Part 33

1.2K 81 2
                                    

"ဟာ အ​ဆောင်​မှာကျန်​ခဲ့ပြီထင်​တယ်​"

လွယ်​အိတ်​ထဲလှန်​​လှောရှာ​နေရင်း ဟိန်းမြတ်​ ​ရေရွတ်​လိုက်​မိသည်​။ စကား​​ပြေ ဖတ်​စာအုပ်​ကျန်​ခဲ့ပြီဆို​တော့ ​သေပြီ​လေ။ အတန်းပိုင်​ဆရာမ ဖြစ်​​သော မြန်​မာစာဆရာမ သည်​ စည်းကမ်းအလွန်​ကြီးသူဖြစ်​ပြီး ဖတ်​စာအုပ်​မပါလာလျှင်​ လုံးဝမကြိုက်​။ အထူးသဖြင့်​စကား​ပြေ သင်​ပါမည်​ဟုမှာလိုက်​​သော​နေ့မျိုးတွင်​ မပါလာတာက​တော့ အ​တော့ကို ဆိုးသည်​။ ပြီး​တော့ ဆရာမက ဟိန်းမြတ်​တို့အ​ဆောင်​မှ ​ကျောင်းသားများကိုအမြင်​မကြည်​။
ဆရာမ အမြင်​မကြည်​ချင်​စရာပဲ​လေ။ အ​ဆောင်​မှာ ညနက်​ထိစာလုပ်​ကြ​သော​ကြောင့်​ ​ကျောင်း​ရောက်​လျှင်​ အိပ်​ရာ​တွေ့လိုက်​သည့်​အလား တ​နေကုန်​ တ​နေခန်း ငိုက်​သူကငိုက်​၊ အိပ်​သူကအိပ်​၊
စာလိုက်​နားမ​ထောင်​ကြသူများလည်းရှိသည်​။
ဆရာမ မျက်​လုံးထဲ ကန့်​လန့်​ဖြစ်​​အောင်​​နေ​နေကြမှ​တော့ အမြင်​မကြည်​တာမဆန်း။

ပြောရင်းဆိုရင်း ဆရာမဝင်​လာ​သော​ကြောင့်
ကမန်းကတန်းထကာ "ပဉ္စဂုဏံ အဟံဝန္တာမိ၊ အာစရိယဂုဏံ အဟံ ဝန္တာမိ "လုပ်​လိုက်​ရသည်​။

"ဒီ​နေ့ စကား​ပြေသင်​မယ်​လို့ဆရာမ မ​နေ့ကတည်းက မှာလိုက်​တယ်​​နော်​။ ဒီ​နေ့သင်​မယ့်​ ​ခေါင်းစဉ်​က စာမျက်​နှာ၅၇ က ပတ္တမြား​ကျောက်​စီဓား"

ဆရာမက တစ်​ခန်းလုံးကို ​ဝေ့ဝဲကြည့်​လိုက်​ပြီး

"ဖတ်​စာအုပ်​ မပါတဲ့သူ​တွေ မတ်​တပ်​ရပ်​ကြ"

ဆရာမအသံက ဟိန်းထွက်​သွားသည်​။ ဟိန်းမြတ်​ ​ကြောက်​​ကြောက်​နှင့်​ မတ်​တပ်​ရပ်​မည်​ပြုစဉ်

"ဟိန်းမြတ်​သူ ဒီမှာနင့်​ဖတ်​စာအုပ်​၊မ​နေ့က ငါငှါးထားတာ​လေ"ဟု​ပြော​၍ စာအုပ်​ကို ကမ်း​ပေးလာ​သော မြူနှင်း​ဝေ။
မြူနှင်း က ကျွန်​​တော့ ​ဘေးဘက်​လိုင်းတွင်​ထိုင်​သည်​ဖြစ်​ရာခုံချင်းက ​ဘေးချင်းယှဉ်​ရက်​ ။
သူလှမ်း​ပေး​သောစာအုပ်​ကို လှမ်းယူလိုက်​ရင်း
မ​နေ့က သူ့ကိုငှါးခဲ့လို့လား ဟု ​တွေး​နေမိသည်​။
သူနှင့်​ကျွန်​​တော်​က ​ဘော်​ဒါ​ဆောင်​တစ်​ခုတည်းက
ဖြစ်​​ပေမယ့်​ ပြိုင်​ဘက်​​တွေမို့ သိပ်​မရင်းနှီးကြ။
တစ်​ခါ နှစ်​ခါ သာ စကား​ပြောဖူးကြသည်​။

Girl With Philophobia (completed) Όπου ζουν οι ιστορίες. Ανακάλυψε τώρα