"မိုးရွာနေတာကို စိတ်မမှန်တော့ဘူးလား "
အသံကြောင့် ကျွန်မမော့ကြည့်လိုက်သည်။
အရပ်ရှည်ရှည်ထိုကောင်လေး။
အမြဲတမ်း နောက်ဆုံးခုံမှာထိုင်တတ်သောကောင်လေး။ နာမည်လည်းမသိ။ မေဂျာလည်းမသိ။
သူက ကျွန်မကိုဆွဲထူလိုက်ပြီး"လာ.. အတန်းထဲသွားမယ်"
နောက်ဆုံးခုံတစ်ခုမှာဝင်ထိုင်လိုက်ပြီး သူ့ကိုကြည့့်မိတော့ ဆံပင်တွေစိုကုန်သည်။ အကုန်လုံးမရွှဲကုန်သော်လည်း အနည်းငယ်တော့စိုနေသည်။
"ဆောရီးနော်...ငါ့ကြောင့် "
ကျွန်မအားနာစွာဆိုလိုက်မိသည်။
"မလိုပါဘူး။ ငါ့ဆုံးဖြတ်ချက်နဲ့ငါလာခေါ်တာလေ။
နင့်ကြောင့်မှ မဟုတ်တာ "ဟင်...။ သူကဘယ်လိုပါလိမ့်။ စကားပြောတာလည်း ကန့်လန့်ကြီး။ လူပုံစံကလည်း အေးတိအေးစက်နဲ့။
"ကျေးဇူးပဲ"ဟု ကျွန်မထပ်ပြောလိုက်သောအခါ
သူက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းတချက်ညိတ်ပြသည်။သူကလည်းဘာစကားမှမပြော။ မြူနှင်းကလည်းဘာမှမပြော။ နာမည်လေးပင်မိတ်ဆက်ခြင်းမရှိ။
သူက ဂိမ်းဆော့နေဟန်တူသည်။
နာမည်မေးလိုက်ရမလား။ သူကလည်းချေလိုက်တာ။နည်းနည်းပါးပါး စကားလေးဘာလေးပြောတာမဟုတ်ဘူး။ အနေခက်လိုက်တာ။ထိုနေ့ပြီးနောက် မြူနှင်းဖျားတော့သည်။ ကြာသပတေးနေ့ မနက်ပိုင်းအတန်းချိန်တွေကပျက်လို့ရပေမယ့် နေ့လည်ပိုင်း practical ချိန်တွေကတော့ပျက်လို့မရ။ နေ့လည်ပိုင်းတွင် physic practical နှင့် chemistry practical နှစ်ခုရှိရှာ chemistry ချိန်ကျမှ ထိုကောင်လေးနှင့် တစ်ခန်းတည်းဖြစ်မှန်းသတိပြုမိသည်။ အရင်ကဘာလို့သတိမထားခဲ့မိမှာလိမ့်။ ဆရာမက roll callကိုအမည်နှင့်ခေါ်သည်ဖြစ်ရာ နားထောင်ကြည့်မိတော့ ထိုကောင်လေးအမည်က "ဘုန်းဝေယျာညိမ်း "တဲ့။
ဘုန်းဝေယျာညိမ်း
သိပ်အချောကြီးမဟုတ်သော်လည်းဆွဲဆောင်မှုရှိသောကောင်လေးတစ်ယောက်ပင်။
သူ့ကိုကြိုက်သည့်မိန်းကလေးတွေလည်းများမည့်ပုံ။ သူ့ပုံစံကလူအများနှင့်ရောရောနှောနှောမနေတတ်သည့်ပုံ။ ကျွန်မသူ့ကိုဘာလို့ငေးကြည့်နေမိမှန်းမသိ။
CZYTASZ
Girl With Philophobia (completed)
Romans(Zawgyi) ချစ်ရမှာကြောက်နေတဲ့ကောင်မလေးတစ်ယောက် နဲ့ မချစ်တတ်တဲ့ကောင်လေးတစ်ယောက်။ ပြီးတော့ နောင်တတွေတပွေ့တပိုက်နဲ့ကောင်လေးတစ်ယောက်။ ချစ်ခြင်းမေတ္တာကို ကိုယ်မယုံဘူး ဘာလို့လဲမေးရင် အဖြေမရှိဘူး ...