Part 6 (u)

593 39 1
                                    

အိမ် ဆိုတာ သူများတွေအတွက်တော့ သုခဘုံဖြစ်မလားမသိပေမယ့် မြူနှင်းအတွက်တော့ ငရဲပဲ။
ကျောင်းပိတ်တိုင်းအိမ်ကိုမပြန်ချင်ခဲ့ဘူး။
အိမ်ဆိုတာ ကိုယ့်အတွက်တော့ နွေးထွေးမှုပေးနိုင်တဲ့နေရာတစ်ခုမဟုတ်ခဲ့ဘူး။
အိမ်ကိုချစ်ကြတဲ့သူတွေ
တွေ့ရင်အားကျမိပါသည်။
သူတို့အိမ်ကသူတို့ကိုချစ်တာကိုး။
သူငယ်ချင်းတွေက ကိုယ်အိမ်ကိုမလွမ်းလို့ အံ့သြ
နေကြတယ်တဲ့။
လွမ်းစရာမေတ္တာမှမရှိတာ သူတို့မှမသိဘဲ။
သေချာတာတစ်ခုကတော့ ကိုယ်
အိမ်ကိုလုံးဝမချစ်ဘူး။

ကားပေါ်မှဆင်းဆင်းချင်းပင်
ဇာတိမြေရဲ့ အနံ့အသက်ကိုစတင်ခံစားလိုက်ရသည်။ဆောင်းဝင်ပြီဖြစ်၍ရာသီဥတုကအေးစိမ့်နေသည်။ အရင်ကတော့ ဟိန်းမြတ်နှင့်အတူပြန်ပေမယ့်
အခုတော့ မြူနှင်း တစ်ယောက်တည်းဖြစ်နေသည်။ အတူပြန်တာမဟုတ်ပေမယ့် သူတို့သူငယ်ချင်းတစ်သိုက်နှင့် ကားတစ်စီးတည်းပင်။ ကားကြီးကွင်းထဲတွင် ဟိန်းမြတ် အဖေနှင့်အမေကိုတွေ့လိုက်ရသည်။ သြော်..သူများတွေများ အချစ်ခံရချက်။
အိမ်မှာ အငယ်ဆုံးလေးဆိုတော့ဝိုင်းချစ်ကြမှာပေါ့။
ကိုယ့်မှာသာ ကြိုဆိုသူမဲ့။ ကိုယ့်ကံနှင့်ကိုယ်ပါပဲလေ။ တစ်ယောက်တည်း Ferry နှင့်တောင်ပေါ်တက်ရဦးမည်။ တခါတလေ တော့ တယောက်တည်းဖြစ်နေရသည့် ကံကြမ္မာ ကိုမုန်းမိသည်။

ဟိန်းမြတ်နှင့် စကားမပြောဖြစ်တာလည်းကြာပြီ။
လမ်းခွဲပြီး သူကိုယ်ဖုန်းဆက်တာတွေမကိုင်၊ စာတွေကိုမပြန်ကတည်းကပေါ့။ Facebook မှာလည်း
Block ထားလေရဲ့။ သူနှင့်အိမ့်မြတ် တွဲနေကြပြီဟု သတင်းထွက်နေသည်။ ကျောင်းသွားကျောင်းပြန် တွဲသွားတွဲလာတော့ တွေ့သားပဲ။ ကိုယ့်အပေါ် ရက်စက်လွန်းသည်ဟုလည်းမပြောချင်တော့။
ရူးလောက်အောင် နာကျင်နေသော်လည်း
အရှက်မရှိဘူးလား ဟု ကိုယ့်ကိုယ်ကို ပြန်မေးရင်း
ထိန်းချုပ်နေရသည်။
သူ့ကိုချစ်ပါသည်။
ခွင့်လွှတ်သောချစ်ခြင်းမျိုး၊ သည်းခံသောချစ်ခြင်းမျိုးနှင့်ချစ်ပါ၏။

"နင် ဟိန်းမြတ်သူ ကိုစcrushတာမရှက်ဘူးလားဟင်"
"ဟဲ့ နင်crush တာသူသိနေတာကိုရှက်စရာကြီး"
"သူ့ဘက်ကစဖြတ်တာကို စိတ်မနာဘူးလား"

ထိုသို့သောစကားတွေကိုအကြိမ်များစွာကြားခဲ့ရသည်။ ကိုယ်ကသူ့ကိုချစ်တယ်လို့ ကိုယ်ချစ်တဲ့သူကသိနေတာ ရှက်စရာတစ်ခုလား။ သိစေချင်ပါသည်။
လူ့ဘဝက တိုတိုလေးကို ကိုယ်ချစ်တဲ့သူကို ချစ်တယ်လို့မပြောဖြစ်ပဲနဲ့ ကုန်ဆုံးသွားရမှာ နှမြောစရာမကောင်းဘူးလား။
ချစ်ခွင့်လေးရှိတုန်း တတ်နိုင်သလောက်ချစ်မယ်။
နောင်တချိန်ကျရင် သူ့ကိုချစ်ချင်မှချစ်နိုင်တော့
မှာလေ။
ဝေးသွားမှ သူ့ကိုမချစ်လိုက်ရပါလား၊ ငါချစ်တာသူမသိသွားရပါလား ဆိုပြီး နောင်တရမနေချင်။

အသက်တွေကြီးသွားတဲ့အခါကျရင် သူငယ်ချင်းတွေဆုံလို့ ကျောင်းတုန်းကအကြောင်းတွေပြန်ပြော
ဖြစ်ကြရင်၊ "မြူနှင်းဝေ က ဟိန်းမြတ်သူ ကိုအရမ်းချစ်ခဲ့တာ"လို့ပြန်ကြားဖြစ်ရင်၊ သူ့အပေါ် နားလည်သည်းခံခွင့်လွှတ်ပြီးချစ်ပေးခဲ့တဲ့ ကိုယ့်ကိုတော့ ခဏလောက် သတိရဖြစ်မယ်ထင်ပါတယ်။

Girl With Philophobia (completed) Where stories live. Discover now