Part 7 (u)

577 34 0
                                    

အိမ်တံခါးကိုဖွင့်ပြီး အတွင်းသို့ဝင်လိုက်သည်နှင့်
အောက်သိုးသိုးအနံ့တစ်ခုက ကြိုဆိုနေသည်။
တစ်နှစ်လောက်ပိတ်ထားတဲ့အခန်းပဲလေ ဒီလောက်တော့ရှိမှာပေါ့။ ကော်ဇောတွင်လည်းဖုန်အလိပ်လိုက်၊ ၂ရက်လောက်အိမ်သန့်ရှင်းရေးလုပ်ယူရမည်။ ခရီးဆောင်အိတ်ကိုချထားခဲ့ပြီး အိပ်ခန်းထဲသို့ဝင်လာခဲ့သည်။ အိပ်ရာခင်းတွေ ခန်းဆီးတွေ အကုန်ဖုန်တက်နေသည်။ အမောပြေ ပစ်လှဲစရာနေရာမရှိ။ တံခါးဖွင့်လိုက်ပြီး ဝရံတာဘက်ထွက်ကြည့်လိုက်သည်။ တိုက်ခန်းက ၆ထပ်တွင်ရှိသည်ဖြစ်ရာ ရန်ကုန်မြို့ကြီး၏ night viewကို လှလှပပ မြင်နေရသည်။
အထီးကျန်တယ်ဆိုတာ ဒါမျိုးလား။
ကြိုဆိုသူမရှိတဲ့အိမ်လေးရယ်။
တစ်ယောက်တည်းဖြတ်သန်းရမယ့်နေ့တွေညတွေရယ်။

ပြန်ရောက်ပြီလားဟုမေးမည့်သူမရှိ။
ကိုယ်ကြိုက်တတ်သောဟင်းတွေကို ဖွယ်ဖွယ်ရာရာချက်ပြီး ကိုယ့်အပြန်ကိုစောင့်နေမည့်သူမရှိ။
တစ်ယောက်တည်းနေပြီး ကိုယ့်ကိုယ်ကို ရပ်တည်ခဲ့ရတာ ၈တန်းနှစ်ကတည်းကမို့
အသားကျနေခဲ့ပြီ။
တစ်ဦးတည်းသော အစ်မဖြစ်သူကလည်း သူ့အိမ်ထောင်နှင့်သူ မို့ ကိုယ့်ကိုဂရုမစိုက်အား။
ဘုန်းဝေ သက်ပြင်းချလိုက်မိသည်။
ဒီနေ့ညတော့ အပြင်မှာထွက်စားပြီး အခန်းရှင်းကာအိပ်တော့မည်။
Ringtoneသံကြောင့်ဖုန်းကိုကြည့်မိတော့ မမကြီးဟူသော contact name လေးကပေါ်နေသည်။
မမကတော့ဖုန်းဆက်ဖော်ရသေးသားပဲ။

"ဟုတ် မမ"

"ဘုန်းဝေ  ပြန်ရောက်နေပြီလား"

"ဟုတ် မမ၊ ကျွန်တော် ခုလေးတင်ပဲအိမ်ပြန်ရောက်တာ"

"သြော် အေးအေး၊ မမ အားတဲ့နေ့မှလာခဲ့မယ်သိလား။ သန့်စင် ကတော့ မင်းကိုပဲမေးနေတာ။
မင်းပြန်လာပြီဆိုတော့ နက်ဖြန် လွှတ်လိုက်မယ်။"

"ဟုတ်ကဲ့ မမ"

*************************

ဖုန်တောထဲတွင်အားရပါးရ အိမ်သန့်ရှင်းရေးလုပ်နေစဉ် အိမ်တံခါးဆီမှ ဘဲလ်သံကြားလိုက်ရသည်။
ဟိုကောင် သန့်စင် ပဲဖြစ်ရမည်။ တံခါးဖွင့်လိုက်တော့ ထင်သည့်အတိုင်းပင်။

"သန့်စင် လာကွာ"

"မေမေ ကမင်းပြန်ရောက်နေတယ်ပြောလို့။
ဘယ်လိုလဲ ဖြေနိုင်လား "

"အေး မဆိုးပါဘူး ။ မင်းရော"

"၃ဘာသာလောက်ပါမယ်ထင်တယ်"

"Supple ထိမယ့်စာရင်းထဲလား"

"ခွေးကောင် မင့်ပါးပါးက ဟိုက်ပါကွ"

သန့်စင်က ဘုန်းဝေပုခုံးကိုလှမ်းဖက်ပြီးပြောလိုက်သည်။

"အံမယ် အံမယ် ၊ ဦးလေး ကိုမလေးမစား ဆဲနေတယ်၊ ခွေးကောင် "

"မင်းက ငါ့ထက် ၁လငယ်တယ်လေ ညီလေးရဲ့"

"၁လငယ်တော့ရော ငါက မင်းတူဖြစ်သွားလို့လား။
မင်းအမေက ငါ့အစ်မအရင်းခေါက်ခေါက်ပါကွာ။
ငါက ဦးလေး က ဦးလေး ပဲ"

လက်ကိုပိုက်လျက် ခပ်ချေချေကြည့်ပြီးပြောလိုက်သည်။

"ဟေ့ကောင် ငါ့ကိုသန့်ရှင်းရေးလုပ်ကူဦးဟ။ ငါတစ်ယောက်တည်း ဆို တစ်လလောက်ရှင်းယူနေရမယ်"

သန့်စင် ဆိုသည်မှာ ဘုန်းဝေအတွက်တော့ သံယောဇဉ်အတွယ်တာရဆုံး ငယ်ပေါင်းသူငယ်ချင်းတဖြစ်လဲ အစ်မဖြစ်သူမှမွေးသော တူလေး လည်းဖြစ်သည်။ ငယ်စဉ်ကတည်းက ကျောင်းတူတူတက်ခဲ့ကြပြီး ဆယ်တန်းလည်းတစ်နှစ်တည်းအတူအောင်ခဲ့ခြင်းဖြစ်သည်။ နှစ်ယောက်လုံး 5D ထွက်ခဲ့ကြပြီး သန့်စင်က ဆေးကျောင်းလျှောက်ကာ ဘုန်းဝေကတော့ ဆေးဘက်ဝါသနာမပါ၍ MTU လျှောက်ဖြစ်ခဲ့ခြင်းဖြစ်သည်။

****************************

A/N :တိုသွားတယ်ရယ်😢😢 ဒီအပိုင်းက ဘယ်နားထည့်ရမှန်းမသိလို့ ဒီမှာပဲထားလိုက်တယ်။

Girl With Philophobia (completed) Where stories live. Discover now