Part 20

436 36 2
                                    

စာကြည့်ချိန် တစ်ပတ်အတွင်း မြူနှင်း ၊ ဆုမွန်၊ ဘုန်းဝေ သုံးယောက်သားစာအတူလုပ်ကြသည်။ နွေလယ်ခေါင်ကြီးမှာ စာတွေပြန်ကြည့်ရတာတော့
စိတ်ပျက်ဖို့ကောင်းသည်။

"ဟဲ့ ခဏနားရအောင်လေ ။တွက်ရတာပျင်းနေပြီ"
မြူနှင်း က ဘောပင်ကိုပစ်ချလိုက်ရင်းပြောသည်။

"အေ့ နားကြတာပေါ့" ဟုပြောရင်း ဆုမွန်က ဖုန်းကိုထုတ်လိုက်သည်။

"ML တိုက်ကြမလား မြူနှင်း "
ဘုန်းဝေက လှမ်းမေးသောအခါ မြူနှင်း ကခေါင်းညိတ်ပြလိုက်သည်။ ဘုန်းဝေက အလယ်တွင်ထိုင်နေခြင်းဖြစ်ပြီး မြူနှင်း နှင့် ဆုမွန် က တဖက်တချက်စီတွင်ထိုင်နေသည်။

ဆုမွန်ဘာမှဝင်မပြောပဲ wifi ဖွင့်ကာ ဇာတ်ကားဒေါင်းနေလိုက်သည်။ Main building တွင် wifi ရသည်လေ။ လိုင်းတော့သိပ်မကောင်းပေမယ့်ပေါ့။
ပြန်ခါနီးရင်တော့ တစ်ပိုင်းလောက်ရလောက်ပါတယ်လေ။

"ဟဲ့ ငါ့ကိုလာကယ်ဦးဟ ကိုင်ထားတာ support ပါဆို ၂ကောင်ဝိုင်းတိုက်နေကြတယ်"

"Tower ထဲဝင်နေ ငါလာခဲ့မယ်"

"နင်ကယ်လို့တော်သေးတယ်"

"ဘုန်းဝေ နင်အရမ်းတော်တာပဲ"

"Battle ဆိုင်တော့မှာလား။ ခဏ ငါနင့်ကိုဝင်ပူးပေးမယ်"

"Angela ကိုင်ပြီးရှေ့ကသွားနေ ၊ ငါ့နောက်မှာနေဟ"

"ဟဲ့ ငါ့ကို Miyaမ သတ်သွားတာ၊ ပြန်သတ်ပေး"

"ငါ့ကိုလည်း Lancelot ကိုင်နည်းသင်ပေးဟာ။
နင်ကိုင်တာအရမ်းမိုက်တာပဲ"

"မိန်းကလေးဆိုတော့ marksman တို့ mage တို့ပဲကိုင်ပါကွာ "

နှစ်ကောင်သား ဂိမ်းကိုသဲကြီးမဲကြီးဆော့နေပြီး
ဆုမွန်ကို အဖက်မလုပ်ကြ။ ငါများအရမ်းတွေ သဘောအကောင်းလွန်သွားလားမသိဘူး။ မြူနှင်း ဘုန်းဝေကို ကြိုက်နေမှန်းသိသိကြီးနဲ့ သူတို့ကို ပိုရင်းနှီးအောင်လုပ်ပေးနေသလို။ ကိုယ့်ရည်းစားကို ပြန်အောင်သွယ်နေသလိုများဖြစ်နေလား။ ဒါပေမယ့် မြူနှင်း က ဆုမွန် စိတ်ဆင်းရဲရအောင်လုပ်မှာမဟုတ်တာ ဆုမွန်ယုံသည်။ အခုချိန်ထိ သူ့ခံစားချက်တွေကို ကောင်းကောင်းဖုံးကွယ်ထားနိုင်ခဲ့တာပဲ။

Girl With Philophobia (completed) Where stories live. Discover now