Part 11

529 33 1
                                    

အရပ်ရှည်ရှည်ပုံသဏ္ဍာန်ကြောင့် ဘုန်းဝေယျာညိမ်း ဟု ခန့်မှန်းလိုက်မိသည်။ဘာလို့သူတစ်ယောက်တည်းဆိုနေပါလိမ့်။

နောက်တော့ အုပ်စုလိုက်အသံကဟိန်းထွက်လာ
သည်။ဝိုင်ဝိုင်း၏" ဖြေသိမ့်လိုက်" ပြီးသွားတော့

"နင်နာကျင်နေပါစေ ပြန်လှည့်မကြည့်ဘူး
မင်းအတွက်ကိုယ်ချင်းစာစိတ် လုံးဝမရှိဘူး
အို...မေ့လိုက်ပါ
ကြိတ်မှိတ်ပြီးမေ့လိုက်ပါ"

ဝိုင်ဝိုင်းနှင့်ကြိုးကြာ၏ "မဆုံတဲ့ဖူးစာ"သီချင်းကို
မြူနှင်း တိုးတိုးလေး လိုက်ညည်းနေမိသည်။

"စွန့်ပစ်ကာ မင်းမျက်ရည်...မင်းမျက်ရည် "

ဟုတ်ဟုတ်မဟုတ်ဟုတ် မြူနှင်း အတွက်လာဆိုနေသည်ဟုပဲ သဘောထားလိုက်သည်။
နည်းနည်းတော့ စိတ်ပြေသွားသလိုပင်။
သီချင်းလာဆိုသူများကိုပင်ကျေးဇူးတင်နေမိသည်။

မြူနှင်း အခန်းထဲပြန်ဝင်လာတော့ ဆုမွန်က ရေခဲမုန့် ထိုင်စားနေသည်။ ရေခဲမုန့် တစ်ခုကို မြူနှင်းဆီ ကမ်းပေးရင်း

"ငိုလို့ဝသွားပြီလား"ဟုမေးလိုက်သည်။

"ရော့..စား။ ငါ့ oppa ကိုလာပို့ခိုင်းလိုက်တာ။
မသာမ feel ပဲ feel မနေနဲ့။ "

မြူနှင်း ရေခဲမုန့်ကိုလှမ်းယူလိုက်ကာ ဆုမွန်ကောင်လေးက တောင်ငူမှာမဟုတ်ဘူးလား။ ဒါမှမဟုတ် ဒီကျောင်းမှာတစ်ယောက်ရှိနေတာလား ဟုတွေးနေမိသည်။

"ဟဲ့..နင်ဒီမှာ ရည်းစားအသစ်ရနေတာလား။
နင့်ကိုကိုကရော"

"ငါ့ကိုကိုလား ဒီနေ့မနက်ကပဲပြတ်သွားတာ"

"မုန့်လာပို့တဲ့တစ်ယောက်ကရော"

"သူနဲ့က မဖြစ်သေးဘူး ။ Just friends ပဲရှိသေးတယ်"
ဆုမွန်က ရယ်ရင်းပြောသည်။

"ဘယ်year ကလဲ။ ငါတို့ batch ကပဲလား။"

"အဲ့ဒါက secret"

"အေးပါ အေးပါ။ ဖြစ်သွားရင်လည်း ငါနဲ့အရင်ဆုံးမိတ်ဆက်ပေးဦး"

"အေးပါဟယ်"

ထို့နောက် ဆုမွန်က အစချီ၍ "နင့်အကောင်က..ဘာညာ" ဆိုပြီး အားရပါးရ ပြောတော့သည်။
မြူနှင်း ခမျာ ငြိမ်ကုပ်ပြီးနားထောင်နေရှာသည်။

Girl With Philophobia (completed) Where stories live. Discover now