6x(Zawgyi&Unicode)

61K 1.8K 12
                                    

ချမ်းစိမ့်စိမ့်ဖြစ်နေသည့် ခံစားချက်က မကောင်းတာမို့လို့ စောင်ကို လိုက်ဆွဲမိပေမယ့်

လက်ကစမ်းလိုက်မိသည့်က စောင်မဟုတ်

သစ် ပြုံးလိုက်ကာ လက်ထဲက အရာကို လွှတ်ပေးလိုက်ရင်း အဲ့ဘက်ခြမ်းကို ပိုတိုးကပ်ကာ
အိပ်လိုက်သည်

သစ် မျှော်လင့်သည့်အတိုင်း

သစ်ကို ဖက်ထားပေးကာ ဆက်အိပ်နေသည့်သူ

ဦးမြတ်လား?  ဦးရိပ်လား? တော့ သစ်မသိပါ

သစ်သိသည်က အခုလောလောဆယ် နွေးနွေးထွေးထွေးရှိနေသည်ကိုပဲ သိသည်

ကြာကြာလေးတောင် မကွေးလိုက်ရ

Ph က alarm မြည်သံကြောင့် သစ် အိပ်ချင်မူးတူးနဲ့ ထလိုက်ကာ

ဘေးကို ကြည့်လိုက်တော့

ဦးမြတ်....

ဦးရိပ်ကတော့ ဘယ်ရောက်သွားလဲ သစ် သေချာမသိ

အလုပ်သွားတာလဲ ဖြစ်နိုင်သည်

တခြားကိုသွားတာလဲ ဖြစ်နိုင်သည်

ဦးရိပ်က အလုပ်ကိစ္စနဲ့ ခဏခဏ ခရီးထွက်ရတဲ့သူမို့

အိမ်မှာ မရှိသည်က များသည်

တခါတလေတော့လဲ ဦးရိပ်နောက်ကို အလည်လိုက်သွားဖြစ်ပေမယ့်

ကျောင်းတက်နေရသည်မို့ ဦးရိပ်က
သူ့နောက်လိုက်တာကို သိပ်မကြိုက်ချင်

ဒီရက်ပိုင်းလဲ ပြင်ဦးလွင်ကို သွားစရာရှိတယ်လို့ ပြောပေမယ့်

ညကတင်... အချစ်လမ်းလျှောက်နေကြသေးတာ

အခုလို စောစောထွက်သွားလိမ့်မယ်လို့မထင်မိ

ဦးမြတ်တို့အိမ်မှာနေသည်က နေသည် သီးသန့်

ကိုယ့်ပိုက်ဆံကိုယ်ရှာသုံးချင်သည့် စိတ်က သက်သက်မို့

သူငယ်ချင်းရဲ့ cafeကနေလဲ အလုပ်မထွက်ခဲ့ပါ

သစ်သာ အလုပ်မလုပ်ချင်ရင်
လုံးဝကိုလုပ်စရာမလိုပါဘူး

ဘာလို့လဲဆိုတော့ Sugar Daddy နှစ်ယောက်တောင်ရှိတယ်လေ

တယောက်ထဲတောင်မဟုတ် နှစ်ယောက်တောင်

Oh !Where stories live. Discover now