28x(Zawgyi&Unicode)

20.2K 787 9
                                    

"ပျင်းတယ် ပျင်းတယ် အိမ်မှာမနေချင်ဘူး ပျင်းတယ်"

အိမ်ထဲမှာနေရတာမှ တစ်ရက်နဲ့တစ်ပိုင်းပဲရှိသေးတာ သစ်တို့က တကိုယ်တော်ဆန္ဒပြနေသည်

ပြချင်တာပြပါ အပြင်တော့ပေးမထွက်နိုင် အရင်တခါလိုထပ်ဖြစ်ရင် ဒီလူနှစ်ယောက်က ဒီတခါတော့ တကယ်ရူးမှာ

မထိရက်မကိုင်ရက်လေးမို့ ဖူးဖူးမှုတ်ထားရပါတယ်ဆို သူက ဖြစ်လိုက်ရင် သေမင်းလက်တကမ်းတွေကြီးပဲ

"ဦးမြတ် သစ်ပြောပြမယ်ကွာ သစ်က အပြင်ကိုထွက်ချင်တာမဟုတ်ဘူးကွာ သိလား??"

သူ့ကိုစိတ်ပူလို့ ကိုယ်ပါ အလုပ်မသွားဖြစ်တော့ ဒီနားပူနားဆာဒဏ်ကို ခံရပေပေါ့

"အင်း"

"အပြင်မထွက်ချင်ဘူးကွာ အိမ်ထဲမှာမနေချင်တာ သိလား??"

"အင်း"

"အဲ့တော့ကွာ ဒီညနေအပြင်သွားရအောင်"

"No!"

တခွန်းထဲပါပဲ ဒါပေမယ့်Noတဲ့

ဘာဖြစ်လဲ ကိုယ့်ဟာကိုယ် နေချင်သလိုနေပစ်မယ်

Facebookလေးဖွင့်ပြီး ဟိုပွတ်ဒီပွတ်လုပ်လိုက်တာ
New feed မှာ *ချစ်လိုက်တာ မမတို့ကိုတော့ တကယ်idol coupleပဲ သဘောကျလိုက်တာ*ဆိုပြီး တွေ့လိုက်လို့ ဘယ်သူများလဲ ၀င်ကြည့်ကာမှ

ဟိုတနေ့က ကားတိုက်မိတဲ့တစ်ယောက်နဲ့ သူ့မိန်းမပဲ

ဒီလူကိုတွေ့ရင် ဘာလို့မှန်းမသိ သစ်မြင်ဖူးသလိုခံစားရသည်

စိတ်၀င်စားမှု levelလေးက နည်းနည်းမြင့်လာတော့
အဲ့တစ်ယောက် Accထဲ ၀င်ကြည့်လိုက်သည်

ဘာမှထွေထွေထူးထူးတင်ထားတာ မရှိတော့ Photosထဲ၀င်ပြီး စပ်စုမိသား

2016‌နောက်ပိုင်းလောက်တုန်းက Cover Photoမှာ Changeထားတဲ့ Group Photoလေးက သစ်ကို အရမ်းတွေဆွဲဆောင်လွန်းသည်

ထောင့်စွန်းမှာရပ်နေတဲ့ မျက်လုံးမှေးမှေးလေးနဲ့ကောင်လေးက တကယ်ကို ရုပ်ဆိုးသည်

အသားကလည်း ညိုစိမ့်စိမ့်နဲ့ဘယ်လိုမှကြည့်ရတာ အဆင်မပြေ တဖွဲ့လုံးက ရွက်ကြမ်းရေကျိုသာဖြစ်ပေမယ့် အဲ့ကောင်လေးကတော့ ထူးပြီးဆိုးနေသည်

Oh !Where stories live. Discover now