄ပွင့်ဆိုင်တွေ၊ rs ပြဿနာတွေကြားထဲဝင်မပါတာပဲကောင်းတယ်။

"ဘုန်းဝေယျာညိမ်း "

"ဟင်၊ အေး"

"အကူအညီတစ်ခုလောက်တောင်းချင်လို့"

"အင်း ပြောလေ"

"ငါအတန်းထဲ ပြန်မဝင်ချင်တော့ဘူး။ အဲ့ဒါ ငါ့အဖွဲ့ထဲက ကောင်မလေးကို ငါ့လွယ်အိတ်ယူလာပေးဖို့ပြောပေးပါလားဟင်။"

"အော်၊ အေး"

"ကျေးဇူးပဲ။ အဲ့ဒါဆို ငါတီချယ့်ဆီခွင့်သွားတိုင်ပြီးပြန်လိုက်တော့မယ်"

********************
" ကျေးဇူးပဲ"

ဆိုင်ကယ်ပေါ်မှဆင်းကာ အိမ့်မြတ်ကပြောလိုက်သည်။

"အင်း။ အိမ့်"

ကျွန်တော်က အိမ့် ဟုခေါ်လိုက်သောအခါ သူမလေးရှက်သွားပုံပင်။

"ငါသွားတော့မယ်" သူမကပြုံးပြီးပြောသည်။

"နောက်တခါသတိထားမောင်းဦး။ ထပ်မလဲစေနဲ့"

"အင်းပါ"

"ဆိုင်ကယ်မကျွမ်းသေးဘူးမလား။ ငါသင်ပေးရမလား"

"သင်ပေးမလို့လား"

"အင်း။ သင်ပေးမယ်လေ မနက်စောစောဖြစ်ဖြစ်"

"သင်ပေးတာတော့ဟုတ်ပါပြီ။ နင့်ကောင်မလေး
အထင်လွဲနေဦးမယ်"

"ပြတ်သွားပြီဟ"

"သြော်"

ဟိန်းမြတ်ကခင်ဖို့ကောင်းသောယောကျ်ားလေးဖြစ်သည်။ အရာရာသည်းခံတတ်ပုံပင်။အိမ့်မြတ် အတွက်တော့ ဟိန်းမြတ်က မက်မောစရာပြည့်စုံနေတာမျိုးမဟုတ်သော်လည်း ဟိန်း တွင် ဆွဲဆောင်မှု
တမျိုးရှိသည်။ ဘယ်လိုဆိုတာတော့မပြောတတ်။
အပြောချိုချိုလေးတွေလား။ အသံချိုချိုလေးလားတော့မသိ ၊မိန်းကလေး တွေကိုဆွဲဆောင်နိုင်တာတော့သေချာသည်။ အိမ့် က Queen ဆိုတော့လာကြိုက်ကြတဲ့ King တွေ Smart တွေရှိသော်လည်း ၊ မည်သူ့ကိုမျှ စိတ်ဝင်စားခြင်းမရှိခဲ့။

Girl With Philophobia (completed) Where stories live. Discover now