Part 1 (unicode)

2.1K 60 8
                                    

ချစ်ခြင်းမေတ္တာဆိုတာဘာလဲ...?
ချစ်ခြင်းမေတ္တာဆိုတာ လူတစ်ယောက်က လူတစ်ယောက်ကို အနိုင်ယူဖို့ ၊ အသုံးချဖို့ ၊လှလှပပလေး
Cover ယူထားတဲ့ အရာတစ်ခု။
တနည်းပြောရရင် ပျားရည်လူးထားတဲ့အဆိပ်။
တချို့ အချစ်စစ်တွေ့တဲ့သူတွေကိုအားကျခဲ့ဖူးတယ်။စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ကိုယ့်မေတ္တာတွေပေးမိသူဟာ ကိုယ့်ကိုလည်းစစ်မှန်သော မေတ္တာတွေပြန်ပေသမယ်ထင်ခဲ့ဖူးတယ်။
အချစ်ဟာ သောက်ရေးမပါဘူး။
ရက်စက်တယ် ။
အကြင်နာတရားမရှိဘူး။

၁၇နှစ်အရွယ်မိန်းကလေးတစ်ယောက်အတွက်တော့ မျှော်လင့်ချက် ရိုက်ချခံရခြင်းဟာ သေရာပါ
ဒဏ်ရာတစ်ခုပဲ။ မိသားစု မေတ္တာ ဆိုတာ ဘာမှန်းမသိခဲ့ခြင်း၊ ဂရုစိုက်မှုဆိုတာကြီးကို မိသားစုဆီက မရခဲ့တဲ့အခါ အနည်းငယ်လောက် ကောင်းပြတာကို
ကမ္ဘာကြီးထင်ပြီး အချစ်ဟုထင်ရသောအရာနောက်ကို ကောက်ကောက်ပါအောင်လိုက်ခဲ့မိပြီး ရင်နှင့်မမျှသော ဒဏ်ရာတွေအောက်မှာ အလူးအလဲ။

အခန်းကလည်းမှောင်မဲလို့။
အခန်းမီးမဖွင့်မိတာလား၊ မီးပျက်နေတာလား။
အမှောင်ထဲမှာထိုင်နေရတာပဲ ပိုကောင်းပါတယ်လေ။အမှောင်တွေကိုချစ်တတ်လာတယ်။
သူမရှိတော့ဘဲ မနက်ဖြန်တွေကိုဘယ်လိုရင်ဆိုင်ရမှာလဲ။ သူမပါဘဲ ကျောင်းကိုတစ်ယောက်တည်းသွားတတ်အောင်၊ သူမပါဘဲ နံနက်စာ စားတတ်အောင်၊ ကျွန်မလေ့ကျင့်ယူရပါဦးမည်။
"ငါ..ဟိန်းမြတ်သူ နဲ့ ပြတ်သွားပြီ" ဟု အားတင်းပြီးပြောနိုင်ရန် ကြိုးစားရပါဦးမည်။

ဆယ်တန်းနှစ်ကတည်းက ပြိုင်ဘက်ဖြစ်သောသူ့ကို တိတ်တခိုးချစ်ခဲ့ရပြီး တစ်ကျောင်းတည်းတွင်ကျခြင်းက ကျွန်မအတွက် ကံကောင်းမှုတစ်ခု။
သူလျှောက်သော မေဂျာကိုလိုက်လျှောက်ခဲ့ခြင်းက သူနဲ့နီးစပ်ချင်စိတ်တစ်ခုနဲ့သာ။
First semester တစ်ခုလုံး သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြပြီး semester အပြီး သူ့ဘက်ကဖွင့်ပြောလာသောအခါ လောကမှာ ကျွန်မလောက်ပျော်မယ့်သူရှိမယ်မထင်။

နှစ်လ..
ချစ်သူသက်တမ်း နှစ်လ..။
Second semester အစတွင်အဖြေပြန်ပေးခဲ့ပြီး
အရာရာကို ကျွန်မဘက်မှ သည်းခံပါလျက်နှင့်
ထားခဲ့ရက်သောသူ..။
မဟုတ်လောက်ပါဘူး...
နည်းတဲ့သံယောဇဉ်မှမဟုတ်တာကို
ငါသူ့ကိုမေးရမယ်။ အကြောင်းရင်းကိုမေးရမယ်။
ငါ့ဆီပြန်လာမှာပါ။ ငါသူ့ကိုသိပ်ချစ်တာသူသိတာပဲ။
ငါသူဘယ်လောက်ဆိုးဆိုးသည်းခံမှန်းသူသိတယ်။
သူပြန်လာမှာပါ။

*****************************
အဆောင်ပြန်ရောက်ရောက်ချင်း စိတ်ညစ်ညူးစွာ
ကုတင်ပေါ်ပစ်လှဲလိုက်သည်။
မြူနှင်းဝေ..
သူ့ကို ဆယ်တန်းကတည်းကကြိုက်နေခဲ့သောမိန်းကလေး။ သူအနိုင်ကျင့်ဗိုလ်ကျလို့ရသော တစ်ဦးတည်းသော မိန်းကလေး။ သူ့ကိုသည်းခံသည်။
ရည်းစားဘဝမှာလည်း စိတ်ဆိုးစိတ်ကောက်သည်ဟူ၍မရှိ။ သူ့အတွက် သင့်လျော်သော မိန်းကလေးတစ်ယောက် ။ သို့သော် ထိုမိန်းကလေးကို သူချစ်၍မရ။ သူငယ်ချင်းများမြှောက်ပေး၍ ဖွင့်ပြောကာ
သမီးရည်းစားဖြစ်ခဲ့ကြသော်လည်း မြူနှင်းဝေ ဆိုသော ထိုမိန်းကလေးကို သူမချစ်နိုင်တာ လုံးဝသေချာသည်။ သူ့ကိုအရမ်းချစ်မှန်းသိ၍ အနိုင်ယူရတာ ပျော်ဖို့ကောင်းသော်လည်း ယခု သူရင်ခုန်မိသော မိန်းကလေး တစ်ယောက်ကိုတွေ့နေလေပြီ။
မြူနှင်းဝေ နှင့်လမ်းခွဲခြင်းသည် မတရားရာကျသော်လည်း ကိုယ်မချစ်သောမိန်းကလေးတစ်ယောက်နှင့်ဆက်တွဲနေဖို့က သူ့အတွက်ခက်ခဲလှသည်။

"တောင်းပန်ပါတယ် မြူနှင်းဝေ ။
ငါ ဝဋ်လည်ရင်လည်းခံပါ့မယ်။
နင်ငါ့ထက်ကောင်းတဲ့သူတစ်ယောက်နဲ့တွေ့မှာပါ။"

ဟိန်းမြတ်သူ တစ်ယောက် မျက်နှာကြက်ကိုကြည့်
ကာ ရေရွတ်လိုက်ပြီး ထထိုင်လိုက်သည်။
စားပွဲပေါ်က ruby တစ်လိပ်ကိုယူလိုက်ပြီး မီးညှိရန် မီးခြစ်လိုက်ရှာစဉ်

"နင်ဆေးလိပ်လျှော့သောက်ပါဟာ"ဟူသော
မြူနှင်းဝေ အသံကို ပြန်ကြားယောင်မိသည်။

သူခေါင်းကိုခါယမ်းလိုက်ပြီး

"ငါလိုကောင်ကိုဘာတွေများအဲ့လောက်ချစ်ရတာလဲဟာ။နင်ချစ်တာတွေက ငါ့အတွက် အရမ်းမွန်းကြပ်တယ်။"

.................

(အပိုင်းအားလုံးကို unicodeနဲ့ ပြန်တင်မှာမလို့ noti တွေရှုပ်သွားရင် တောင်းပန်ပါတယ် နော် 😁)

Girl With Philophobia (completed) Where stories live. Discover now