Part 12

474 34 1
                                    

"ငါ့မှာ crush ရှိနေပြီ"

ဆုမွန်က ကျွန်မကို အံ့သြစွာကြည့်နေသည်။

"ဘယ်သူလဲ"

"မနက်ဖြန် အတန်းထဲမှာပြမယ်"

"အဲ့တော့ နင် ဟိန်းမြတ်သူ ကိုမေ့နိုင်ပြီပေါ့"

ဟိန်းမြတ်နာမည်ကိုကြားလိုက်ရသည်နှင့် မြူနှင်း ငိုင်သွားမိသည်။ မေ့ပြီလားဆိုရင်လည်း မမေ့။

"အင်း..ဟိန်းမြတ်ကိုက မမေ့သေးဘူး။ crush ကိုကျတော့ ငါ့ type မို့လို့ ကြိုက်တာဟ"

"အေးပါ အေးပါ။ ငါလည်းပြောစရာရှိတယ်သိလား။ ငါသူ့ကိုအဖြေပေးတော့မှာ"

"Just friend ဆိုတဲ့တစ်ယောက်ကိုလား။ အေ့ပါ
Con con ကောင်မစုတ်"

"အေး နင့်ကိုလည်းနင့်crush ပြန်ကြိုက်ပါစေ ဆုတောင်းပေးတယ် သိလား"

မြူနှင်း ရယ်၍သာနေသည်။ ဒီတိုင်းငေးကြည့်ရုံလေးပဲ ကြိုက်ချင်တာပါဟာ။ သူ့ကိုလည်းမသိစေချင်ဘူး။ နောက်ထပ် သစ္စာဖောက်ခံရတာတွေ အသည်းကွဲတာတွေ မခံစားနိုင်တော့ဘူး။ ဒဏ်ရာဟောင်းတောင်မကျက်သေးတဲ့ဟာ။

**************************
ဖုန်းကိုကြည့်ပြီး ဟိန်းမြတ် သက်ပြင်းချလိုက်သည်။ အိမ့်မြတ်နှင့် ရန်ဖြစ်ထားတာ နှစ်ရက်ရှိပြီ။ မဆက်သွယ်လာသေး။ သူ့ဘက်ကစချော့ဖို့ကလည်း
အမြဲတမ်းချော့နေရသောကြောင့် မချော့ချင်တော့။
မြူနှင်း သာဆိုလျှင်အခုလိုလုပ်လိမ့်မည်မဟုတ်။
သူကသာအလျှော့ပေးမြဲ။ ဟိန်းမြတ်သူ ဆိုသည်မှာ ကိုယ်ကသာဆိုးချင်သောလူမျိုး ၊ အိမ့်မြတ်က အရမ်း ကလေးဆန်လွန်းသည်။ ကြာလျှင်အဆင်ပြေနိုင်မည်မဟုတ်။ စီးကရက်ငွေ့တွေကို မှုတ်ထုတ်လိုက်ရင်း မြူနှင်း ကိုသတိရနေမိသည်။
ဖုန်းဆက်လိုက်ရမလား။ သူစိတ်နာနေလောက်ပါပြီကွာ။ ရည်းစားကိုဖုန်းဆက်ဖို့မတွေးဘဲ ရည်းစားဟောင်းကိုဖုန်းဆက်ဖို့တွေးနေတဲ့ငါ။
ငါမှားခဲ့ပါတယ် မြူနှင်း ရာ။
ငါပြန်တောင်းပန်ရင်နင်လက်ခံပါ့မလား။
ငါဆေးလိပ်သောက်နေလည်းတားမယ့်သူမရှိတော့ပါလား။

မြူနှင်းသည် ဘုန်းဝေ wall ထဲဝင်ပြီး ဓာတ်ပုံတွေလိုက်ကြည့်နေသည်။

"သူ Mobile Legends ဆော့တယ်လား။"

မြူနှင်း ပျော်သွားသည်။ ML ကိုဒေါင်းထားသော်လည်း သိပ်မဆော့ဖြစ်။ Elite မှာသာလည်နေသည်ဖြစ်ရာဆော့ဖို့စိတ်မပါတော့။အခုတော့ ပြန်ဆော့ရတော့မယ်ထင်တယ်။ ဂိမ်းလဲဆော့ရ၊ သူ နဲ့လည်းရင်းနှီး ။ မြူနှင်းတွေးပြီးပြုံးလိုက်မိသည်။

ဂိမ်းထဲဝင်လိုက်ပြီး အကောင့်ကို Facebook နှင့်ချိတ်လိုက်သည်။ ဘုန်းဝေလည်း Fb နှင့်ချိတ်ထားသည်ဖြစ်ရာ onlineဖြစ်နေသောအကောင့်များတွင် တန်းတွေ့သည်။ မြူနှင်း ပျော်သွားသည်။
Classic ဆော့ဖို့ vite လိုက်သည်။
သူလက်ခံပါစေ လက်ခံပါစေ။
သူဝင်လာသည်။ မြူနှင်း ထခုန်မိမတတ်ဝမ်းသာသွားပြီး start ကို နှိပ်လိုက်သည်။
Hero ရွေးနေသည့်အချိန်တွင်ဖုန်းဝင်လာသောကြောင့် ကြည့်လိုက်ရာ ဖုန်းပင်လွတ်ကျသွားသည်။

Contact ဖျက်ထားသောလည်း အလွတ်ရနေသောထိုဖုန်းနံပါတ်လေး။ မှားနိုင်စရာမရှိ။
မြူနှင်း စိတ်ထဲတွင် ရင်ခုန်လာသလိုလို လန့်လာသလိုလိုဖြစ်နေသည်။ဖုန်းကမြည်နေဆဲ။

မြူနှင်း သတိလွတ်နေသည့်လူတစ်ယောက်လို ဖုန်းကိုထိုင်ကြည့်နေမိသည်။ ငါဆိုတာ သူနဲ့ပတ်သက်လာရင် ဖုန်းလေးတစ်call ကတောင်ရူးအောင်ပြုစားနိုင်ပါလား။ ဖုန်းနောက်တစ်ခါထပ်ဝင်လာသည်။ မြူနှင်းဖုန်းကိုဖြည်းဖြည်းချင်းကောက်ကိုင်လိုက်သည်။ ကိုင်သင့်မကိုင်သင့်စဉ်းစားနေရင်း ဖုန်း screen ကို ဖြည်းဖြည်းချင်းထိလိုက်သည်။

Girl With Philophobia (completed) Where stories live. Discover now