25x(Zawgyi & Unicode)

31.2K 905 33
                                    

Unicode

*စားကောင်းမယ့်အနံ့ရနေတယ်*

မျက်လုံးကလည်းမဖွင့်ချင် ဟင်းနံ့ရတဲ့နေရာကိုလည်းပြေးသွားချင်နဲ့ သစ်တ‌စ်ယောက်တည်း စိတ်နှစ်ခွဖြစ်နေကာ

*ဟာကွာ ဒီမျက်လုံးကလည်းမဖွင့်နိုင်ဘူး*

ခြေထောက်နှစ်ချောင်းကိုပွတ်တိုက်ကာ ဂျစ်တိုက်မိပြီး နှုတ်ခမ်းပါထော်ကာ ညည်းနေမိသည်

"ဟွန်းးးးး ဟွန့် အွန့်"

အပျင်းကြောဆန့်ကာ အိပ်ချင်မူးတူးနဲ့ထထိုင်လိုက်ပြီး ဆံပင်စုတ်ဖွားထဲကို လက်တွေထိုးထည့်ပြီးကုတ်လိုက် T-shirtအပွကို ဆွဲမကာ ဗိုက်ကိုလက်နဲ့ပွတ်ပြီးနောက်

အိမ်ချင်မူးတူးနဲ့ ယိုင်တိ့ယိုင်နဲ့လျှောက်ကာ

"ဘယ်သူဘာတွေချက်နေတာလဲ ဗိုက်ဆာတယ်"

ထမင်းစားခန်းထဲကို လေးဖက်ထောက်မသွားရုံတမယ် ယိုင်ယိုင် ယိုင်ယိုင်နဲ့ရောက်သွားပြီး အော်မေးလိုက်သည်

"ရိပ်ရေ မင်းအဆိုးလေးနိုးလာပြီ"

သစ်ကတော့ တဝါးဝါးအသန်းမပျက်ပဲ လက်ကလေးပြကာ

"Hello ဘဲကြီးတို့ ဘာတွေချက်နေကြတာလဲ"

"မင်းအတွက် မနက်စာပြင်ပေးနေတာ မျက်နှာသစ်ပြီးလာစားချည်"

"ဘာကြီးပြင်ထားတာလဲ"

သစ် မျက်လုံးကိုပြူးပြဲဖွင့်ကာ စားပွဲပေါ်လှမ်းကြည့်လိုက်တော့

"ဝါးးးးးးးးးးးးဥ  သစ် မုန့်ဟင်းခါးကြိုက်တာ ဘယ်လိုသိကြလဲ"

"အိမ်ကိုပြန်လာတဲ့အချိန်တိုင်း လမ်းထိပ်က မုန့်ဟင်းခါးဆိုင်ကို သရေတွေနဲ့ငေးနေတာ ငါတို့ကမမြင်ဘူးမှတ်လို့လား"

စကားပြောမချိုသာတဲ့ရိပ်ကို မျက်စောင်းခဲကာ လှမ်းကြည့်လိုက်ပြီး

"ချက်ကျွေးလို့ကျေးဇူးတင်မလို့ဟာကို လူကို စိတ်တိုအောင်လာလုပ်နေတယ်"

ဖင်လေးတခါခါတရမ်းရမ်းနဲ့ ပြန်လှည့်သွားတဲ့သစ်ကိုကြည့်ကာ ညီအကိုနှစ်ယောက်လုံး ပါးစပ်အဟောင်းသား

Oh !Where stories live. Discover now