7x(Zawgyi&Unicode)

53.9K 1.5K 47
                                    

"ဒီစောင်ကကွာ... ရှုပ်လိုက်တာ"

ကုတင်ပေါ်မှာ ခေါက်ပြီးတင်ထားတဲ့စောင်ကို ကြည့်ပြီးအမြင်ကပ်လာကာ ကုတင်အောက်ကိုလွှင့်ပစ်လိုက်ပြီးမှ

"အင်း ဒါလေးကမှ ရှင်းရှင်းလင်းလင်း နဲ့ ဆွဲဆောင်မှုအပြည့်ရှိတာ ..
ခေါင်းဦးက ၃လုံး.. ၁လုံးသွားသိမ်းလိုက်ရမလား?
တော်ပါပြီ ဒီအတိုင်းပဲကောင်းတယ်"

ဦးမြတ်တယောက် ပြာယာခတ်နေလို့ ဘာများလုပ်နေသလဲ မှတ်ပါသည်

သစ်ရဲ့လက်ဆောင်ကိုယူဖို့ ကုတင်ကိုကြိုတင်ပြင်ဆင်နေတာကို..

သူ့စိတ်တိုင်းကျပြင်ပြီးမှ...

"Ok ငါ ရေချိုးထားဖို့ပဲ ကျန်တော့တယ်"

ရေချိုးနေရင်းနဲ့.. ကိုယ့်ကိုကိုယ် အပျိုဖြန်းလေးလို ရင်တွေခုန်လာတာကြောင့်

"သတိုးမင်းမြတ် မင်းမှားနေပြီ မင်းမှားနေပြီ
မင်းကလုပ်ရမှာလေ ဘာတွေရှက်နေတာလဲ?
မရှက်နဲ့... သစ်ကိုသာ ရှက်သွေးဖြာသွားအောင်လုပ်ပေးလိုက် "

ရေချိုးပြီး အပြင်ကို အထွက်

"အား!!!!"

"ဝုန်း!!!!"

                      😵😵😵😵

Cafeမှာ smsရပြီး ချက်ချင်း ထထွက်သွားတဲ့ ဦးမြတ်ကို လက်ဆောင်ပေးချင်လွန်းလို့
အိမ်ကိုဖင်တကြွကြွဖြစ်နေပေမယ့်

သူငယ်ချင်းဖြစ်သူက အရမ်းတွေ ဆွဲထားနေတာမို့

:မင်းအခုပြန်ရင် ခေါင်းနဲ့ကိုယ် အိုးစားကွဲမယ်မှတ်
ပြောစမ်း ဟိုခပ်ချောချောလူကြီးကဘယ်သူလဲ
မင်းကဘယ်လိုသိလာတာလဲ:

သူငယ်ချင်းရဲ့စကားကိုပြန်ကြားကာ သစ် ကြက်သီးတဖြန်းဖြန်းထသွားမိတော့သည်

နောက်ဆုံးတော့ အလုပ်ပြီးချိန်ရောက်လာပြီလေ
Sundayမို့လို့ ကျောင်းလဲသွားစရာမလို

အဟစ် အဟစ်

လက်ဆောင် အဝပေးလို့ရပြီ..

ကိုယ့်အတွေးနဲ့ကိုယ် ပျော်မြူးပြီး အိမ်ထဲကို အဝင်

တိတ်ဆိတ်နေတဲ့အိမ်ကြောင့် နည်းနည်းတော့ ကြောင်တောင်တောင်ဖြစ်သွားရတော့သည်

Oh !Where stories live. Discover now