သတိုး မျက်လုံးတွေက ငြိမ်နေကာ Doctorကို စိုက်ကြည့်ပြီး အဲ့ကောင်လေး အလုပ်လုပ်တုန်းက တင်ခဲ့တဲ့ဖူးတဲ့ CV Formနဲ့ ကိုယ်ရေးရာဇ၀င်ကို Doctorဘက်ကိုရွေ့ပေးလိုက်သည်
"တချက်လောက်ကြည့်ပေးပါဦး Doctor
မျက်ကြည်လွှာလှူခဲ့တာ သူလားလို့""ကျွန်တော်...."
"စိတ်ချပါဗျာ ကျွန်တော်တို့ ဒီအတိုင်း ခပ်သန့်သန့်လေးစုံစမ်းလာတာပါ"
"ဒီအချက်အလက်တွေကို ဘယ်လိုရလာတာလဲဗျ??"
"အာ.. Doctorက အရမ်းစိတ်၀င်စားနေတာပဲ
ဘာလို့လဲ ?? ကျွန်တော် သိသွားလို့လား"မျက်နှာပေးကိုဆော့ကာ မေးလိုက်တော့ မျက်မှန်အောက်က မျက်လုံးတွေက အနည်းငယ်ပြူးကျယ်သွားပေမယ့် အချိန်မှီ ပြန်ထိန်းလိုက်နိုင်ပုံပါပဲ
"ဟင်းဟင်း ခင်ဗျားက ထင်ထားတာထက် လက်ပိုသွက်သားပဲ ခင်ဗျား ဘယ်သူ့ဆီကရလာတာလဲ ကျွန်တော်သိပါတယ်ဗျာ ဘာလို့လာပြတာလဲလည်း ကျွန်တော်သိတယ် ဘယ်နှယ့်လဲ ကျွန်တော်က အရမ်းသိလွန်းမနေဘူးလား??"
"မဆန်းပါဘူးဗျာ ခင်ဗျားဇာတ်ကို ခင်ဗျားသိတာ မဆန်းပါဘူး ကျွန်တော် သိချင်တာလေးက အခုမှစမေးရမှာဗျ"
"ဆိုပါဦးဗျ"
"သစ်ကို ကျွန်တော်နဲ့ မတွေ့တွေ့အောင် ချိန်းပေးလိုက်တာ ခင်ဗျားမဟုတ်လား??"
"What??? ခင်ဗျား ဘာတွေလာမေးနေတာလဲ??"
"ခင်ဗျား ချထားတဲ့ ဇာတ်မဟုတ်ဘူးလား"
"ဒီမှာ သစ်ကို ခင်ဗျားတို့ဆီ ဘာလို့တွန်းပို့ရမှာလဲ
ကျွန်တော်က ကျွန်တော့်ညီလေးကို ချစ်လွန်းလို့ ကျွန်တော့်ရင်ခွင်ထဲမှာပဲထားချင်တာဗျ ခင်ဗျားတို့ကသာ ကျွန်တော့်ဆီက ဆွဲထွက်သွားတာ"စကားတွေအများကြဆက်ပြောကာ သတိုး အိမ်ကိုပြန်လာခဲ့လိုက်သည်
ဒီနေ့တော့ ရိပ်ကို အိမ်မှာပဲထားခဲ့လိုက်ကာ သစ်ကို သေချာဂရုစိုက်ခိုင်းခဲ့တယ်
ရိပ်က စိတ်မြန်လက်မြန်သမားဆိုတော့ တော်ကြာ တခုခု လွန်မှာလည်း ဆိုရတာကို