Part 21

439 34 1
                                    

Second semester တွင် IT များ Workshop
မသင်ရတော့။ ကိုယ့်မေဂျာနှင့်ကိုယ် အဖွဲ့များဖြစ်သွားသည်။ ကံဆိုးစွာပင် ဟိန်းမြတ်သူနှင့် မြူနှင်းဝေ တစ်ဖွဲ့တည်းကျပြန်ရော။
သူကလည်း ခပ်တန်းတန်းနေသည်။ကိုယ်ကလည်း အဖက်မလုပ် ။ ဟုတ်တော့ဟုတ်နေတာပဲ။

Workshop မှ ပြန်လာလာချင်း မောမောနှင့် ကုတင်ပေါ်ပစ်လှဲလိုက်သည်။

"ငါနဲ့ဘုန်းဝေပြတ်သွားပြီ"

ဆုမွန်စကားကြောင့် မြူနှင်း ငုတ်တုတ်ထထိုင်လိုက်သည်။

"ငါသူနဲ့လမ်းခွဲဖို့တွေးနေတာကြာပြီ။ သူ Re ထိလို့မပြောပဲ ထားထားတာ ၊ အခုအောင်သွားပြီဆိုတော့ လမ်းခွဲလိုက်ပြီ"

ဘယ်လိုတွေဖြစ်ကြတာပါလိမ့်။ နှစ်ယောက်သားလိုက်ရဲ့သားနဲ့။

"ဘာဖြစ်ကြတာလဲဟင်"

"အကြောင်းက နှစ်ခုရှိတယ်။ တစ်ခုကိုတော့မပြောတော့ဘူး။ တစ်ခုက သူနဲ့ငါနဲ့က အဆင်မပြေဘူး။
ဘာလို့ဆို ငါက အရင်ကတွဲသမျှလည်း ငါကပဲအချစ်ခံ၊ အလိုလိုက်ခံ ၊ အနိုင်ကျင့်ပြီး နေတာဟာ။
သူနဲ့ကျတော့ ငါ့ကို အဲ့လောက်ကြီးလည်း အလိုမလိုက်ဘူး၊ ငါအနိုင်ကျင့်တာလည်းမခံဘူး၊ ငါက ဆိုးနေကျ type ဆိုတော့ သူနဲ့အဆင်မပြေဘူး"

"ဟင်"

"ပြီးတော့ရှိသေးတယ်။ ငါက လမ်းခွဲမယ် ပြောတာကို လုံးဝမဆွဲထားဘူးဟ။ 'အေး မင်းသဘောပဲ´
အဲ့တစ်ခွန်းပဲပြောတယ်။ ဘယ်လောက်ဒေါသထွက်စရာကောင်းလိုက်လဲ"

ဆုမွန်ကမြူနှင်းကိုကြည့်လိုက်ပြီး

"ငါပြောပြမယ်သိလား။ သူက တကယ့်ဆိုက်ကိုကောင်"

မြူနှင်းကိုကြည့်ပြီးပြောနေသောကြောင့် ဆုမွန်များ သိသွားပြီလားဟုတွေးမိကာ လန့်သွားသည်။

မြူနှင်း တစ်ယောက် ဘုန်းဝေ၏ active now ကို ထိုင်ကြည့်ကာ သွားမေးသင့် ၊ မမေးသင့် စဉ်းစားနေသည်။ သူများကိစ္စကို ဝင် စွက်ဖက်သလိုများဖြစ်နေမလား။ ကြားသုံးကြား မဝင်ကောင်းဘူးတဲ့။ ငါမသိသလိုနေတာပဲကောင်းပါတယ်။
သူတို့ပြတ်တာကလည်း အဆန်းကြီး။ ဆုမွန် ကငိုတောင်မငို ၊ ဘာမှမဖြစ်သလို လိုင်းထိုင်သုံးနေပြီး၊
ဟိုတစ်ယောက်ကလည်း feel နေသည့်ပုံ တစက်မှမပေါ်။ ကိုယ်တွေတုန်းကများ ရူးမတတ်တွေထိုင်ငို၊ ရူးမတတ်တွေပြန်ဆက်သွယ်ခဲ့တာ။ ချစ်ရောချစ်ခဲ့ကြရဲ့လား။

"နင်နဲ့ဆုမွန်နဲ့ ပြတ်သွားတာလား။
ဘာဖြစ်လို့လဲ "

"အင်း ဒီတိုင်းပဲ။ သဘောထားမတိုက်ဆိုင်လို့"

သူ့reply ကိုမြူနှင်းကြည့်လိုက်ပြီး ဟင် ဒီလောက်ပဲလား။ သွေးအေးလိုက်တာ။ အသည်းကွဲနေတယ်ဆို အသည်းကွဲနေတယ်ပေါ့။ သူက နည်းနည်းတော့ထူးဆန်းတယ်။

"နင်အဆင်ပြေရဲ့လား"

"ပြေပါတယ် ၊ ဘာမှမဖြစ်ဘူး "

ထိုစာကို ဘုန်းဝေ သောက်နေရင်း ရိုက်နေသည်ကိုတော့ မြူနှင်းတစ်ယောက်မသိရှာပါ။

လူတိုင်းက ခံစားတတ်ကြသည်။ ကိုယ့်ခံစားမှုကို
ထုတ်ဖော်ပြတာနှင့် ထုတ်ဖော်မပြတာပဲကွာသည်။
ဘုန်းဝေကတော့ ထုတ်ဖော်မပြတတ်သည့်လူမျိူး။
ကောင်မလေးက ထားသွားတယ်ဆိုပြီး အသနားလည်းမခံချင်။ ဘယ်သူ့ဆီကမှလည်း အသနားမခံချင်။ ပြန်လာဖို့လည်း မတောင်းပန်ချင်။ရင်ထဲက ခံစားချက်တွေကို ကွယ်ဝှက်ထားပြီး ပျော်ချင်ဟန်ဆောင်နေမည့်လူမျိုး။

လူတိုင်းကတော့ သူပျော်နေသည်။ လောကဓံကို ခံနိုင်ရည်ရှိသည်ပဲ ထင်ကြသည်။ သူ့မျက်နှာဖုံးအောက်က မျက်ရည်တွေကို ဘယ်သူမှ မမြင်ခဲ့ကြ။

ဘုန်းဝေကို မိဘများ အသက်လေးဆယ်ကျော်မှ မွေးဖွားခဲ့ကြခြင်းဖြစ်ပြီး အစ်မဖြစ်သူ ယဉ်ဝေယျာညိမ်း နှင့် အသက် ၂၀ တိတိကွာသည်။

သူမွေးဖွားလာချိန်တွင် အစ်မဖြစ်သူက သူ့အိမ်ထောင်နှင့်သူ ဖြစ်နေလေပြီ။ ဘုန်းဝေ ၅နှစ်အရွယ်
သူငယ်တန်း စတက်ချိန်တွင် မိဘနှစ်ပါးလုံး ကားအက်ဆီးဒင့် နှင့်ဆုံးပါး သွားကြသည်။
ငယ်ရွယ်စဉ်ကတည်းက မိဘမဲ့သဖွယ်ဖြစ်ခဲ့ရသည်။ မိဘတွေမရှိတော့တာကို သနားစရာ ၊ အားငယ်စရာဟု တခါမျှ မသတ်မှတ်ခဲ့။ သူ့ကိုတွေ့သည့်လူတိုင်းကတော့ သနားကြသည်။ သနားတဲ့အကြည့်တွေကို ဘုန်းဝေ မုန်းသည်။
သူတို့ဝိုင်းသနားကြတော့ရော ဘာလုပ်ပေးနိုင်မှာမို့လို့လဲ။
ဘုန်းဝေ ၈တန်းရောက်ချိန်တွင် အစ်မက သူ့ခင်ပွန်းအိမ်သို့အပြီးပြောင်းသွားသည်။ နှစ်လတစ်ခါလောက်သာ လာကြည့်ပြီး မုန့်ဖိုးပေးလေ့ရှိသည်။

ဘယ်သူနှင့်မှလည်း သိပ်မပေါင်းဖြစ်ခဲ့။ သူခင်တွယ်တာ သန့်စင်တစ်ယောက်ပဲရှိသည်။

ငယ်ငယ်ကအချစ်မခံရတဲ့ကလေးတွေက ကြီးလာရင် မချစ်တတ်ကြတော့ဘူးတဲ့။ အဲ့ဒါက ဘုန်းဝေကို ပြောတာပဲဖြစ်ရမည်။ ရည်းစားတွေထားခဲ့ဖူးသော်လည်း အချစ်ဆိုတာဘာမှန်းမသိခဲ့။ သူလိုချင်သည့် နွေးထွေးသည့်မေတ္တာကို ရှာဖွေမရနိုင်ခဲ့။

**********************************

(A/N: ဇာတ်လမ်းကခုမှစတော့မှာ ခိခိ😆😆)

Girl With Philophobia (completed) Where stories live. Discover now